Dec 04, 2023
နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့အတွက် တိုင်းပြည်တာဝန်ထမ်းဆောင်ရင်း အသက်ပေးကျဆုံးသွားခဲ့သည့် ခေတ်အဆက်ဆက်မှ ကျဆုံးစစ်သည်များအား ဒသမအကြိမ်မြောက် အောက်မေ့ဖွယ်ရာ ဂါရဝပြုဆုတောင်းပွဲနှင့် အလေးပြုခြင်းအခမ်းအနားအား ဒီဇင်ဘာ ၃ ရက် နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေရှိ သူရဲကောင်းဗိမာန်၌ကျင်းပရာ အခမ်းအနားသို့ တက်ရောက်လာကြသူများ၏ စကားသံများကို ဖော်ပြပေးလိုက်ရပါသည်။
Dec 04, 2023
ရန်ကုန်တိုင်းဒေသကြီး မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကော်မတီမှ ကြီးမှူးကျင်းပသော ၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ကို ယနေ့ နံနက်ပိုင်းတွင် ဒဂုံမြို့နယ်ရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသင်တန်းကျောင်းမှ လူငယ်မောင်မယ်များ တက်ရောက်ကြသည်။
Dec 04, 2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်ရှိ စက်စက်ယိုရေလွှဲဆည် ထိန်းသိမ်းထားရှိမှုနှင့် စက်စက်ယိုချောင်းတစ်လျှောက် ရေကိုထပ်မံထိန်းသိမ်းသိုလှောင်နိုင်ရေး စီမံဆောင်ရွက်နိုင်ရန် ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာလိုအပ်ချက်များ ဆွေးနွေးမှာကြားသည်။
Dec 04, 2023
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ရန်ကုန်တိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော်ဆောင်ရွက်နေသည့် သမဝါယမလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးသည်။
Dec 04, 2023
နိုင်ငံတော်အတွင်း စပါးခွံလောင်စာသုံး Gasifier များမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် စက်ရုံများတွင် နည်းပညာများအဆင့်မြှင့်တင်ရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးထိခိုက်မှုမရှိအောင် နည်းစနစ်တကျအသုံးပြုနိုင်ရေးအတွက် စက်မှုဝန်ကြီးဌာန၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ဆက်စပ်ဌာနများ၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းကာ လုပ်ငန်းစဉ်များကိုချမှတ်၍ သတ်မှတ်ကာလအတွင်း သက်ဆိုင်ရာဌာနအလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
Dec 04, 2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ နိုင်ငံ့ဝန်ထမ်းများကို နည်းပညာများ၊ အသိပညာများ မြှင့်တင်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဘာသာရပ်များအလိုက် မွမ်းမံသင်တန်းများကို စဉ်ဆက်မပြတ် စီမံဆောင်ရွက်ပေးလျက်ရှိရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယမန်နေ့က ဆည်မြောင်းပညာရပ်ဖွံ့ဖြိုးမှုလေ့ကျင့်ရေးဌာနခွဲနှင့် ဗဟိုစိုက်ပျိုးရေးသုတေသနနှင့် လေ့ကျင့်ပညာပေးဌာနများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Dec 04, 2023
၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II)၌ကျင်းပရာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
Dec 04, 2023
ဤမြေကမ္ဘာတွင် နေထိုင်သည့်လူသားတစ်ဦးပင်ဖြစ်သော်လည်း ဘဝကံကြမ္မာအကျိုးပေးကြောင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာချို့ယွင်းနေသူများရှိကြသည်။ လူလူချင်းဖြစ်သော်လည်း ဘဝအကျိုးပေးကြောင့် ချို့ယွင်းအားနည်းသူများကို စာနာထောက်ထား ဖေးမကူညီမှုများ ပြုလုပ်ပေးကြရမည်ဖြစ်သလို မသန်သော်လည်း စွမ်းဆောင်ရည်ပြည့်ဝသည့် လူသားတစ်ဦးအဖြစ် အားပေးကူညီပေးပြီး အများတန်းတူ ကြိုးပမ်းဆောင်ရွက်နိုင်အောင် ပြုလုပ်ကြရမည်ဖြစ်သည်။
Dec 04, 2023
ကမ္ဘာ့လူဦးရေ တစ်ဘီလီယံကျော်သည် မသန်စွမ်းမှုတစ်မျိုးမျိုးကို ခံစားနေကြရသူများဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းထုတ်ပြန်သည့် အစီရင်ခံစာတစ်ရပ်အရ သိရသည်။ အဆိုပါအရေအတွက်သည် ကမ္ဘာ့လူဦးရေ၏ ၁၅ ရာခိုင်နှုန်းခန့်ရှိပြီး နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု၊ ဆင်းရဲဒုက္ခအမျိုးမျိုးနှင့် ကြုံတွေ့နေရပြီး အခွင့်အရေးများဆုံးရှုံးမှုတို့ကို ခံစားနေကြရသည်။ ကမ္ဘာ့မသန်စွမ်းသူအားလုံး၏ ၈၀ ရာခိုင်နှုန်းကျော်မှာ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ရှိနေကြခြင်းဖြစ်သည့်အလျောက် ပိုမို၍ ထိခိုက်ခံစားကြရသည်ဟုလည်း ဆိုသည်။
Dec 03, 2023
ကျွန်တော်တို့ ဒီနေ့မှာတော့ နယ်စပ်ဒေသတွေမှာ တရားမဝင်ဝင်ရောက်နေထိုင်တဲ့ နိုင်ငံခြားသားများ ပြန်လည်လွှဲပြောင်းမှုအနေနဲ့ အမျိုးသား ၁၅၈ ဦး၊ အမျိုးသမီး ၁၀ ဦး၊ စုစုပေါင်း ၁၆၈ ဦးကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ တာဝန်ရှိသူများထံ လွှဲပြောင်းပေးနိုင်ခဲ့ပါတယ်။ စုစုပေါင်းလွှဲပြောင်းပေးမှု ၁၀၉၅၂ ဦးရှိပြီးဖြစ်ပါတယ်။
Dec 03, 2023
အကြမ်းဖက်သမားများအနေဖြင့် ဒေသတွင်းတည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်နှင့် ကုန်စည်စီးဆင်းမှုများ ရပ်တန့်စေရန် ရည်ရွယ်၍ စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားများနေထိုင်ရာ ရပ်ကွက်များ၊ မြို့၊ ရွာများ၊ ပညာရေးကျောင်းများ၊ သာသနိကအဆောက်အဦများအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခြင်း၊ အများပြည်သူအသုံးပြုသွားလာလျက်ရှိသည့် လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ နိုင်ငံတော်ပိုင်ပစ္စည်းများအား အဓမ္မယူဆောင်ခြင်း၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာနေထိုင်လျက်ရှိသည့် အပြစ်မဲ့ပြည်သူများအားလည်း အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်ခြင်း၊ သတ်ဖြတ်ခြင်း စသည့်ဖြင့် အကြမ်းဖက်လုပ်ရပ်များကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသည်။
Dec 03, 2023
တပ်မတော်သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပေးရေးအတွက် အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များကို ချေမှုန်းတိုက်ခိုက်လျက်ရှိရာ နိုင်ငံတော်ကာကွယ်ရေးအတွက် ခွင့်ပြုပါက တပ်မတော်တွင် ပြန်လည်တာဝန်ထမ်းဆောင်လိုကြောင်း ခွင့်မဲ့/စစ်ပြေး စစ်သည်များက ဆက်သွယ်တင်ပြလာမှုများအရ သတ်မှတ်ကာလနှင့် အကျုံးဝင်သည့် စစ်သည်များကို သက်ဆိုင်ရာ သို့မဟုတ် နီးစပ်ရာတပ်များတွင် ပြန်လည်လက်ခံပေးသွားမည်ဖြစ်ကြောင်းနှင့် စစ်မှုထမ်းဆောင်ရန် ဆန္ဒပြုသည့် သာမန်ပြစ်မှုကျူးလွန်သူ တပ်မတော်သားများကို ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Dec 03, 2023
နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများအပါအဝင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး အချို့သောပြည်ပနိုင်ငံသားများအနေဖြင့် နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိကြောင်း သိရှိရသည့်အတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ လိုအပ်သည့် စိစစ်မှုများပြုလုပ်ကာ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်လျက်ရှိပါသည်။
Dec 03, 2023
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Dec 03, 2023
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်နေကြသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်များနှင့် ၎င်းတို့၏ မိသားစုဝင်များအားလုံးကို ငြိမ်းချမ်းရေးလိုလားသည့် ပြည်သူများက အားပေးထောက်ခံလျက်ရှိကြသည်။
Dec 03, 2023
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင် ပြည်သူများက အလှူငွေများ ပေးအပ်လှူဒါန်းလျက်ရှိသည့်အပြင် စားသောက်ဖွယ်ရာများကိုလည်း ပေးပို့လှူဒါန်းလျက်ရှိသည်။
Dec 03, 2023
နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့အတွက် တိုင်းပြည်တာဝန်ထမ်းဆောင်ရင်း အသက်ပေးကျဆုံးသွားခဲ့သည့် ခေတ်အဆက်ဆက်မှ ကျဆုံးစစ်သည်များအား အောက်မေ့ဖွယ်ဂါရဝပြုဆုတောင်းပွဲနှင့် အလေးပြုခြင်းအခမ်းအနားအား ဒဿမကြိမ်မြောက်အဖြစ် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ သူရဲကောင်းဗိမာန်(နေပြည်တော်)၌ ကျင်းပပြုလုပ်သည်။
Dec 03, 2023
ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်း၊ ပြည်မြို့တွင် ပေးသွင်းပြီးသား လျှပ်စစ်မီတာခတွေကို အကြွေးကျန်ဆိုပြီး တစ်အိမ်ကို ကျပ် ၅ သိန်းကျော် ပေးဆောင်ရကာ မပေးနိုင်တဲ့အိမ်ရှိ မီတာတွေကို လျှပ်စစ်ဝန်ထမ်းများက လိုက်လံဖြုတ်သိမ်းနေကြောင်း၊ ၂၀၂၁ ခုနှစ်က မီတာသုံးစွဲမှု အခွန်အခတွေပေးဆောင်ဖို့ကျန်တယ်ဆိုပြီး ထပ်မံဆောင်ခိုင်းခြင်းဖြစ်ကြောင်း၊ ပြည်သူများက လျှပ်စစ်အသုံးပြုခငွေပေးသွင်းထားတဲ့ ဖြတ်ပိုင်းတွေတင်ပြပေမဲ့ အဲ့ဒီအချိန်က တာဝန်ကျဝန်ထမ်းတွေမရှိတော့တဲ့အတွက် တရားမဝင်ဘူးဆိုပြီး ထပ်မံကောက်ခံနေတာဖြစ်ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာတစ်ခုမှ လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Dec 03, 2023
ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ ဧရာကျေးရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရဲတပ်ဖွဲ့ဝင်များက ၃ လလျှင်တစ်ကြိမ် ငွေကြေးကောက်ခံမှုများကို ပြုလုပ်လျက်ရှိပြီး ကမ်းဝေးငါးဖမ်းစက်လှေပိုင်ရှင်များထံမှ စက်လှေတစီးလျှင် ငွေကျပ် ၅ သိန်း ကောက်ခံနေသည်ဟု မဟုတ်မမှန် ကောလာဟလသတင်းမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Mizzima မှ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရပါသည်။
Dec 03, 2023
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော်မြတ်ကြီး တောင်ဘက်မုခ်ရှိ တပ်မတော်ဓမ္မာရုံဝင်းအတွင်း စနေအထူးစုပေါင်း သန့်ရှင်းသာယာသပ်ရပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဓမ္မာရုံဝင်းအတွင်း မြေထိန်းနံရံများရှိ ရေညှိများနှင့် တွယ်ကပ်ပင်များ၊ အဆောက်အအုံအမိုးပေါ်ရှိ အမှိုက်များနှင့် အဆောက်အအုံနှင့် ထိစပ်နေသည့်သစ်ကိုင်းများ ရှင်းလင်းဖယ်ရှားရန်မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
