Dec 03, 2023
အိန္ဒိယနိုင်ငံ မတ်ဒရာပရာဒက်ရှ်ပြည်နယ် ဘိုပါးမြို့ရှိ အမျိုးသားတရားစီရင်ရေးအကယ်ဒမီ (National Judicial Academy-NJA) တွင် ဒီဇင်ဘာ ၄ ရက်မှ ၇ ရက်အထိ စတုတ္ထအကြိမ်မြောက်အဖြစ် ဖွင့်လှစ်မည့် “တရားသူကြီး များနှင့် တရားရေးအရာရှိများအတွက် စွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းအစီအစဉ်”သို့ တက်ရောက်ရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ဒုတိယညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ဦးစီးအရာရှိများနှင့် တရားရုံးအဆင့်ဆင့်ရှိ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့် တရားသူကြီးများ၊ တရားရေးအရာရှိများ ပါဝင်သည့် သင်တန်းသား ၄၀ သည် ယနေ့နံနက် ၇ နာရီ ၂၅ မိနစ်တွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ အိန္ဒိယနိုင်ငံသို့ ထွက်ခွာသွားသည်။
Dec 03, 2023
၂၀၂၃ ခုနှစ်၊ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဆောင်ပုဒ်
Dec 03, 2023
၂၀၂၃ ခုနှစ်၊ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ
Dec 03, 2023
ခြေခင်းလက်ခင်းသာ၍ ရာသီဥတုအေးမြသည့် ဆောင်းလဒီဇင်ဘာကို လူထုအားကစားလအဖြစ် သတ်မှတ်ပြီး အပတ်စဉ်နံနက်ခင်း စုပေါင်းလမ်းလျှောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားခြင်းတို့ ပြုလုပ်ခဲ့သည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ ကိုယ်ရောစိတ်ပါ ကျန်းမာကြံ့ခိုင်ပျော်ရွှင်နိုင်စေရန်အတွက် လူတိုင်းလူတိုင်းက မိမိတို့နှင့်ကိုက်ညီမည့် ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းများကို ပုံမှန်ပြုလုပ်ကြခြင်းဖြင့် ကောင်းကျိုးများစွာရရှိနိုင်သည်။ ငွေကုန်ကြေးကျသက်သာစွာ ပုံမှန်လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းကြောင့် ရရှိနိုင်သော ကျန်းမာရေးအကျိုးကျေးဇူးက တန်ဖိုးကြီးဆေးဝါးများ သုံးစွဲခြင်းထက်ပင်ပိုမိုသည်ဟု ကျန်းမာရေးပညာရှင်များက ဆိုသည်။
Dec 03, 2023
မြန်မာ့ရှေးဟောင်းမြို့ပြနိုင်ငံများတွင် တွေ့ရှိခဲ့သည့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ စာပေ၊ ယဉ်ကျေးမှု အထောက်အထားများနှင့် အိမ်နီးချင်းနိုင်ငံများ၏ ခေတ်ပြိုင်ယဉ်ကျေးမှု အထောက်အထားများအရ မြန်မာနိုင်ငံသည် ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားသည့် နိုင်ငံဖြစ်သည်။ ဘာသာစကားဆိုင်ရာ ဂုဏ်မြောက်မှုများ၊ တန်ဖိုးကြီးမားသည့် ယဉ်ကျေးမှုများ၊ သိမ်မွေ့နက်နဲသည့် အနုသုခုမပညာရပ်များဖြင့် ကိုယ်ပိုင်အမျိုးသားယဉ်ကျေးမှုဂုဏ်ဒြပ်များကို ခိုင်ခိုင်မာမာတည်ဆောက်ထားသော နိုင်ငံဖြစ်သည်။
Dec 02, 2023
နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများအပါအဝင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး အချို့သောပြည်ပနိုင်ငံသားများအနေဖြင့် နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိကြောင်း သိရှိရသည့်အတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ လိုအပ်သည့်စိစစ်မှုများပြုလုပ်ကာ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်လျက်ရှိသည်။
Dec 02, 2023
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Dec 02, 2023
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင် ပြည်သူများက အလှူငွေများ ပေးအပ်လှူဒါန်းလျက်ရှိသည့်အပြင် စားသောက်ဖွယ်ရာများကိုလည်း ပေးပို့လှူဒါန်းလျက်ရှိသည်။
Dec 02, 2023
မိမိတို့၏ နေ့စဉ်လူမှုဘဝနေထိုင်ဖြတ်သန်းရာတွင် ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်နေမှသာ ကိုယ်စိတ်နှလုံးချမ်းမြေ့ပြီးမျက်စိပသာဒဖြစ်ဖွယ်ရာ သန့်ရှင်းသာယာလှပသော မြို့၊ ရွာ Clean city၊ Clean Village များဖြစ်လာမည်ဖြစ်ကာ ကျန်းမာရေးနှင့်ညီညွတ်မျှတမည်ဖြစ်သည့်အတွက် မိမိဒေသ၊ မိမိမြို့ရွာသန့်ရှင်းသာယာရေးကိုဒေသခံများ၊ ဒေသတွင်တာဝန်ထမ်းဆောင်နေကြသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် စည်ပင်သာယာရေးတာဝန်ရှိသူများက မဖြစ်မနေဆောင်ရွက်ကြရမည် ဖြစ်ပါသည်။
Dec 02, 2023
ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ ရန်ကုန်တိုင်းလွှတ်တော်အနီးတွင် ဒီဇင်ဘာ ၁ ရက်နေ့ ညပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်အတွင်းထဲသို့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်းနှင့် တောင်ငူလေတပ်အတွင်းသို့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ လေယာဉ်ထားသည့် ဂိုဒေါင်ရှေ့ကျရောက်ပေါက်ကွဲခဲ့ကြောင်း စသည့်အခြေအမြစ်မရှိသော သတင်းတု သတင်းအမှားများအား ခေတ်သစ်မီဒီယာမှ လုပ်ကြံဖန်တီး၍ ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
Dec 02, 2023
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်နှင့် ဝေါမြို့နယ်တို့တွင် ပြည်သူ့စစ်များက တပ်ဖွဲ့ဝင်သစ်များ ရှာဖွေစုဆောင်းရန် ကျေးရွာအုပ်ချုပ်ရေးမှူးများကို စေခိုင်းနေပြီး ၎င်းတို့နှင့်နီးစပ်သည့် လူငယ်များအား စစ်ကြောင်းထိုးသည့်အချိန် စည်းရုံးခြင်း၊ ခေါ်မရပါက အုပ်ချုပ်ရေးအဖွဲ့ဝင်ဟောင်းများအား လုံခြုံရေးအတွက် လူစုရန်ဖိအားပေးခြင်း စသည့် မဟုတ်မမှန်သတင်းများအား လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
Dec 02, 2023
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်၊ ကဗွီးနှစ်ပင်ကျေးရွာအတွင်းသို့ နိုဝင်ဘာ ၃၀ ရက်နေ့နံနက်ပိုင်းတွင် တပ်မတော်မှစစ်ကြောင်းဝင်ရောက်လာပြီး အရပ်သားပြည်သူများအား ဖမ်းဆီးစစ်ဆေးခြင်း၊ ဆိုင်ကယ်များတားဆီးစစ်ဆေးပြီး လိုင်စင်မရှိသည့် ဆိုင်ကယ်များအား ဖမ်းဆီးငွေကြေးတောင်းခံခြင်း၊ ဒေသခံနေအိမ်များကို ဝင်ရောက်မွှေနှောက်ကာ တန်ဖိုးရှိပစ္စည်းများနှင့် မွေးမြူထားသည့် တိရိစ္ဆာန်များကို အတင်းအဓမ္မ ယူဆောင်သွားခြင်းတို့ကို လုပ်ဆောင်ခဲ့ကြောင်းဖြင့် လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
Dec 02, 2023
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် လူတစ်ဦးချင်းမှအစပြု၍ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရေးနှင့် မြန်မာ့အားကစားလောကအဆင့်အတန်း တိုးတက်မြင့်မားစေရေးအတွက် ရည်ရွယ်၍ “၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ်စုပေါင်းလမ်းလျှောက်ပွဲ”ကို ယနေ့နံနက် ၅ နာရီ ၄၅မိနစ်တွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပသည်။
Dec 02, 2023
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးဦးတင်ဦးနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပဲခူးမြို့ မြို့မဈေးတွင် ပဲခူးတိုင်းဒေသကြီး MSME Agency မှ ခင်းကျင်းပြသရောင်းချလျက်ရှိသည့် MSME ထုတ်ကုန်ပြခန်းနှင့် အရောင်းစင်တာများကို ကြည့်ရှုစစ်ဆေးပြီး ထုတ်ကုန်ပစ္စည်းများ အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်းချိုသာစွာ ရောင်းချနိုင်ရေး၊ ဆွဲဆောင်မှုရှိသည့်ထုပ်ပိုးမှုစနစ်ဖြစ်အောင် ဆောင်ရွက်ရေးနှင့် ထုတ်လုပ်မှုတိုးမြှင့်ရေးမှာကြားသည်။
Dec 02, 2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယမန်နေ့ မွန်းလွဲပိုင်းတွင် တပ်ကုန်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တပ်ကုန်း-ရွှေမြို့ မွေးမြူရေးဇုန်၌ ဆောင်ရွက်လျက်ရှိသည့် မြေသားရေလှောင်ကန် တည်ဆောက်ခြင်း လုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးရာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းက မွေးမြူရေးနှင့်ပတ်သက်၍ ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းဆောင်ရွက် ချက်များကိုလည်းကောင်း၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများကအလျား ပေ ၃၃၀ ၊ အမြင့် ၃၆ ပေ မြေသားရေလှောင်ကန် တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
Dec 02, 2023
အမျိုးသား စံချိန်စံညွှန်းကောင်စီအစည်းအဝေး (၁/၂၀၂၃)နှင့် စံချိန်စံညွှန်းလုပ်ငန်းကော်မတီ (၂/၂၀၂၃) အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အမျိုးသားစံချိန်စံညွှန်းကောင်စီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က နိုင်ငံတော်အတွက် အရည်အသွေးရှိ အခြေခံအဆောက်အအုံ၊ National Quality Infrastructure တည်ဆောက်ရန်လိုအပ်သည့် စံချိန်စံညွှန်းများပေါ်ထွက် ပြဋ္ဌာန်းသတ်မှတ်နိုင်ရေး ဆောင်ရွက်ရန်ပြောကြားသည်။
Dec 02, 2023
အလုပ်သမား ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူ များနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း၌ လျှပ်စစ်သွယ်တန်း တပ်ဆင်ခြင်းသင်တန်းနှင့် မော်တော်ယာဉ် ပြုပြင်သင်တန်း ပို့ချနေမှုကို သွားရောက်ကြည့်ရှု အားပေးသည်။
Dec 02, 2023
မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှု ဗဟိုကော်မတီဥက္ကဋ္ဌ၊ ဗဟိုသန်းခေါင်စာရင်း ကော်မရှင်ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မွန်ပြည်နယ် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မော်လမြိုင်မြို့ ပြည်နယ် အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ မွန်ပြည်နယ်အစိုးရ အဖွဲ့အဖွဲ့ဝင်များ၊ မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များ၊ သန်းခေါင်စာရင်း ကြီးကြပ်မှု ကော်မတီဝင်များနှင့်တွေ့ဆုံသည်။
Dec 02, 2023
“မသန်စွမ်းသူ”ဆိုသော စကားမှာရုပ်ပိုင်းဆိုင်ရာ သို့မဟုတ်စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ရှိနေသူကိုခေါ်ဆို၏။ ၎င်းချို့ယွင်းချက်များမှာ လူသားတို့မွေးကင်းစအရွယ် သို့မဟုတ် လူတစ်ဦး၏ နေထိုင်ရှင်သန်ရာကာလအတွင်း ဖြစ်ပေါ်ခံစားရသည်။ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ ဉာဏ်ရည်ပိုင်းဆိုင်ရာနှင့် အာရုံခံစနစ် ချို့ယွင်းချက်တို့သည် လူ့အဖွဲ့အစည်း အတွင်း ထိရောက်စွာပါဝင်မှုကို ဟန့်တားစေသည်။ မသန်စွမ်းဆိုသည်ကို အလွယ်တကူ ကောက်ချက်ချရမည်ဆိုလျှင်မျက်စိမမြင်၊ နားမကြားခြင်းနှင့် ခြေလက်အင်္ဂါအစိတ်အပိုင်းများ ပျက်စီးခြင်းတို့ပင် ဖြစ်သည်။ သာမန်မမြင်နိုင်၊ မသိနိုင်သော ဉာဏ်ရည်မမီမှု၊ အာရုံစူးစိုက်မှု အားနည်းမှု၊ စကားမပြောတတ်မှုတို့ကိုလည်း မသန်စွမ်းဟုခေါ်ဆိုနိုင်၏။ ထို့ပြင်ပန်းနာရင် ကျပ်ရောဂါ၊ ဝက်ရူးပြန်ရောဂါ၊ အဆစ်အမျက်ရောင်ရောဂါနှင့်နာတာရှည် ပင်ပန်းနွမ်းနယ်မှု ရောဂါတို့ကိုလည်း မသန်စွမ်းဟု ခေါ်ဆိုနိုင်ကြောင်း လေ့လာသိရှိရသည်။
Dec 02, 2023
၂၀၂၄ ခုနှစ် ပဲရာသီအတွက် အစောဆုံးထွက်ရှိလာသည့် ပေါ်ဦးပေါ်ဖျား ဆောင်းမတ်ပဲများ မန္တလေးဈေးကွက်အတွင်း စတင်ဝင်ရောက်လာကာ အရောင်းအဝယ်များ ကောင်းမွန်နေကြောင်း မန္တလေးပဲကုန်သည်များထံမှ သိရသည်။
