လွယ်လွယ်ကူကူ အနွတ္ထသညာခေါ်စရာအဖြစ် သူတို့ကို “ငို့ဘသမားတွေ” (အတ္တကြီးသူတွေ)လို့ပဲ ခေါ်လိုက်ပါရစေ။ သူတော်ကောင်းယောင်ဆောင်ထားတဲ့ ကြောင်သူတော်ကြွက်သူခိုး အဲဒီလူတွေဟာ တတိယကမ္ဘာ့နိုင်ငံတွေအပေါ် ဆရာကြီးလုပ်လိုက်၊ ဖိအားပေးလိုက် လုပ်နေကြတဲ့ ဂျီနီဗာနဲ့ နယူးယောက်မြို့ကြီးတွေမှာရှိတဲ့ ဆင်စွယ်နန်းတော်ကြီးတွေထဲက ပုဂ္ဂိုလ်ကြီးတွေပါပဲ။