ပန်းတိုင်းပွင့်ပါစေ
၁. ၄. ၂၀၂၄(တနင်္လာနေ့) နေ့လယ် ၁ နာရီက နေပြည်တော်ရှိ အမှတ်(၂) တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်ခန်းမ၌ (၇၇)နှစ်မြောက် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး နှစ်ပတ်လည်နေ့အခမ်းအနားတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အနုပညာရှင်များ၊ ရုပ်ရှင်နှင့် သဘင်ဂီတအနုပညာရှင်များပူးပေါင်း၍ ဂုဏ်ပြုဖျော်ဖြေတင်ဆက်မှုများထဲမှ “ပန်းတိုင်းပွင့်ပါစေ”တိုင်းရင်းသားပေါင်းစုံ တေးသရုပ်ဖော် အဆို၊ အက၊ အလှများ ပါဝင်ခဲ့ကြပါသည်။
တစ်ချိန်က ရန်ကုန်မြို့ ကျိုက္ကဆံကွင်းကြီးထဲတွင် ပြည်ထောင်စု နေ့တိုင်း တင်ဆက်ကပြသီဆိုခဲ့ကြသည်ကို ပြန်လည်မြင်ယောင် ကြားယောင်သွားခဲ့ပါသည်။
