Skip to main content

လူရည်ချွန်မှသည် အနာဂတ်တိုင်းပြည်ဆီသို့

နိုင်ငံတော်၏ လူမှုရေးဦးတည်ချက် တတိယအချက်တွင် “နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များ ဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး”ဟူ၍ ချမှတ်ထားရှိပြီး လူငယ်ပြုစုပျိုးထောင်ရေးလုပ်ငန်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် ပညာရေးဝန်ကြီးဌာနသည် အခြေခံပညာရေးနှင့် အဆင့်မြင့်ပညာရေးကဏ္ဍ နှစ်ရပ်စလုံးအတွက် ဗလငါးတန်တည်းဟူသော ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလတို့နှင့်ပြည့်စုံသော လူငယ်များပြုစုပျိုးထောင်ရေးကို အဓိကထားဆောင်ရွက်လျက်ရှိပြီး လူရည်ချွန်စီမံကိန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။

နွေရာသီနှင့် အပူဒဏ်ကာကွယ်နိုင်ရေး

နိုင်ငံတစ်ဝန်း၌ မတ်လနှောင်းပိုင်းကတည်းက အပူချိန်တရိပ်ရိပ်မြင့်တက်လာလျက်ရှိသည်။ အယ်လ်နီညိုဖြစ်စဉ်ကြောင့် တချို့သောဒေသများတွင် အပူချိန် စံချိန်တင်မြင့်တက်လျက် ရှိသည်။ မတ် ၃၁ ရက်တွင် ချောက်၊ မင်းဘူး၊ မကွေးနှင့် တောင်တွင်းကြီးမြို့များ၏ အပူချိန်သည် ၄၂ ဒီဂရီဆဲလ်စီးယပ်ဖြစ်သည်။ အပူချိန် ၄၀ ဒီဂရီဆဲလ်စီးယပ်လောက်သည်ပင်လျှင် လွန်စွာပူပြင်းလှပါသည်။ နေ့စဉ်မြင့်တက်လျက်ရှိသော အပူချိန်ကြောင့် ယခုရက်ပိုင်အတွင်း မိုးလင်းကတည်းက ချွေးတဒီးဒီးကျပြီး နေရထိုင်ရခက်လာသည်။ လူတိုင်း၏နှုတ်ဖျားတွင် ပူလိုက်တာဆိုသောစကားကိုပဲ နေ့စဉ်ကြားနေရသည်။ မွန်းလွဲပိုင်းအပူချိန်သည် နေတစ်စင်းတည်းမှ ဟုတ်ရဲ့လားဟုပင် ထင်ရသည်။ လူကြီး၊ လူငယ်အားလုံး အပူဒဏ်ကို အလူးအလဲခံနေကြရသည်။

လူငယ်တွေကို အန္တရာယ်ထဲတွန်းပို့နေတဲ့ ဂိမ်းတွေကို . . . သတိပြု

ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။

နွေဥတုနှင့်ကျန်းမာရေး တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ပေး

တိုင်းရင်းဆေးပညာ အမြင်အရ နွေဥတု၏ သဘောသဘာဝများ၊ နွေဥတုတွင် အပြင်လောကဓာတ်နှင့် ကျန်းမာသည့်သူများ၏ ပကတိပုံမှန်လက္ခဏာများ၊ ကံ၊ စိတ်၊ ဥတု၊ အာဟာရ သမုဋ္ဌာန်အလိုအရ ပြုမူနေထိုင်စားသောက်ရမည့် အခြေအနေများနှင့် နွေဥတုတွင် ဖြစ်တတ်သော ရောဂါအချို့ကို တိုင်းရင်းဆေးဖြင့် ကာကွယ်စောင့်ရှောက်ခြင်းနှင့် ဆောင်ရန်၊ ရှောင်ရန်များကို သိရှိနိုင်စေရန် ကျန်းမာရေးဗဟုသုတ မျှဝေခြင်းအလို့ငှာ ရေးသားလိုက်ရပါသည်။

မေလမှာ မုန်တိုင်းဝင်ရောက်နိုင်ခြေရှိခြင်း …

မြန်မာနိုင်ငံဟာ သဘာဝဘေးအန္တရာယ်တွေအနက် လေပြင်းမုန်တိုင်းဒဏ်နဲ့ ရေကြီးရေလွှမ်းမိုးတဲ့အန္တရာယ်ကို မကြာခဏခံစားကြရပြီး လေပြင်းမုန်တိုင်းကိုတော့ ရခိုင်ပြည်နယ်က နှစ်စဉ်လိုပဲခံစားရတာကို တွေ့ရပါတယ်။ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းက စတင်ဖြစ်ပေါ်လာတဲ့ မုန်တိုင်းကြီးတွေဟာ မြောက်ဘက်ကိုရွေ့လျားပြီး အိန္ဒိယနိုင်ငံ အရှေ့ပိုင်းကမ်း‌ခြေ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းနဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ကမ်းရိုးတန်းအတိုင်း ထွက်ပေါက်ရှာတိုက်ခတ်တဲ့သဘော ရှိပါတယ်။ ပင်လယ်ကမ်းခြေတစ်ခုခုမှ ပြင်းထန်တဲ့အရှိန်အဟုန်နဲ့ လမ်းကြောင်းသင့်ရာ ဖြတ်ကျော်တိုက်ခတ်ပြီး ထွက်ပေါက်ရရှိတဲ့ နေရာကနေ ကုန်းတွင်းကိုဝင်ရောက်တဲ့သဘောကို တွေ့ရှိရပါတယ်။
Subscribe to