Skip to main content

ကျေးလက်နေပြည်သူများအားထားရာ မြစိမ်းရောင်ဆီမှာ

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်သည်။ ကျေးလက်နေပြည်သူများ၏ အဓိက အသက်မွေး ဝမ်းကျောင်းလုပ်ငန်းမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာလုပ်ငန်းများ ဖြစ်ပါသည်။ မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်သည် ကျေးလက်ဒေသများတွင် နေထိုင်ကြသူများ ဖြစ်ကြသည်။

စာပေအသက် ဘဝတစ်သက်

“ကိုအောင်ရေ... ပြီးခဲ့တဲ့ ဧပြီလ ၁ဝ ရက်နေ့က ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ စာကြည့်တိုက်တွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စာအုပ်စာစောင်တွေနဲ့ အလှူငွေပေးအပ်ပွဲ အခမ်းအနားကတော့ တိုင်းပြည်အတွက် အကျိုးအရှိဆုံးနဲ့ အကောင်းဆုံးလုပ်ဆောင်ချက်လို့ ငါတော့ခံစားမိတယ်ကွာ။ ငါ့တစ်သက်နဲ့တစ်ကိုယ် နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင်ဦးစီးပြီး ဒီလိုဆောင်ရွက်တာမျိုး တစ်ခါမျှမတွေ့ဖူး၊ မကြုံဖူးဘူး။ အဲနောက်ပြီး နိုင်ငံတော်ထဲမှာရှိတဲ့ ဒို့နိုင်ငံသားတွေ ပညာရေးနဲ့ပတ်သက်ပြီး ဘယ်လောက်အားနည်းနေတယ်ဆိုတာကို ထောက်ပြတာကလည်း အတော်လေးမှတ်သားစရာကောင်းတယ်ကွာ”

ဟိုင်းကြီးကျွန်းမြို့၌ ရေကြောင်းလူငယ်အခြေခံနှင့်တန်းမြင့်သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ဟိုင်းကြီးကျွန်းမြို့၌ ရေကြောင်းလူငယ်အခြေခံနှင့်တန်းမြင့်သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ ဟိုင်းကြီးကျွန်း ဧပြီ ၂၂ လှိုင်မျိုးအောင် ဟိုင်းကြီးကျွန်း(ပြန်/ဆက်)

ရာသီဥတုပူပြင်းလာသည်နှင့်အမျှ မီးဘေးသတိပြုကြပါစို့

လူသားတို့ အသက်ရှင်ရပ်တည်ရေးအတွက် မရှိမဖြစ်လိုအပ်သည့်အရာများထဲတွင် “မီး” သည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ မီးသည် “သုံးတတ်လျှင် မိတ်ဆွေ၊ မသုံးတတ်လျှင် ရန်သူ” ဖြစ်နိုင်ခြင်းကို အစဉ်သတိပြုသင့်ပါသည်။ “သူခိုးခိုးလျှင် အစုတ်ကျန်၊ မီးခိုးလျှင် အပြုတ်နှံ”ဆိုသည့်အတိုင်း မီးလောင်လျှင် စည်းစိမ်ဆုံးရှုံးမှုများ ကြုံရမည်ဖြစ်သဖြင့် မီးမလောင်ခင်က ကြိုတင်ကာကွယ်မှု ပြုသင့်သည်မှာ မလွဲဧကန်အမှန်ဖြစ်ပါသည်။ သို့မှသာ အသက်အိုးအိမ်စည်းစိမ်ဆုံးရှုံးမည့် မီးဘေးအန္တရာယ်ဆိုးမှ လွတ်မြောက်ချမ်းသာရမည်ဖြစ်ပေသည်။

PDF ဂိမ်း‌ထောင်ချောက်တွင် ကိုယ့်ကိုယ်ကိုယ် မနှစ်မိပါ‌စေနှင့် …

ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များ က IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစား တစ်ခုပင်ဖြစ်ပါသည်။

ရာသီဥတုကောင်းမွန်ရေး အားလုံးအလေးထားဆောင်ရွက်

ဤကမ္ဘာမြေပေါ်တွင် လူသားအဖြစ်ရပ်တည် ကတည်းက နေ၊ လေ၊ မြေ၊ ရေ၊ သဘာဝပေါက်ပင်ဟူသော သဘာဝ၏အခမဲ့လက်ဆောင်များဖြင့် ထိတွေ့ကြရသည်။ လူသားနှင့် သဘာဝသည် ဆက်နွှယ်မှုကြီးမားသည့်အလျောက် လူသားတို့သည် မိမိတို့၏သဘာဝပတ်ဝန်းကျင်အနေအထား ပြောင်းလဲမှုများကိုသိရှိရန် လေ့လာထားကြရမည်။ သဘာဝတရားနှင့် လိုက်လျောညီထွေစွာ နေထိုင်နိုင်ကြရမည်။ လူသားတို့၏ အသက်ရှင်နေထိုင်ရေးအတွက် အသက်မွေးဝမ်းကျောင်းပြုခြင်း၊ ဝတ်စားဆင်ယင်ခြင်း၊ အိုးအိမ်တည်ဆောက်နေထိုင်ခြင်းတို့သည် သဘာဝတရား၏ ပြောင်းလဲမှုအခြေအနေအရ ပြုပြင်နေထိုင်ကြရခြင်းပင်ဖြစ်သည်။ ထို့ကြောင့် လူသားတို့သက်တမ်းရှည်ကြာစွာဖြင့် ဘေးကင်းစွာနေထိုင်နိုင်ရေးအတွက် သဘာဝတရား၏ ပြောင်းလဲမှုများကြောင့် ဖြစ်ပေါ်လာသော မိုးလေဝသနှင့်ရာသီဥတုကို သိရှိနားလည်ပြီး ထိန်းသိမ်းကာကွယ်မှုများပြုလုပ်ရန် လိုအပ်ပါသည်။
Subscribe to