ယနေ့မြန်မာ့တပ်မတော်ဟာ ပထဝီနိုင်ငံရေးအရ နယ်မြေချဲ့ထွင်လိုတဲ့ ပြည်ပဖိအားတွေကို အန်တုရင်းဘယ်ခေတ်နဲ့မှမတူတဲ့ ပြည်တွင်းလက်နက်ကိုင်ပေါင်းစုံနဲ့ ရင်ဆိုင်တိုက်ခိုက်နေရတယ်၊ သမားရိုးကျမဟုတ်တဲ့ လုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုကို ရင်ဆိုင်နေရတဲ့ နိုင်ငံတစ်နိုင်ငံမှာ အချုပ်အခြာပွန်းပဲ့ပါမသွားအောင် ကြိုးစားကာကွယ်နေရသလို ပြည်သူ တွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ပျက်စီးမသွား အောင်လည်း စောင့်ရှောက်ကာကွယ် ပေးနေရတယ်၊ အသက်သွေးချွေး အမြောက်အမြား စွန့်လွှတ်ပေးဆပ်မှု အရင်းအနှီးကြီးကြီးနဲ့ကို ပြည်သူအတွက်၊ နိုင်ငံအတွက်ပေးဆပ်နေရခြင်းဖြစ်ပါတယ်။