တီထွင်မှုမူပိုင်ခွင့် သတင်းအချက်အလက်မှသည် တီထွင်ဖန်တီးမှုအသစ်များဆီသို့
ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးပြီး၊ ဖွံ့ဖြိုးဆဲနိုင်ငံများအားလုံးသည် မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အသစ်အသစ်သော သိပ္ပံနှင့်နည်းပညာဆိုင်ရာ ပညာရပ်များကို တီထွင်ကြံဆလုံ့လစိုက် ကြိုးပမ်းလျက်ရှိကြပါသည်။ အဆိုပါအသစ်ဖြစ်သော တီထွင်မှုများပေါ်ထွက်လာရေးအတွက် ရင်းနှီးမြှုပ်နှံမှုပေါင်းများစွာဖြင့် အားဖြည့်ဆောင်ရွက်လျက်လည်း ရှိကြပါသည်။ မြန်မာနိုင်ငံတွင်လည်း တီထွင်ဖန်တီးမှုစွမ်းပကားများ မြင့်မားလာစေရေးဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးဖော်ဆောင် ပေးရန် ဆောင်ရွက်လျက်ရှိပါသည်။
