လူသားတို့၏ မွေးဖွားခြင်းနှင့် သေဆုံးခြင်းအကြား ကျန်းကျန်းမာမာအေးချမ်းသာယာစွာ အသက်ရှင်ရပ်တည်နိုင်ရေးသည် အရေးကြီးပြီး ထိုကဲ့သို့နေထိုင်လိုကြသူချည်းသာ။ သို့သော် နိုင်ငံတော်နှင့် နိုင်ငံသားတို့ကို ကာကွယ်ပေးနိုင်ရန်အတွက် သူတို့၏အသက်ခန္ဓာ၊ ကိုယ်လက်အင်္ဂါ၊ စည်းစိမ်ဥစ္စာ၊ မိဘဇနီး သားသမီးတို့နှင့် အေးချမ်းသာယာသောဘဝကို စွန့်လွှတ်ဝံ့သူတို့ရှိသည်။ သာမန်လူတို့လုပ်နိုင်ရန် ခက်ခဲသည့် အရာရာကိုပေးဆပ်ခြင်းဖြင့် ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက် ငါ၏အသက်ကိုစွန့်လွှတ်ရန် အဓိဋ္ဌာန်ပြုကြသူများသည် တပ်မတော်သားများပင်ဖြစ်၏။