Skip to main content

သာယာခညောင်း လတပေါင်း

တပေါင်းလသည် မြန်မာပြက္ခဒိန်တွင် ဆယ့်နှစ်လမြောက် နောက်ဆုံးလဖြစ်သည်။ မြန်မာသက္ကရာဇ်အရ နှစ်တစ်နှစ်ကုန်ဆုံးတော့မည့် အခါသမယလည်းဖြစ်သည်။ ဆောင်းအကုန် နွေသို့အကူးဖြစ်၍ နေ့တွင်ပူပြီး ညတွင်ချမ်းအေးသည်။ ထို့ကြောင့် “နေ့ပူညချမ်း၊ တပေါင်းလသရမ်း” ဟု အဆိုရှိခဲ့ရာမှ ကာလရွေ့လျားလာသည့်အခါ “နေ့ပူညချမ်း၊ တပေါင်းလဆန်း” ဟု စာချိုးသတ်မှတ်ကြသည်။ တပေါင်းလသို့ ရောက်သည့်အခါ လေရူးများဝေ့ဝဲတိုက်ခတ်ပြီး ရော်ရွက်ဝါများလည်း မြေသို့ဆင်းသက်ကြွေကျကြရသည်။ သစ်ပင်ပန်းမန်တို့တွင် နုသစ်သောဖူးပုရစ်များ ထွက်ပေါ်စပြုလာကြသည်။ ဤအချိန်ကာလတွင် လောကဓာတ်တစ်ခွင်မှာလည်း သာယာလှသည့်အလျောက် တပေါင်းလကိုလများ၏ သခင်ဟူ၍လည်း စာဆိုရှိခဲ့သည်။

ငြိမ်းချမ်းသာယာဝပြောရေး ရေကဏ္ဍကို မြှင့်တင်ပေး

ကျွန်ုပ်တို့ ကမ္ဘာကြီး၏ ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင် ရေသည်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေပါသည်။ ကမ္ဘာကြီး၏ မြေမျက်နှာပြင် ၇၁ ရာခိုင်နှုန်းခန့်သည် ရေများဖြင့်ဖုံးလွှမ်းနေပြီး ကမ္ဘာ့ရေအားလုံး၏ ၉၆ ဒသမ ၅ ရာခိုင်နှုန်းခန့်ကို သမုဒ္ဒရာများမှ ပိုင်ဆိုင်ထားသည်။ လူသားတို့ အသက်ရှင်သန်ရေးအတွက် လိုအပ်သည့် ရေချိုမှာမူ ကမ္ဘာ့ရေအားလုံး၏ ၃ ဒသမ ၅ ရာခိုင်နှုန်းသာရှိပြီး ၎င်းတို့အနက် ၆၀ ရာခိုင်နှုန်းသည် နယ်နိမိတ်ဖြတ်ကျော်ရေများ ဖြစ်ကြပါသည်။
Subscribe to