စွမ်းနိုင်သမျှပါဝင်လို့ ကျေနပ်ဂုဏ်ယူကြပါစို့ ပြည်ချစ်လုလင်
ယခုရက်ပိုင်း တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်မျိုး၊ သို့လောသို့လော စိုးရိမ်ပူပန်မှုတွေနဲ့ လူတွေပါးစပ်ဖျားမှာ ဆွေးနွေးငြင်းခုံပွက်လောရိုက်နေတဲ့ အကြောင်းအရာတစ်ခုရှိပါတယ်။ ဘယ်နှတန်းရောက်ပြီလဲ။ အသက်ဘယ်လောက်တော့ရှိပြီ။ အလားတူသားလေးက အခုမှအသက် ၂၀။ ဒါဆိုရင်မလွတ်လောက်ဘူး စသဖြင့် ပွက်လောညံနေပါတယ်။
