ဖြောင့်မတ်တည်ကြည်မှု၊ ကျင့်ဝတ်နှင့် ကိုယ်ကျင့်တရားစံနှုန်းများ
ကိုယ်ကျင့်တရားကောင်းမွန်ရေးဆိုသည်မှာ ယခုရေတွင်းတူး၊ ယခုရေကြည်သောက်၍မရဘဲ ငယ်စဉ်ကတည်းက လေ့ကျင့်ပျိုးထောင် ရသောအရာတစ်ခုဖြစ်ပါသည်။ ကိုယ်ကျင့်တရားဆိုသည်မှာ လုပ်သင့်သည်ကို လုပ်ခြင်း (စာရိတ္တသီလ) နှင့် မလုပ်သင့်သည်ကို မလုပ်ခြင်း (ဝါရိတ္တသီလ) ပင်ဖြစ်သည်။ ကိုယ်ကျင့်တရားကို အင်္ဂလိပ်ဘာသာစကားဖြင့် Morality ဟု ခေါ်ဆိုပြီး ဂုဏ်ဒြပ်တစ်ခု၊ လူတစ်ယောက်၏ အဆင့်အတန်းကို တိုင်းတာသော ပေတံတစ်ခု၊ အကောင်းဆုံးအဆင် တန်ဆာတစ်ခုအဖြစ် မှတ်ယူကျင့်သုံးကြပါသည်။
