Skip to main content

မျောက်ကျောက်‌ရောဂါ ကြိုတင်ကာကွယ်ပါ

မျောက်ကျောက်ရောဂါ (Monkeypox)ဆိုသည်မှာ မျောက်ကျောက်ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားသော ကူးစက်ရောဂါတစ်မျိုးဖြစ်သည်။ ၁၉၅၈ ခုနှစ်က ကျောက်ရောဂါနှင့်ဆင်တူသည့် ရောဂါတစ်ခုအဖြစ် မျောက်များတွင် စတင်တွေ့ရှိခဲ့ပါသည်။ လူသားတွင် ပထမဆုံးဖြစ်ပွားမှုကို ၁၉၇၀ ပြည့်နှစ်မှာ အာဖရိကအလယ်ပိုင်း ကွန်ဂိုနိုင်ငံ၌ စတင်တွေ့ရှိခဲ့သည်။ ထို့နောက် အာဖရိကနိုင်ငံများတွင် အဆိုပါ ရောဂါဖြစ်ပွားမှုကို ကြိုးကြားကြိုးကြားတွေ့ရှိခဲ့ကြသည်။ ယခုနှစ်အတွင်းအာဖရိက အလယ်ပိုင်း၊ အာဖရိကအနောက်ပိုင်းတို့တွင်သာမက ဥရောပ၊ မြောက်အမေရိကနှင့် ကမ္ဘာ့နေရာအနှံ့အပြားတွင် ကူးစက်ပျံ့နှံ့လာပြီဖြစ်သည်။
Subscribe to