မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ သရက်ကုန်း၊ နတ်ရေကန်၊ ကူမဲ၊ ရေနံ့သာငါးလုပ်ငန်းစခန်းများမှ နှစ်လက်မအရွယ်ငါးသားပေါက်ကောင် ရေ နှစ်သိန်းကို ၂၆-၇-၂၀၂၂ ရက်တွင် ဧရာဝတီမြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ဦးဆောင်၍ မျိုးစိုက်ဆောင်ရွက်ပေးခဲ့သည်။ အလားတူ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတွင်လည်း အစိုးရအဖွဲ့များ ဦးဆောင်၍ မျိုးစိုက်ပေးခဲ့ကြသည်ကိုလည်း တွေ့ရသည်။ ဤသို့လှုပ်ရှား ဆောင်ရွက်မှုများသည် ပျက်စီးယိုယွင်းနေသည့် မြန်မာ့ရေသယံဇာတများအား ပြန်လည် ဖြည့်ဆည်းခြင်းနှင့် ထိန်းသိမ်းကာကွယ်ရေး လှုပ်ရှားမှုများပင်ဖြစ်ပါသည်။