အမြင့်ပျံဖို့ တောင်ပံတစ်စုံ
“နိုင်ငံကိုဖိုးသုညတွေ၊ မယ်သုညတွေနဲ့ တည်ဆောက်လို့မရဘူး”ဆိုတဲ့စကားကို ခေတ်အဆက်ဆက် နိုင်ငံ့အကြီးအကဲတွေ ပြောခဲ့ကြတာ နှစ်ပေါင်း ၇၀ ကျော်လောက်ကြာခဲ့ပါပြီ။ ဒီစကားဟာ တိုင်းပြည်ကိုဖွံ့ဖြိုးတိုးတက်အောင်လုပ်နိုင်ဖို့အတွက် အသိပညာရှင်တွေ၊ အတတ်ပညာရှင်တွေ၊ ကျွမ်းကျင်သူတွေ မရှိမဖြစ်လိုအပ်တယ်လို့ ဆိုလိုတာဖြစ်တယ်ဆိုတာ လူတိုင်းသိကြပြီးသားပါ။
