Skip to main content

ထားဝယ်မြို့တွင် သစ်သီးဖျော်ရည်နှင့် ယိုမျိုးစုံထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်

ထားဝယ်မြို့တွင် သစ်သီးဖျော်ရည်နှင့် ယိုမျိုးစုံထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်

ကျုံပျော်မြို့ ဒါးကချောင်းအတွင်းသို့ ငါးသားပေါက်ကောင်ရေ(၃)သိန်း မျိုးစိုက်ထည့်

ကျုံပျော်မြို့ ဒါးကချောင်းအတွင်းသို့ ငါးသားပေါက်ကောင်ရေ(၃)သိန်း မျိုးစိုက်ထည့်

ကျုံပျော် နိုဝင်ဘာ ၂၉

လပြည့်ဦး

ကျောင်းပန်းတောင်းမြို့တွင် အမျိုးသမီးများ အိမ်တွင်းမှုသက်မွေးပညာ အထောက်အကူဖြစ်စေရန် ဆပ်ပြာပြုလုပ်နည်း သင်တန်းဖွင့်လှစ်

ကျောင်းပန်းတောင်းမြို့တွင် အမျိုးသမီးများ အိမ်တွင်းမှုသက်မွေးပညာ အထောက်အကူဖြစ်စေရန် ဆပ်ပြာပြုလုပ်နည်း သင်တန်းဖွင့်လှစ်

ရေစကြိုမြို့နယ်တွင် ၁၀၁ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကျင်းပ

ရေစကြိုမြို့နယ်တွင် ၁၀၁ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကျင်းပ

မတ္တရာမြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပ

မတ္တရာမြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပ

ပဋိပက္ခနွံကြား မူးယစ်ကျွန်များမဖြစ်စေလို

မူးယစ်ဆေးဝါး ရိုက်ခတ်မှုအန္တရာယ်ရှိနေသည့် ဘယ်နိုင်ငံ၊ ဘယ်လူ့အဖွဲ့ အစည်းမဆို အနိဋ္ဌာရုံနှင့် နောက်ဆက်တွဲပြဿနာများက ကြီးမား လှသည်။ အထူးသဖြင့် အနာဂတ်၏ မျိုးဆက်သစ်များအဖြစ် တင်စားရသည့် ယနေ့လူငယ်များ၏ စိတ်ဓာတ်နှင့် ခံယူချက်ကို စိတ်ကြွ မူးယစ်ဆေးအန္တရာယ်က အကြီးအကျယ် ချိုးဖျက်တိုက်စားနေသည်မှာ အထူးစိုးရိမ်ဖွယ် ဖြစ်သည်။

ရွေးကောက်ပွဲများအပေါ်မှ လှမ်းမျှော်၍ ဒီမိုကရေစီအနှစ်သာရ ရှာဖွေခြင်း

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အစီအမံများသည် ဦးသိန်းစိန်၏ လက်တွေ့ကျပြီး သတိကြီးစွာထားသည့် နိုင်ငံတည်ဆောက်ရေး ကြိုးပမ်းမှုများ တွင် အပါအဝင်ဖြစ်သည်။ ဦးသိန်းစိန် သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၊ နိုင်ငံရေးပါတီများနှင့် တရားဝင်ရော၊ အလွတ်သဘောပါ တွေ့ဆုံဆွေးနွေးမှုပြုခဲ့ပြီး အလေးထားမှုပြသ ခြင်း၊ ယုံကြည်မှုတည်ဆောက်ခြင်းတို့ ဆောင်ရွက်ခဲ့သဖြင့် ၎င်းအပေါ် နိုင်ငံ ရေးအရ အားပေးထောက်ခံမှုကိုလည်း ရယူနိုင်ခဲ့သည်။ ယင်း၏ရလဒ်အဖြစ် ၎င်း၏ သမ္မတ သက်တမ်းအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နှင့် NCA စာချုပ်အား လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော်သည် အဖွဲ့ဝင် ၁၀၉ ဦး ပါဝင်သော ဖွဲ့စည်းပုံအခြေခံဥပဒေပြန်လည် သုံးသပ်ရေးကော်မတီကို ဖွဲ့စည်းပေးခဲ့သည်။ ဗဟိုချုပ်ကိုင်မှု တင်းလွန်းခြင်း သို့မဟုတ် လျော့လွန်းခြင်း အစွန်း၂ ခုမှ ရှောင်ရှားပြီး ထိရောက်သော လုပ်ပိုင်ခွင့်အာဏာ အတိုင်းအတာ တစ်ခုအထိ ပေးအပ်နိုင်ရေးအတွက် လိုအပ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မှုမျိုးကို ထည့်သွင်းစဉ်းစားမှုပြုရန် အဆိုပါကော်မတီက အကြံပြုခဲ့သည်။ ဦးသိန်းစိန်သည် အုပ်ချုပ်ရေးမဏ္ဍိုင် ဘက်တွင်လည်း နောက်ထပ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်သုံးသပ်ရေး ကော်မတီတစ်ခုကို ဖွဲ့စည်းခဲ့သည်။
Subscribe to