အပယ်ခံလူသားမဖြစ်စေဖို့ ကူညီစောင့်ရှောက်စို့
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က စိတ်ကျန်းမာရေးကို “လူသားတိုင်းသည် မိမိတို့၏ စွမ်းရည်ရှိသည့်အတိုင်း နေထိုင်သည့် အခြေအနေတွင် ဘဝ၏ စိတ်ပင်ပန်းမှုများကို ခံနိုင်ရည်ရှိပြီး ထုတ်လုပ်နိုင် စွမ်းရှိသောအလုပ်များကို လုပ်ကိုင်နိုင်ကာ မိမိတို့ ပတ်ဝန်းကျင်ကို ကူညီထောက်ပံ့မှုပြုနိုင်သည့် အခြေအနေ”ဟု ဖွင့်ဆိုထားသည်။ ယနေ့ကမ္ဘာကြီးသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ တရားဥပဒေ စိုးမိုးရေး၊ သဘာဝဘေးအန္တရာယ်စသည့် ကဏ္ဍအသီးသီးတွင် စိန်ခေါ်မှုအများအပြားနှင့် ရင်ဆိုင်နေရသည်ဖြစ်ရာ ကမ္ဘာတစ်ဝန်းရှိ လူသားအများ အပြားသည်လည်း စိတ်ပိုင်းဆိုင်ရာပြဿနာ တစ်ခုခုနှင့် ရင်ဆိုင်ရလေ့ ရှိသည်။
