Skip to main content

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး ကောင်းကျိုးသုံးမျိုး

ဗိုင်းရပ်စ်၏ သဘောသဘာဝသည် လူတို့၏ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်သို့ဝင်ရောက်ပြီး ထိုမှတစ်ဆင့် ဆဲလ်ထဲသို့ ဝင်သည်။ ဆဲလ်မှတစ်ဆင့် သွေးထဲသို့ရောက် မည်။ လူ့ခန္ဓာကိုယ်ဆဲလ်အတွင်း ဗိုင်းရပ်စ်ပိုးများက သူပွားများနိုင်သလောက် ပွားများကြမည်။ ထိုအခါ ခန္ဓာကိုယ်က ပြန်လည်တုံ့ပြန်ရာ ၎င်းကို ရောဂါဖြစ်သည် ဟု ခေါ်ဆိုသည်။ အကယ်၍ ကိုဗစ်-၁၉ ကာကွယ်ဆေးကြိုတင်ထိုးနှံထားပါက သွေးထဲတွင် ပဋိပစ္စည်းအများစု ရှိနေသည့်အတွက် ဗိုင်းရပ်စ်ကို ဖမ်းလိုက်သည်။ ထိုအခါ ခန္ဓာကိုယ်ထဲတွင် ဗိုင်းရပ်စ်အကောင်ရေ လျော့သွားမည်။ ၎င်းမှတစ်ဆင့် ထပ်မံပွားလာမည့် ပိုးအကောင်အရေအတွက်လည်း လျော့နည်းသွားမည်။ တစ်ပြိုင်နက်တည်းမှာပင် လူ့ခန္ဓာကိုယ်မှ ထွက်မည့်ပိုးအရေအတွက်လည်း နည်းပါးသွားပြီဖြစ်ရာ တခြားသူများအပေါ် ကူးစက်မှုနည်းစေပါမည်။ ထို့ကြောင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံထားသင့်ပါသည်။

ကိုဗစ်ရောဂါကာကွယ်ဆေးထိုး ကောင်းကျိုးသုံးမျိုး

ဗိုင်းရပ်စ်၏ သဘောသဘာဝသည် လူတို့၏ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်သို့ဝင်ရောက်ပြီး ထိုမှ တစ်ဆင့် ဆဲလ်ထဲသို့ ဝင်သည်။ ဆဲလ်မှတစ်ဆင့် သွေးထဲသို့ရောက်မည်။ လူ့ခန္ဓာကိုယ်ဆဲလ်အတွင်း ဗိုင်းရပ်စ်ပိုးများက သူများနိုင်သလ ောက် ပွားများကြမည်။ ထိုအခါ ခန္ဓာကိုယ်က ပြန်လည် တုံ့ပြန်ရာ ၎င်းကို ရောဂါဖြစ်သည်ဟု ခေါ်ဆိုသည်။ အကယ်၍ ကိုဗစ်-၁၉ကာကွယ်ဆေး ကြိုတင်ထိုးနှံ ထားပါက သွေးထဲတွင် ပဋိပစ္စည်းအများစု ရှိနေ သည့်အတွက် ဗိုင်းရပ်စ်ကို ဖမ်းလိုက်သည်။ ထိုအခါ ခန္ဓာကိုယ်ထဲတွင် ဗိုင်းရပ်စ်အကောင်ရေ -လျော့သွားမည်။ ၎င်းမှတစ်ဆင့် ထပ်မံပွားလာမည့် ပိုးအကောင်အရေအတွက်လည်း လျော့နည်းသွား -မည်။ တစ်ပြိုင်နက်တည်းမှာပင် လူ့ခန္ဓာ ကိုယ်မှ ထွက်မည့်ပိုးအရေအတွက်လည်း နည်းပါးသွားပြီ ဖြစ်ရာ တခြားသူများအပေါ် ကူးစက်မှုနည်းစေပါ မည်။ ထို့ကြောင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံ ထားသင့်ပါသည်။

ပေါင်းစည်းညီညွတ် မိတ်ဝတ်ရင်းခံ အာဆီယံ

စိတ်ဓာတ်ညီညွတ်သူတို့၏အကျင့်သည် ချမ်းသာခြင်း၏အကြောင်းဖြစ်သည်ဟု ဗုဒ္ဓမြတ်စွာဘုရားက ဟောကြား တော်မူခဲ့သည်။ စည်းလုံးညီညွတ်မှုသည် လူသားတို့၏ အသက်ဖြစ်သကဲ့သို့ လူသားအားလုံး၏ ရတနာတစ်ပါး လည်းဖြစ်သည်။ ညီညွတ်မှုအင်အားဖြင့် အရာရာကိုအောင်မြင်နိုင်သကဲ့သို့ အခက်အခဲပေါင်းစုံကိုလည်း တွန်းလှန် နိုင်ပေသည်။ အတိတ်ကာလများတွင်လူသားများသည် အစုအစည်း၊ အသင်းအပင်းနှင့်နေထိုင်တတ်ပြီး အရောင် အသွေး၊ ဘာသာစကား၊ ကိုးကွယ်မှုအယူဝါဒတူသူချင်းသာ ပေါင်းသင်းဆက်ဆံစုစည်း နေထိုင်တတ် ကြသည်။ ခေတ်စနစ်ပြောင်းလဲလာမှုအရ ယနေ့ကမ္ဘာတွင် လူတစ်ဦးတစ်ယောက်တည်း၊ တစ်နိုင်ငံတည်း အထီးကျန်ရပ် တည်၍ မရနိုင်တော့သဖြင့် ပေါင်းသင်းဆက်ဆံမှုနယ်ပယ်ကျယ်ဝန်းလာပြီး ပထဝီနယ်ပယ်ဒေသအလိုက် နိုင်ငံ ရေး၊ စီးပွားရေး၊ လူမှုရေးစသည့်ကဏ္ဍစုံများအရ ဒေသအတွင်း နိုင်ငံများအချင်းချင်း ချစ်ကြည်ရင်းနှီးစွာဖြင့် ရည်ရွယ်ချက်တူညီသည့် နိုင်ငံများစုစည်းပြီး ခိုင်မာသောအစုအဖွဲ့ ဖွဲ့စည်း၍ မိတ်ဖွဲ့ပေါင်းသင်းဆက်ဆံနေ ထိုင်လျက်ရှိကြပေသည်။

အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနှင့် ပြစ်ဒဏ်များအကြောင်း သိကောင်းစရာ

ဥပဒေဆိုင်ရာနီတိတစ်ခုတွင် “lgnorance of fact excuses; ignorance of law does not excuse " ဟုရှိပါသည်။ ဤဥပဒေနီတိကို ဥပဒေပညာရှင် ဦးမြင့်ဝင်း (ရွှေဘို)က “ အကြောင်းခြင်းရာအချက် အလက်ကို မသိနားမလည်မှုသည် ခွင့်လွှတ်ရာဖြစ်သည်။ ဥပဒေကို မသိနားမလည်မှုကိုမူ ခွင့်လွှတ် ရာမဟုတ်” ဟု မြန်မာဘာသာဖြင့် ပြန်ဆိုထားသည်။ မြန်မာနိုင်ငံ၏ တည်ဆဲရာဇသတ်ကြီး ဥပဒေပုဒ်မ ၇၆၊ ပုဒ်မ ၇၉ တို့တွင် ဤအချက်များကိုပင် ပြဋ္ဌာန်းထားပါသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်

မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဩဂုတ် ၅ ရက် ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်ကို ပြည်သူများ သိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။

အတွေးအကြံ

သင်သည် တောင်ထိပ်၌ပေါက်နေသော ထင်းရှူးပင် မဖြစ်နိုင်လျှင် တောင်ကြားက ချုံပုတ်လေး ဖြစ်ပါစေ။ သို့ရာတွင် အကောင်းဆုံးချုံပုတ်တော့ ဖြစ်ပါစေ....။ သစ်ပင်မဖြစ်နိုင်လျှင် ချုံပုတ်ဖြစ်ပါစေ။ ချုံပုတ်မဖြစ်နိုင်လျှင် မြက်ပင်တစ်စုဖြစ်ပါစေ။ လမ်းမတစ်ခုကို လှပမှုပြုသည့် မြက်ပင်တစ်စု ဖြစ်ပါစေ.......။ ။
Subscribe to