လောကတွင် ရှင်သန်နေထိုင်လျက်ရှိသော လူသား များအတွက် အသက်ရှင်နေသမျှ ကာလပတ်လုံး အပေါင်းအသင်းသည် အလွန်အရေးကြီး၏။ လူဟူ၍ ဖြစ်တည်လာကတည်းက တစ်ဦးတစ်ယောက် တည်း ထီးတည်းရှင်သန်ရန်၊ ရပ်တည်နိုင်ရန်ကား ခက်ခဲကြမ်းတမ်းလှ ပေသည်။ သို့ဖြစ်၍ ပေါင်းသင်း ဆက်ဆံရန် “ကောင်းတူ ဆိုးဖက်၊ သေဖော်ရှင်ဖက်၊ အေးအတူ ပူအမျှ၊ ဖေးမကူညီပေးတတ်သော အပေါင်းအသင်း ” ဟူသည့် အပေါင်းအသင်းကောင်း တစ်ရပ်လည်း အထူးတလည်ပင် လိုအပ်လာပါ သည်။ ထိုအယူအဆသည် မြန်မာ့လူမှုဘဝ နယ်ပယ် တွင်သာမက ကမ္ဘာ့လူမှုအသိုက်အဝန်းနယ်ပယ်တွင်ပါ မပြောင်းလဲနိုင်သော နိယာမတစ်ခုပင်ဖြစ် သကဲ့သို့ ဘိုးစဉ် ဘောင်ဆက်၊ မိစဉ်ဖဆက် ရင်းနှီး စွာဆက်ဆံ ပေါင်းသင်းလာခဲ့သော ခြံစည်းရိုးချင်း ဆက်၊ တံစက်မြိတ်ချင်းထိဖြစ်သည့် အိမ်နီးချင်း အတွက်လည်းလိုအပ်၏။ အိမ်နီးချင်းဟု ဆိုရာတွင် အိမ်တစ်အိမ် အိမ်နီးချင်းမှသည် ပိုင်နက်နယ်မြေ၊ ပြည်သူလူထု၊ အစိုးရ၊ အချုပ်အခြာအာဏာနှင့် နိုင်ငံတကာအသိအမှတ်ပြုမှု စသော အင်္ဂါရပ်များ ပါဝင်သည့် နိုင်ငံတစ်နိုင်ငံ၏ အိမ်နီးချင်းများ အထိ ပါဝင်ပေသည်။ အိမ်နီးချင်းနိုင်ငံဟူသည် ရွေးချယ်၍မရစကောင်း ဖြစ်ထွန်းတည်တံ့လာသော ရေထု၊ မြေထုနှင့်လေထုချင်းနီးစပ်မှုမှသည် ပေါ် ထွက်လာရ၏။