အသက်ရှူလေ့ကျင့်ခန်း များများလုပ်ပေးပါ
ကျွန်တော်တို့ ငယ်စဉ်က ကျောင်းအားရက်တိုင်း သူငယ်ချင်းတစ်သိုက် ဘောလုံးကန်ကြသည်။ ဘောလုံးကန်ကောင်းကြသဖြင့် ကျောင်းလက်ရွေးစင်များဖြစ် လာကြသည်။ ကျွန်တော်တို့ အုပ်စုတွင် ဖိုးဇော်သည် ဘောလုံးတွင် အကောင်းဆုံးဖြစ်၍ အသင်းခေါင်းဆောင်ဖြစ်ခဲ့သည်။ ကျောင်းချင်း ချိန်းကန်ပွဲ၊ ရပ်ကွက်ချင်း ချိန်းကန်ပွဲတွင် ဖိုးဇော်သည် အားအကိုးရဆုံး တိုက်စစ်မှူးဖြစ်သည်။ သူမပါလျှင် ပွဲမပြီး။ ပွဲများစွာ အနိုင်ရခဲ့သည်။ တစ်နာရီခွဲခန့် အချိန်ကြာကန်သည့် ဘောလုံးပွဲတိုင်းတွင် ဖိုးဇော်သည် မနားတမ်းတစ်ကွင်းလုံးပတ် ကန်နိုင်ခဲ့သည်။ ဖိုးဇော်၏ ကစားကွက်နှင့် သက်လုံကောင်းပုံမှာ အံ့မခန်းဖွယ်ဖြစ်သည်။
