Skip to main content

မိုးဉတုနှင့် အဆုတ်ပွရောဂါ

အဆုတ်ပွရောဂါသည် မိုးဥတုတွင် အဖြစ်များသော ရောဂါဖြစ်သည်။ အဆုတ်လေပြွန်များ အတွင်း ရေငွေ့များဝင်ရာမှ ပြန်မထွက်နိုင်သောအခါ အအေးပတ်ပြီး အဆုတ်အအေးပတ်ရောဂါ ဖြစ်သည်။ ထို့နောက် အဆုတ်ပွရောဂါ၊ အဆုတ် ရောင်ရောဂါများ ဆက်၍ဖြစ်လာနိုင်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၆)လပြည့် နိုင်ငံတော်တာဝန် ထမ်းဆောင်ခဲ့မှုနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့်မိန့်ခွန်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၆)လပြည့် နိုင်ငံတော်တာဝန် ထမ်းဆောင်ခဲ့မှုနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့်မိန့်ခွန်း

လူမှုကွန်ရက်မှာ အသုံးချခံမဖြစ်ဖို့

နည်းပညာတိုးတက်လာခြင်းဟာ လူတွေရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေအတွက် ကောင်းကျိုးတွေ ယူဆောင်လာပါတယ်။ အရင်က မြန်မာနိုင်ငံမှာ တယ်လီဖုန်းတစ်လုံး ပိုင်ဆိုင်ဖို့ဆိုတာ အိပ်မက်တောင် မမက်ရဲပါဘူး။ ကမ္ဘာပေါ်က ဖြစ်ပျက်နေတာတွေကို သိဖို့ဆိုတာ ခက်ခက်ခဲခဲနဲ့ သိခဲ့ရပါတယ်။ အခုတော့ အခြေအနေတွေက ပြောင်းလဲနေပါပြီ။ ၁၉၆၉ ခုနှစ် ဇူလိုင်လကလကမ္ဘာပေါ်ကို လူသားတွေခြေချနိုင်တော့ တစ်ကမ္ဘာလုံး အုန်းအုန်းကျွက်ကျွက်နဲ့ ချီးမွမ်းအံ့ဩခဲ့ကြပါတယ်။ ဒီနေ့ဆိုရင် လကမ္ဘာကိုကျော်လွန်ပြီး ကမ္ဘာကနေ မိုင်ပေါင်း ၃၃ ဒသမ ၉ သန်းဝေးတဲ့ အင်္ဂါဂြိုဟ်ဆီကို အာကာသစူးစမ်း လေ့လာရေးယာဉ်တွေ ဆင်းသက်နေပါပြီ။

မြန်မာပြည် ကိုဗစ်-ဒယ်လ်တာနှင့် ဆက်စပ်နေသော နောက်ခံအခြေအနေများ(context)

ယခုအခါ မြန်မာပြည်သည် အခြားတိုင်းပြည်များနှင့်တကွ ကိုဗစ်-ဒယ်လ်တာ လှိုင်းကြီး၏ ဆိုးရွားသော ဒဏ်ကိုခံနေရပြီဖြစ်သည်။ ဤရောဂါကြောင့် သေဆုံးသူ အသိမိတ်ဆွေများအနက် လွန်ခဲ့သောနှစ်ပတ်ခန့်က ကျွန်မ ချစ်ခင်ရင်းနှီးသောသူများလည်း ပါခဲ့သည်။ နှစ်ဦးကို ဆေးရုံတင်ရန် ကျွန်မကိုယ်တိုင် သူတို့ မိသားစုများနှင့်အတူ ကြိုးစားခဲ့သော်လည်း အဆင်မပြေခဲ့ပေ။ ဤရောဂါဖြစ်ပျက်နေပုံနှင့် စပ်လျဉ်း၍ “Context” ဟုခေါ်သည့် ဆက်စပ်နေသော နောက်ခံ အခြေအနေအချို့ကို ရှုထောင့်တစ်ခုမှ တင်ပြလိုပါသည်။

အကြမ်းဖက်ခြင်း သင်နှင့်အနီးဆုံးမှာနှင့် နိုင်ငံတည်ငြိမ်အေးချမ်းရေးသင်ခန်းစာများ

အချိန်ကာလတို့သည်တရွေ့ရွေ့ကုန်ဆုံး ပြောင်းလဲဖြစ်ပေါ်နေသည်။ ယနေ့အဖြစ် အပျက်များ သည် မနက်ဖြန်တွင် သမိုင်းဖြစ်ရပ်များအဖြစ် ကျန်ရစ်ပေမည်။ လောကအဖြစ် အပျက်တို့သည် အကောင်း၊ အဆိုးနှစ်တန် ရောယှက်နေသည်။ ကောင်းဟန်၊ ဆိုးဟန်တို့ကို မှန်မှန်ကန်ကန် စစ်ထုတ်၍ အနှစ်ထုတ်လိုက်လျှင် ဘဝသင်ခန်းစာယူ စရာများ ရရှိပေမည်။ သတင်းစာများသည် သမိုင်းက ပြောနေကြသည်ဟု ဆိုခဲ့သည်။

စွယ်စုံရစာပေပညာရှင် ပင်ကိုရေးစာရေးဆရာကြီး ဆင်ဖြူကျွန်းအောင်သိန်း

ဆရာကြီး ဆင်ဖြူကျွန်းအောင်သိန်း (စည်သူဦးကြည်အေး) အကြောင်းကို ဆောင်းပါးရေးမည် ဆိုသောအခါ ဆရာကြီးကဲ့သို့ စွယ်စုံရစာပေ ပညာရှင်ကြီးအကြောင်းကို ပြည့်ပြည့်စုံစုံ ရေးနိုင်ပါ့မလားဟု မဝံ့မရဲဖြစ်မိပါသည်။ သို့သော် ထိုတာဝန်ကို ဂုဏ်ယူနှစ်သက်မဆုံးဖြစ်ရကာ မြန်မာမှု၊ မြန်မာဓလေ့၊ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့သမိုင်း ကြောင်းကို ထုံးလိုခြေ၊ ရေလိုနှောက် ပင်ကိုရေးစာရေးဆရာကြီး အသက် ၉၃ နှစ်အရွယ် ဆရာကြီးကို နေထိုင်ရာအိမ်သို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်တွေ့ဆုံ ဦးခိုက်ကန်တော့လိုခဲ့သည်။ အခွင့်သာသည်နှင့် ဆရာကြီး၏ လမ်းညွှန်ပဲ့ပြင်မှု၊ ဆိုဆုံးမဩဝါဒကိုခံယူကာ ဆရာကြီးအကြောင်းကို မိမိတို့ လူငယ်များအတွက် အတုယူစရာ အချက်အလက်များ စုံလင်အောင် ရေးမည်ဟု ကျွန်မစိတ်သန္တာန်တွင် အားခဲထားခဲ့ သည်။ ယင်းမှာ အချည်းနှီးဖြစ်ခဲ့ရပြီ။ ထိုသည်မှာ ၁၅-၇-၂၀၂၁ ရက်တွင် ဆရာကြီး ကွယ်လွန်အနိစ္စရောက်ကြောင်း ကြားသိလိုက်ရသည့် ဝမ်းနည်းဖွယ် သတင်းကြောင့် ဖြစ်ပါသည်။ ကျွန်မ ဝမ်းနည်းကြီးစွာ ဖြေမဆည်နိုင်ဖြစ်ရ၏။

ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်

‘ဒယ်လ်တာ’ ဗိုင်းရပ်စ်ကြောင့် ကာကွယ်ဆေးမထိုးထားတဲ့ အထူးသဖြင့် အသက်ငယ်တဲ့ သူတွေမှာ ရောဂါဖြစ်ပွားမှု၊ ဆေးရုံတက်ရောက်ရမှုများတယ်ဆိုတာကို သိစေချင်ပါတယ်။

လူမှုကွန်ရက်မှာ အသုံးချခံမဖြစ်ဖို့

နည်းပညာတိုးတက်လာခြင်းဟာ လူတွေရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေအတွက် ကောင်းကျိုး တွေ ယူဆောင်လာပါတယ်။ အရင်က မြန်မာနိုင်ငံမှာ တယ်လီဖုန်းတစ်လုံးပိုင်ဆိုင်ဖို့ဆိုတာ အိပ်မက်တောင် မမက်ရဲပါဘူး။ ကမ္ဘာပေါ်က ဖြစ်ပျက်နေတာတွေကို သိဖို့ဆိုတာ ခက်ခက်ခဲခဲနဲ့ သိခဲ့ရပါတယ်။ အခုတော့ အခြေအနေတွေကပြောင်းလဲနေပါပြီ။ ၁၉၆၉ ခုနှစ်ဇူလိုင်က လကမ္ဘာ ပေါ်ကို လူသားတွေခြေချနိုင်တော့ တစ်ကမ္ဘာလုံး အုန်းအုန်းကျွက်ကျွက်နဲ့ ချီးမွမ်းအံ့ဩ ခဲ့ကြပါတယ်။ ဒီနေ့ဆိုရင် လကမ္ဘာကို ကျော်လွန်ပြီး ကမ္ဘာကနေ မိုင်ပေါင်း ၃၃ ဒသမ ၉ သန်းဝေးတဲ့ အင်္ဂါဂြိုဟ်ဆီကို အာကာသ စူးစမ်းလေ့လာရေးယာဉ်တွေ ဆင်းသက်နေပါပြီ။

ကိုဗစ်ကူးစက်မှုကင်းစင်တဲ့ ရပ်ရွာအဖြစ်ရှင်သန်နိုင်ဖို့…......

နံနက်စောစော အဖေနဲ့ အမေ နှစ်ယောက်သား အပြန်အလှန်စကားဆိုသံကြောင့် ကျွန်မ ပြုံးမိပါ တယ်။ “လက်ကို ခဏခဏဆေးပါ၊ လူစုလူဝေးရှောင်ရှားပါ၊ နှာစေးချောင်းဆိုးရင် အုပ်ထားပါ" ဆိုတဲ့ ကိုဗစ် အသိပညာပေးသီချင်းတစ်ပိုင်းတစ်စ ကို အဖေက ဆိုပါတယ်။ ဒီလိုဆိုတော့ “အမေက သိပါတယ်တော်၊ ဆရာမလုပ်နဲ့၊ အကုန်ကြားဖူးပြီး သား”ဟု ဆိုပြန်ပါတယ်။ သူတို့ အတိုင်အဖောက်နဲ့ သူတို့။အဖေက ကာကွယ်ဆေးထိုးပြီးသား။ အမေက အခုမှ ထိုးရမှာမို့ အဖေက အမေ့ကို ဆရာလုပ်တယ်။ အမေကလည်း မခံ၊ သူသိတဲ့ ကိုဗစ်နဲ့ ပတ်သက်တဲ့ရှောင်ရန်၊ ဆောင်ရန်တွေတောင် တရစပ် ပြန်ပြော ပြနေလိုက်သေးတယ်။ အမေ့အပြောကို အဖေကသူ ပြောချင်တာတွေ တစ်ဝကြီးပြောပြီး နှာခေါင်းစည်းတပ်၊ Face Shield တပ်၊ ရေမလို လက်သန့်ဆေးရည်ဘူးကိုင်ပြီး ကာကွယ်ဆေးထိုး သွားဖို့ အမေက ပြင်ဆင်ပါတယ်။ ကျွန်မက မှာမလို့ ကြံကာရှိသေး၊ အဖေက “ခြောက်ပေအကွာ သိတယ် မဟုတ်လား၊ အရင်လိုတွေ့တဲ့သူနဲ့ လေမပေါနဲ့”လို့ အမေကို ဆိုပါတယ်။ အမေကတော့ အဖေကို မျက်စောင်းနဲ့သာ နှုတ်ဆက်ပြီး ကျွန်မကိုတော့ “သမီးရေ အမေ သွားလိုက်ဦးမယ်” ဆိုကာ ကာကွယ်ဆေးထိုးရပ်ဆီ သွားပါတော့တယ်။ပြုံးပြုံးကြီး နားထောင်ပြောပြီး| ဘယ်လိုပဲဖြစ်ဖြစ် ဒီအချိန်မှာ မိသားစုတိုင်း ဟာ ကိုဗစ်အကြောင်း နောကျေဖို့ လိုနေပြီမလား။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ချက်တွေကို သိရှိလိုက်နာပြီးတော့ ကိုဗစ်ကို အနိုင်ယူဖို့ ကြိုးစားရမှာဖြစ်ပါတယ်။ ကိုဗစ်ကို အနိုင်ယူနိုင်ဖို့ သူ့အကြောင်းသိဖို့ လိုသလို ကာကွယ်ဆေးလွှမ်းခြုံမှု ရာခိုင်နှုန်းအပြည့်ရှိဖို့လည်း လိုအပ်ပါတယ်။

နယ်လ်ဆင်မင်ဒဲလား

နှစ်ဆယ်ရာစုရဲ့ အကြီးကျယ်အခမ်းနားဆုံး statesmenကဘယ်သူဖြစ်မလဲ။ ဂျိုးဇက်စတာလင် နဲ့ မော်စီတုံးကို ဘေးဖယ်ထားလိုက်ပါ။ အာဏာရှင် ဆန်ဆန် အမျိုးသားရေးဝါဒီတွေဖြစ်တဲ့ ဂျိမဲလ် အက်ဘ် ဒယ်လ် နက်ဆာနဲ့ ပိုလေးစားဖို့ကောင်း သလောက် သြဇာလွှမ်းမိုးမှုကျတော့ ပိုနည်းတဲ့ ဗက်ကလက်ဟာဗယ်လ်တို့ကိုလည်း အသာထား လိုက်ပါ။ ပြီးတော့ နောက်ထပ်နာမည် ဒါဇင် ဝက်လောက်ကို ဆန်းစစ်လိုက်ပါဦး။ မိုဟန်ဂျိစ် ဂန္ဒီ၊ ဝင်စတန်ချာချီ၊ ဖရန်ကလင် ရုဇဗယ့်၊ ချားလ်စ်ဒီ ဂေါလ်၊ ဂျက်ခ်ကနေဒီနဲ့ နယ်လ်ဆင်မင်ဒဲလားတို့ ဖြစ်နိုင်ပါတယ်။ ကမ္ဘာအနှံ့အပြားက သန်းပေါင်း များစွာသော လူတို့အဖို့ရာမှာတော့ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့က ကွယ်လွန်သွား ခဲ့တဲ့ အသက် ၉၅ နှစ်အရွယ် အထက်ပါစာရင်းထဲမှ နောက်ဆုံးပုဂ္ဂိုလ်သာလျှင် ဖြစ်ပါတယ်။
Subscribe to