အားကျစရာ ဓမ္မာပါလတို့ရွာ
နေ့နှင့်ညတို့သည် ယခင်ကသိပ်မထူးခြား မကွာခြားလှဟုထင်ခဲ့သည်။ ယခု မျက်မှောက် ကာလမှာတော့ သိသိသာသာ ခြားနားကွာခြားခဲ့လေ ပြီ။တစ်လောက၊ တစ်နေ့ကမြင်တွေ့ ခဲ့ရသည့် မိတ်ဆွေသူငယ်ချင်းများ၊ သူတို့နှင့်ပတ်သက်ရာ ပတ်သက်ကြောင်း ဆွေမျိုး မိတ်သင်္ဂဟများသည် နေ့မြင်ညပျောက်၊ ညမြင်နေ့ပျောက်ဆိုသလို သူတို့ချစ်သူ၊ ခင်သူတို့ အား ထာဝရကျောခိုင်းနှုတ်ဆက် ခွဲခွာသွားခဲ့ကြလေသည်။
