Skip to main content

ကျောပိုးအိတ်လေးကို ချီကာလွယ်ခဲ့သူ

မှတ်မှတ်ရရဆိုရလျှင် ၂၀၀၉ ခုနှစ် ဇူလိုင်လ ၃၀ ရက် မိုးကသဲသဲမဲမဲ ရွာနေသည်။ မိုးတွေက ရွာနေသောကြောင့် ပတ်ဝန်းကျင်ကလည်း မိုးစက်မိုးပေါက်တို့ကြောင့် ဝေဝါးနေသည်။ ကျွန်တော့်အသက်အရွယ်ကြောင့်လည်း ဝေဝါးနေတာဖြစ်ပါသည်။ ကျွန်တော်၏ အသက်သည် ၈၄ နှစ်တင်းတင်း ပြည့်မြောက်ခဲ့ပြီဖြစ်၏ဟူသော အဖွင့်ဖြင့်လေထန်ထန် မိုးသည်းသည်းနေ့ တစ်နေ့တွင် စာရေးသူ တင့်ဆွေ (ဖျာပုံ) က ကျောပိုးအိတ်လေးကို ချီကာလွယ်ဆိုသည့် ဘဝမှတ်တမ်းစာစုကို အစပြုမွေးဖွားဖြစ်ခဲ့သည်။

လေးစားဂုဏ်ယူမိသော ပရဟိတမေတ္တာတရားအခြေခံ

ကိုဗစ် - ၁၉ ကြောင့် အများပြည်သူတွေအကြားမှာ ကပ်ရောဂါကူးစက်မှု တိုက်ရိုက်ခံစားနေကြရတဲ့ သူတွေ၊ သွယ်ဝိုက်ပြီး ခံစားရသူတွေများလာတဲ့ အချိန်မှာ အထူးဂုဏ်ယူလေးစားမိနေတာကတော့ ပရဟိတတွေပါပဲ။

အောက်ဆီဂျင်မလုံလောက်ရင် ဘာဖြစ်မလဲ ဘယ်အချိန်မှာ အောက်ဆီဂျင် အဆိပ်သင့်မလဲ

ကမ္ဘာကြီးသည် ယခုအခါ အသက်ရှူလမ်းကြောင်း ဆိုင်ရာ ကူးစက်ရောဂါပိုး (ကိုဗစ် - ၁၉ ) နှင့် ရင်ဆိုင် ကြုံတွေ့နေရပြီး ထိုအထဲတွင် မြန်မာနိုင်ငံလည်း အပါအဝင်ဖြစ်ပါသည်။ လူသားများ ရှင်သန်နိုင်ရန် အတွက် အောက်ဆီဂျင်သည်မရှိမဖြစ် အရေးပါ သဖြင့် အောက်ဆီဂျင်နှင့်ပတ်သက်ပြီး သိရှိထား သင့်သော အောက်ဆီဂျင်ဖိအားများအကြောင်းကိုကောက်နုတ်ဆွေးနွေးသွားပါမည်။

အမျိုးသားရေးတာဝန်အဖြစ် ပူးပေါင်းကာကွယ် ကိုဗစ် - ၁၉ အန္တရာယ်

ယခုအချိန်သည် ပြည်သူ့ကျန်းမာရေးအတွက် အားလုံးပူးပေါင်းပါဝင်ကာ တက်ညီလက်ညီ ဆောင်ရွက်ရမည့် အချိန်။ အဘယ်ကြောင့်ဆိုသော် ကူးစက်မှုလျင်မြန်လွန်းလှသည့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးကို တစ်ဦးကောင်း တစ်ယောက်ကောင်းဖြင့် ဆောင်ရွက်၍မရ၊ စုပေါင်း အားဖြင့် ဆောင်ရွက်မှသာ ရမည်ဖြစ်သော ကြောင့်ပင်။ ထို့ကြောင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးသည် အမျိုးသားရေးတာဝန် ဖြစ်နေသည်။

ရွှေကိုမလို ရေချိုသာလိုပါသည်

ကျောက်တန်းမြို့နယ်ဟုဆိုလိုက်လျှင် ရန်ကုန်မြစ်၏ မြစ်လက်တက်တစ်ခုဖြစ်သော မှော်ဝန်းမြစ်အတွင်းရှိ ကျွန်းငယ်တစ်ခုပေါ်တွင် မြတ်စွာဘုရား၏ ဓာတ်တော်မွေတော်များကို ဌာပနနာသွင်း၍ တည်ထားသည့် ကျိုက်မှော်ဝန်း ကျောက်တန်းရေလယ်ဘုရားကို အမှတ်ရကြမည်ဖြစ်သလို မရောက်ဖူးသူများ သည်လည်း ဖူးမြော် လိုစိတ် ဖြစ်ပေါ်ကြပေလိမ့်မည်။

ဆားကမြက်

“ပြည်ပန်းညို၊ ချိုပါလျက် ဆားကမြက်” ဆိုစကားထဲက ပြည်ပန်းညို၏ အချို့ ကို သုံးဆောင်ဖူးသူတွေ များသွားသော်လည်း ဆားကိုမူ မလျှော့တမ်း တိုး၍ တိုး၍ စားနေကြပါသည်။ ရလဒ်ကား ချိုမြိန်သော ဘဝအရသာကို ရေရှည်မခံစားနိုင်ဘဲ ရောဂါဝေဒနာတွေ တိုးလျက် အသက်တိုကြရသူတွေ များလာခြင်းဖြစ်သည်။

အုပ်ချုပ်ရေးပီပြင်မှ မြို့ရွာစည်ပင်မည်

“မင်းပေါက်တူးပေါက်တာ ခြေထောက်ကို ခုတ်မိလိမ့်မယ်” ရပ်ကွက်ရှိ ကလေးကစားကွင်းတစ်ခုကို ရပ်ကွက်သားများ လုပ်အားပေးချုံရှင်း၊ မြက်ခုတ် ဆောင်ရွက်ကြစဉ် ကလေးအရွယ် ကျွန်တော့်အား လူကြီးတစ်ဦးက ဤသို့သတိပေးလေသည်။
Subscribe to