ယခုအချိန်ကာလကမ္ဘာပေါ်မှာ ဘယ်အကြောင်းအရာက အရေးအကြီး ဆုံးဖြစ်နေပါသလဲလို့ မေးလာခဲ့ရင်အရာအားလုံးထက်အရေးအကြီးဆုံးက ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေမှု အကျပ်အတည်းကနေ အမြန်ဆုံးလွန်မြောက်နိုင်ဖို့ပဲဖြစ်ပါတယ်။ ဒီလိုကျော်လွှားလွတ်မြောက် နိုင်ဖို့အတွက် ကမ္ဘာပေါ်မှာ မတူကွဲပြားခြားနားမှုတွေကို ဘေးချပြီး နိုင်ငံများအားလုံး ပူးပေါင်းဆောင်ရွက်နေကြပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ဖြစ်ပွားမှုကို ၂၃-၃-၂၀၂၀ ရက်နေ့မှာ စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ပထမလှိုင်းနဲ့ဒုတိယလှိုင်း နှစ်ခု ပေါင်းရင် ပိုးတွေ့ရှိတဲ့ လူနာပေါင်း ၁၄၃,၃၁၈ ဦးရှိခဲ့ပြီး ၁၄၀,၁၀၂ ဦး ပြန်လည်ကောင်းမွန် ခဲ့တာကို တွေ့ရပါတယ်။ ရာခိုင်နှုန်းအားဖြင့် ၉၇သမ၇ ရာခိုင်နှုန်းက ကိုဗစ်-၁၉ ရောဂါပိုးကို ခုခံကာကွယ်နိုင်တဲ့ ကိုယ်ခံစွမ်းအားကို ရရှိခဲ့ပြီး ပြန်လည်ကောင်းမွန်ခဲ့ကြတာဖြစ်ပါတယ်။