အခါရာသီရွေ့ပေမယ့်
၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့။ ရန်ကုန်၊ အင်းလျားကန်ကျွန်းဆွယ်အထက်နားက ဂဠုန်ဦးစောရဲ့ အိမ်မှာ တပည့်တပန်းတွေနဲ့ ယောက်ယက်ခတ်နေတယ်။ ခင်မောင်ရင်ဆိုတဲ့ သူမောင်းမယ့် စစ်စိမ်းရောင် ဖို့ဒ်ဆန်ထရပ်ကား၊ ဘညွန့်၊ မှုန်ကြီးနဲ့ မောင်နီတို့ နောက်ကနေ ခုန်တက်အပြီးမှာ ဝေါခနဲထွက်လာတယ်။ အချိန်က နံနက် ၈ နာရီခွဲ။
