တိုင်းပြည်တည်ဆောက်ရေးနှင့် နိုင်ငံရေးယဉ်ကျေးမှု
တိုင်းပြည်တည်ဆောက်ရေး (Nation Building) ကို စနစ်တကျစီစီကြိုးစားလုပ်ကိုင်တာက နိုင်ငံရေးစနစ်ကောင်းတစ်ရပ် အမှန်တကယ် အခိုင်အမြစ်လွယ်ပြီး ကောင်းခွာရှင်သန် ဖွဲ့ လာရေးအတွက် အင်မတန်မှ အခြေခံကျတယ်ဆိုတဲ့သဘောတရားကို မေ့မထားကြဖို့ သတိပေးနှိုးဆော်တာ ဖြစ်ပါတယ်။ တိုင်းပြည် တည်ဆောက်ရေး (Nation Building) နိုင်ငံတော် တည်ဆောက်ခြင်း(state Building)ကို တစ်ပြိုင် နက်တည်း လုပ်ကိုင်ဖို့ လိုအပ်တယ်ဆိုတာ ကိုတော့ အထူးတလည်ပြောမနေလိုတော့ပါဘူး။ ဒီနှစ်ခုကြား ကွဲပြားခြားနားချက်တွေကိုလည်း နိုင်ငံရေးကို အမှန်တကယ်စိတ်ဝင်စားသူတိုင်း သိနိုင်တာကြောင့်ရယ်၊ ဆောင်းပင်ရဲ့ ဦးတည်ချက် နဲ့လည်း မသက်ဆိုင်တာကြောင့်ရယ် အများကြီးပြောမနေတော့ပါဘူး။ တိုင်းပြည်တည်ဆောက်ရေး ဆိုတာက နိုင်ငံတစ်ခုရဲ့ အမျိုးသားရေးလက္ခဏာ ရပ်တွေကို ခိုင်မာပီပြင်အောင် ခေတ်ရေစီးကြောင်း နဲ့လည်း ကိုက်ညီပြီး ကိုယ့်တိုင်းပြည်ရဲ့ နဂိုမူလ တန်ဖိုးတွေလည်း မပျောက်ပျက်ရအောင် ထိန်းသိမ်းတည်ဆောက်တာဖြစ်ပြီး နိုင်ငံတော် တည်ဆောက်ခြင်းဆိုတာက နိုင်ငံရေးဆိုင်ရာ စတီကျူးရှင်းတွေကို တောင့်တင်းသည်။
