၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၁၁ နာရီအချိန် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပင်လုံမြို့လေးတွင် စုဝေးရောက်ရှိနေကြသည်က ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် တိုင်းရင်းသား ခေါင်းဆောင်များဖြစ်သည်။ နိုင်ငံ့အနာဂတ်အရေးအတွက် စည်းလုံးသော၊ လွတ်လပ်သော ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး တည်ထောင် ရေးအတွက် မျက်နှာချင်း ဆိုင်ကြသည်၊ ဆွေးနွေးညှိနှိုင်းကြသည်၊ အဖြေရှာခဲ့ကြသည်၊ သဘောတူလက်မှတ် ရေးထိုးခဲ့ကြ၏။ ယင်းမှာ ခေတ်သစ်ပြည်ထောင်စုမြန်မာနိုင်ငံ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး နိဒါန်း အစပင် ဖြစ်ပါ၏။ မြန်မာ့သမိုင်းအဆက်ဆက်တွင် တိုင်းရင်းသား ညီအစ်ကိုများအကြား ပထမဆုံးသဘောတူ လက်မှတ်ရေးထိုးကြသည့် ပြည်ထောင်စုသဘောတူ စာချုပ်ဟု ဆိုရမည့် ပင်လုံစာချုပ် ချုပ်ဆိုခဲ့ကြသည်။