Skip to main content

ချောင်းမငယ်၏ အနာဂတ်

“ပြီးခဲ့တဲ့ မတ်လ (၂၈)ရက်နေ့က ပြည်ထောင်စုဝန်ကြီး ဒီချောင်းမငယ် ရေလှောင်တမံကို လာရောက်စစ်ဆေးတဲ့ အခါမှာ ဒီတမံဝန်းကျင်နဲ့ ရုံးပင် သစ်တောကြိုးဝိုင်း ဧရိယာအတွင်းမှာ တောင်သူတွေ ရှိနေတာနဲ့ ပတ်သက်ပြီး ဒီသစ်တောဧရိယာအတွင်းမှာ သီးနှံ သစ်တောရောနှော စိုက်ခင်းထူထောင် သွားဖို့ လမ်းညွှန်မှာကြားခဲ့ပါတယ်။ ဝန်ကြီးရဲ့ လမ်းညွှန်ချက်အရ ဧပြီလ ပထမပတ်အတွင်းမှာ ဒုတိယဝန်ကြီးနဲ့ ကျွန်တော်တို့ ဝန်ကြီးဌာနမှာရှိတဲ့ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနဲ့ ကျွန်တော်တို့ ဆည်မြောင်းနှင့် ရေအသုံး ချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ညွှန်ကြား ရေးမှူးချုပ်နဲ့အဖွဲ့တွေ ကွင်းဆင်းပြီး ဒေသခံတောင်သူတွေနဲ့ တွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။ ဒုတိယဝန်ကြီးက ဒေသခံတွေရဲ့ လိုအပ်ချက်ကို မေးမြန်းဆွေးနွေးပြီး ကျွန်တော်တို့ ဦးစီးဌာနတွေ အလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းစီမံချက်တွေ ရေးဆွဲတင်ပြခဲ့ပါတယ်။ အဲဒီစီမံချက်တွေကို ဆွေးနွေးညှိနှိုင်းပြီး ဦးစီးဌာနအလိုက် လုပ်ငန်းတွေကို စတင်အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ ပါတယ်။

လေလှိုင်းပေါ်က အချောင်သမားများ

မြန်မာနိုင်ငံအတွင်း လက်ရှိအခြေအနေမှာ နိုင်ငံရေးကိုအကြောင်းပြုပြီး အသိအမြင်နည်းပါးမှု၊ အမှောင့်ပယောဂပူးကပ်မှု၊ အတွေးမှား၊ အမြင်မှားမှု၊ သွေးထိုး လှုံ့ဆော်ပေးမှု၊ ထောက်ပံ့မြှောက်ပင့် ပေးမှုတွေကြောင့် တည်ဆဲအစိုးရကို ဆန့်ကျင်ပုန်ကန်သူတွေ ပေါ်ပေါက်လာပါတယ်။ ရပ်ရွာအုပ်ချုပ်ရေး အဖွဲ့ဝင်တွေ၊ မတူကွဲပြားတဲ့သူတွေကို ဒလန်လို့ သတ်မှတ်ပြီး ညှဉ်းဆဲသတ်ဖြတ်ကြပါတယ်။ မြို့ပေါ်တွေမှာ ထောင်ဖောက်ခွဲမှုတွေ ပြုလုပ်ပြီး ကျေးလက်ဒေသ အချို့မှာ လက်နက်ကိုင်သောင်းကျန်းမှုတွေ ပြုလုပ်ကြပါတယ်။

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်အတွင်းရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး ပါဆယ်စနစ်ဖြင့် ရောင်းချမှု ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေး

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်အတွင်းရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး ပါဆယ်စနစ်ဖြင့် ရောင်းချမှု ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေး ဒဂုံမြို့သစ်(တောင်ပိုင်း) ဇူလိုင် ၇ သက်မင်းဟန်

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး တားဆီးကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး တားဆီးကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ ဒဂုံမြို့သစ်(တောင်ပိုင်း) ဇူလိုင် ၇ သက်မင်းဟန်

စဉ့်ကိုင်မြို့နယ်တွင် ငါးသယံဇာတဖွံ့ဖြိုးတိုးတက်စေရေး ငါးသားပေါက် ကောင်ရေ(၁၀)သိန်းစိုက်ထည့်

စဉ့်ကိုင်မြို့နယ်တွင် ငါးသယံဇာတဖွံ့ဖြိုးတိုးတက်စေရေး ငါးသားပေါက် ကောင်ရေ(၁၀)သိန်းစိုက်ထည့် ကျောက်ဆည်၊ ဇူလိုင်၇ သက်မောင်

တန်ဖိုးရှိတဲ့လူ

လူတစ်ယောက်ရဲ့ တန်ဖိုးဟာ အဝတ်အစားကောင်းမွန်သစ်လွင်ပြီး အဖိုးတန်ဝတ်နိုင်တာနဲ့ မဆိုင်ပါဘူး။ လစာဝင်ငွေနည်းတာ၊ များတာနဲ့လည်း မဆိုင်ပါဘူး။ ချမ်းသာတာ၊ ဆင်းရဲတာနဲ့ လည်း မဆိုင်ဘူး။ ရုပ်ချောတာ၊ အပြောကောင်းတာနဲ့လည်း မဆိုင်ဘူး။ ထင်ရှားကျော်ကြား တာနဲ့လည်း မဆိုင်ဘူး။ ဆက်စပ်ပတ်သက်သယောင် ထင်ရပေမယ့် တကယ်ကတော့ မဆိုင်လှပါဘူး။

ဥပဒေပြုရေးဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲများအပေါ်လေ့လာခြင်း(ဆွစ်လန်နိုင်ငံ)

ဆွစ်ဇာလန်နိုင်ငံကို Swiss Confederation (ဆွစ်ပြည်ထောင်စု)ဟု ခေါ်ဝေါ်လေ့ရှိပြီး ဖက်ဒရယ်ပြည်နယ် (Canton) ၂၆ ခု ပါဝင်သော ဖက်ဒရယ်နိုင်ငံဖြစ်ပါသည်။ ကုန်းတွင်းပိတ် နိုင်ငံတစ်ခုဖြစ်၍ အရှေ့ဘက်တွင် ဩစတြီးယားနိုင်ငံ၊ အနောက်ဘက်တွင် ပြင်သစ်နိုင်ငံ၊ တောင်ဘက်တွင် အီတလီနိုင်ငံ၊ မြောက်ဘက်တွင် ဂျာမနီနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပြီး နိုင်ငံ၏ အကျယ်အဝန်းမှာ ၄၁,၂၈၅ စတုရန်း ကီလိုမီတာ ဖြစ်ပါသည်။ ဆွစ်ဇာလန်နိုင်ငံ၏ သုံးပုံနှစ်ပုံမှာ အဲလ်ပက်စ်တောင်တန်းဒေသဖြစ်သော်လည်း ၂၀၁၉ ခုနှစ် စာရင်းအရ လူဦးရေ ၈ ဒသမ ၅သန်းအနက် ဆွစ်လူမျိုးအများစုသည် မြေနိမ့်လွင်ပြင်ဒေသ (Swiss Plateau)တွင် ပိုမိုနေထိုင်ကြပါသည်။ ဘာသာစကားနှင့်ယဉ်ကျေးမှု မတူကွဲပြားခြားနား သည့်အတွက် ဂျာမန်၊ ပြင်သစ်၊ အီတလီနှင့် ရောမ ဘာသာစကားများကို အသုံးပြုကြပြီး ဥပဒေ၊ အစီရင်ခံစာ၊ ဝက်ဘ်ဆိုက်၊ လက်ကမ်းစာစောင်၊ လမ်းညွှန်သင်္ကေတ အစရှိသည်တို့ကို ဂျာမန်၊ ပြင်သစ်၊ အီတလီ ဘာသာသုံးမျိုးဖြင့် ဖော်ပြကြပါသည်။

ရည်မှန်းချက်တာဝန်

ကျွန်တော်တို့လူသားတွေဟာ လောကကြီးထဲမှာ အကြောင်းအမျိုးမျိုး၊ ရည်ရွယ်ချက်အဖုံဖုံ၊ အခြေအနေအမျိုးမျိုးနဲ့ ဖြတ်သန်းနေကြပါတယ်။ ဒီလိုဖြတ်သန်းနေကြတာဟာ အဓိပ္ပာယ်ရှိ သလား၊ မရှိဘူးလားဆိုတာ ကို ဆန်းစစ်ကြည့်ဖို့ လိုအပ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်က တေးရေး မောင်သစ်မင်း ရေးစပ်ပြီး ကွယ်လွန်သူ မင်းသားကြီး ကျော်ဟိန်းအပါအဝင် တေးသံရှင်အများအပြား သီဆိုခဲ့တဲ့ “ အဓိပ္ပာယ်ရှိသောလူသား” တေးသီချင်းလေးကို သတိရမိ ပါတယ်။
Subscribe to