ရည်မှန်းချက်တာဝန်
ကျွန်တော်တို့လူသားတွေဟာ လောကကြီးထဲမှာ အကြောင်းအမျိုးမျိုး၊ ရည်ရွယ်ချက်အဖုံဖုံ၊ အခြေအနေအမျိုးမျိုးနဲ့ ဖြတ်သန်းနေကြပါတယ်။ ဒီလိုဖြတ်သန်းနေကြတာဟာ အဓိပ္ပာယ် ရှိသလား၊ မရှိဘူးလားဆိုတာကို ဆန်းစစ်ကြည့်ဖို့ လိုအပ်ပါတယ်။ ဒါနဲ့ ပတ်သက်လို့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်က တေးရေး မောင်သစ်မင်း ရေးစပ်ပြီး ကွယ်လွန်သူမင်းသားကြီး ကျော်ဟိန်းအပါအဝင် တေးသံရှင်အများအပြား သီဆိုခဲ့တဲ့ “အဓိပ္ပာယ်ရှိသောလူသား” တေးသီချင်းလေးကို သတိရမိပါတယ်။
