သာတူညီမျှ မြန်မာ့သမဝါယမ
အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ပြက္ခဒိန်နှစ်၏ ဇူလိုင်လ ပထမပတ် စနေနေ့ဟု သတ်မှတ်ထားရှိပါသည်။ သို့ဖြစ်ပါ၍ ၂၀၂၁ခုနှစ် ဇူလိုင်လ ၃ရက် (စနေနေ့) သည် ယခုပြက္ခဒိန်နှစ် အတွက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ ဖြစ်ပါသည်။ အဆိုပါ နေ့ရက်တွင် ကမ္ဘာနှင့်အဝန်း သမဝါယမအသင်းအဖွဲ့များဆိုင်ရာ ဌာနများနှင့် တက္ကသိုလ်၊ ကောလိပ်များတွင် အမှတ်တရ အခမ်းအနားများ၊ လှုပ်ရှားမှုများ ဆောင်ရွက်ကြပါသည်။
