Skip to main content

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ နှစ် (၁၀၀) ပြည့်ပွဲ

မြန်မာနိုင်ငံတွင် ပြည်သူတို့၏ “နေရေး” ကို အဖြေတွေး၍ နည်းလမ်းမျိုးစုံဖြင့် ခေတ်အဆက်ဆက် ဖြည့်ဆည်း ပေးလျက်ရှိသော တစ်ချိန်တုန်းက “အိုးအိမ်” ဟု လူသိ များခဲ့သည့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနကြီးသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် သက်တမ်း ကာလနှစ် (၁၀၀) ပြည့်မြောက်မည် ဖြစ်ပေသည်။ စာရေး သူသည် အဆိုပါဌာန၏ အငြိမ်းစားအရာထမ်းတစ်ဦး ဖြစ်ပြီး နှစ်ပေါင်း ၃၀ ကျော် တာဝန်ထမ်းဆောင်ရင်း ပြည်သူတို့၏ နေရေးပြဿနာဖြေရှင်းရာတွင် အုတ် တစ်ချပ်၊ သဲတစ်ပွင့်ပမာအလား တစ်တပ်တစ်အား ပါဝင် ဖြေရှင်းဆောင်ရွက်ခွင့်ရခဲ့သည့်အတွက် များစွာဂုဏ်ယူမိ သကဲ့သို့ ဌာနကြီး၏ နှစ် (၁၀၀) ပြည့်ပွဲကို မျက်ဝါးထင်ထင် ပါဝင်ဆင်နွှဲခွင့်ရသည့် မိမိ၏ကြုံတောင့်ကြုံခဲ အငြိမ်းစား ဝန်ထမ်းဘဝကိုပါ ဝင့်ကြွားမဆုံး တစ်ပြုံးပြုံးရှိနေပါသည်။ ထို့ကြောင့် ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၏ သမိုင်းကြောင်းကို အများပြည်သူ တို့ သိရှိစေရန်အလို့ငှာ ဤဆောင်းပါးကို မဖြစ်မနေ ရေးသားမိခြင်းဖြစ်ပါသည်။ ရှေးဦးစွာ နှစ် (၁၀၀) ပြည့် ဆုတောင်းအဖြစ် “ဇေယျတု သဗ္ဗမင်္ဂလံ ပြည်ထောင်စု မြန်မာနိုင်ငံတော် နိုင်ငံသူ နိုင်ငံသား တိုင်းရင်းသား ညီအစ်ကိုမောင်နှမအပေါင်းတို့သည် ကောင်းကျိုး ချမ်းသာ ခပ်သိမ်းသော ကျက်သရေမင်္ဂလာအဖြာဖြာ တို့ဖြင့် ပြည့်ဝစုံလင် ပျော်ရွှင်ညီညာလိုရာပြီးမြောက် ခရီးရောက်၍ အစိုးရသစ်ကို ကြိုဆိုရင်း လျှမ်းလျှမ်း တောက် အောင်မြင်ကြပါစေသတည်း” ဟု လှိုက်လှိုက် လှဲလှဲ ဆုတောင်းအပ်ပါသည်။

ပြည်တွင်း ကာကွယ်ဆေးထုတ်လုပ်ခြင်းနှင့် အနာဂတ်အလားအလာ

“ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်း၏”ဟူသော ဆောင်ပုဒ်အရ လက်ရှိအချိန်ကာလတွင် ကူးစက်ရောဂါများကို ကာကွယ်ထိန်းချုပ်ရာ၌ ထိရောက်မှုအရှိဆုံးနှင့် အရင်းအနှီးနည်းပြီး အကျိုးအမြတ်များစွာရရှိသည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းသည် ကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းဖြစ်သည်။ အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း သုတေသနပြု လေ့လာတွေ့ရှိချက်အရ “ ရောဂါကာကွယ်ဆေးထိုး လုပ်ငန်းများတွင် အမေရိကန် ဒေါ်လာ တစ်ဒေါ်လာ ရင်းနှီးမြှုပ်နှံခြင်းဖြင့် ၁၆ ဒေါ်လာနှင့် ညီမျှသော ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပြီး ၄၄ ဒေါ်လာ နှင့် ညီမျှသော လူမှုစီးပွားရေးဆိုင်ရာအကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း” မှတ်သားသိရှိ ရသည်။ လက်ရှိအချိန်အထိ ကမ္ဘာတစ်ဝန်း ကူးစက်ရောဂါများကို ကာကွယ်မှုပေးနိုင်သော ထုတ်လုပ်အသုံးပြုလျက်ရှိသည့် ကာကွယ်ဆေးအမျိုးပေါင်း ၃၀ ခန့်ရှိပြီး ယင်းတို့အနက်မှ အမျိုး ၂၀ ခန့်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)မှ အသိ အမှတ်ပြုထားပြီးဖြစ်သည်။

ရှေးကတေးသံ မင်္ဂလာရှိလို့နေပြန်

ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ကိုယ့်ကိုယ်ကိုယ် မင်းတုပ်ချ စာရေးစာဖတ် အလုပ်လုပ်နေတဲ့ ကျွန်တော်ဟာ မြန်မာစံတော်ချိန် ည ၈ နာရီတိတိမှာတော့ တီဗွီရှေ့အမြဲရောက်ပါတယ်။ ည ၈ နာရီနောက်ပိုင်း သတင်းအပြီး မြန်မာ့ရုပ်သံ က ထုတ်လွှင့်တဲ့အစီအစဉ်များဟာ ကျွန်တော်တို့ အဘိုးကြီးလေးများကို အိပ်ရာမဝင်မီ ကြည်နူးနှစ်သိမ့်မှု တစ်ခုခုပေး သွားမြဲဖြစ်လို့ တီဗွီရှေ့ထိုင်ဖြစ်အောင် ထိုင်လေ့ရှိပါတယ်။ ည ၈ နာရီမှာ အိမ်ရှင်မက အမ်အာရ်တီဗွီ အိပ်ခ်ျဒီလိုင်းကို ပြောင်းပေးပြီး သူ့လက်ထဲနာရီအတော်ကြာ ကိုင်ထားတဲ့ တီဗီရီမုဒ်ကို အသာချထားခဲ့ပါတယ်။ ပြီးတော့ ထိုင်နေတဲ့ နေရာက ထသွားတယ်။ စိတ်လိုလက်ရရှိမှ ပြန်လာထိုင်တတ်ပ

Subscribe to