မူးယစ်ခြင်းနှင့် ယစ်မူးခြင်း (၁)
“မူးယစ်ခြင်း”ဟူသောဝေါဟာရကိုမြန်မာအဘိဓာန်
ကျမ်းကြီးတွင် “အရက်သေစာ သောက်စားခြင်းနှင့် မူးယစ်ဆေးဝါးများကို သုံးစွဲခြင်းတို့ကြောင့် ဦးခေါင်း ထဲ၌ ရီဝေပြီး သတိကင်းလွတ်ကာ မိမိကိုယ်မိမိ မထိန်းသိမ်းနိုင်ခြင်းဖြစ်သည်”ဟု ဖွင့်ဆိုထားပါ သည်။ ဆက်လက်၍ အရက်နှင့် မူးယစ်ဆေးသုံးစွဲ ရာက “ပုံမှန်အသိစိတ် (ဝါ) လူသာမန်စိတ်” (Ego) ပျောက်သွားခြင်းမှ ထိုထက်ကျော်လွန်ကာ “အဟိတ်တိရစ္ဆာန်စိတ်” (id) ပေါက်ကာ မကောင်းမှုဒုစရိုက်နယ်ပယ်သို့ ရောက်ရှိသွား နိုင်သည်ဟု လည်း စိတ်ပညာရှင်သုတေသီတို့က ဆိုထားပါ သည်။
