နှလုံးသားကို ဖြူစင်အောင်ထားပါ ဘဝဆိုတာ ကျွန်တော်တို့ရဲ့ဆရာပါပဲ
အထိနာဖို့လိုအပ်ပါတယ်
ကျွန်တော်တို့ဟာ အမြဲလိုလို အထိနာတဲ့အခါကျမှ သင်ခန်းစာ ရလေ့ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဟာ လုပ်နေကျ အလုပ်တစ်ခုကို မကောင်းမှန်းသိလည်း လွယ်လွယ်ကူကူပဲ ဆက်လုပ်နေပါတယ်။ ပြောင်းလဲဖို့ဝန်လေးကြပါတယ်။ စီးကရက်သောက်တာကို မကောင်းမှန်းသိပေမယ့်လည်း စီးကရက်ကြိုက်သူ ကတော့ ဆက်သောက်နေတာပါပဲ။ “ဓာတ်မှန်ပေါ်က မြင်ရတဲ့ အဆုတ်မှာ ကင်ဆာလို့ထင်ရတဲ့ အစက်တွေရှိတယ်။ ခင်ဗျား ဆေးလိပ်ဆက်သောက်နေရင်တော့ ကိုယ့်ကိုယ်ကိုယ် သတ်သလိုဖြစ် မှာပဲ”လို့ ဆရာဝန်က ပြောလိုက်မှပဲသိပ်ကြောက်သွားပြီး ဆေးလိပ် ကိုဖြတ်ဖို့ စဉ်းစားကြပါတယ်။ ။
