စာပေနှင့် အနုပညာမူပိုင်ခွင့်အခွင့်အရေး ကာကွယ်ပေးခြင်း
စာပေ သို့မဟုတ် အနုပညာလက်ရာများ၊ ဖျော်ဖြေတင်ဆက် မှုများ၊ ဖိုနိုဂရမ်ထုတ်လုပ်မှုများနှင့် ထုတ်လွှင့်ခြင်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာခြင်းဖြင့် စာပေနှင့် အနုပညာ ဆိုင်ရာ ထုတ်လုပ်မှုအဆင့်အတန်း မြင့်မားတိုးတက် စေရန်၊ မူလလက်ရာရှင်နှင့် စာပေနှင့် အနုပညာမူပိုင်ခွင့် ပိုင်ရှင်၏ စာပေနှင့်အနုပညာမူပိုင်ခွင့်များကို ဤဥပဒေနှင့် အညီ အကာအကွယ်ပေးနိုင်ရန်၊ ဖျော်ဖြေသူ၊ ဖိုနိုဂရမ် ထုတ်လုပ်သူနှင့် ထုတ်လွှင့်သည့်အဖွဲ့အစည်းတို့၏ ဆက်နွှယ်သည့် အခွင့်အရေးများကို ကာကွယ်စောင့်ရှောက် နိုင်ရန်၊ ရိုးရာဓလေ့အမွေအနှစ်ဖော်ပြချက်များကို ကာကွယ်မြှင့်တင် နိုင်ရေး အတွက် အထောက်အကူ ဖြစ်စေရန် ရည်ရွယ်ချက်များဖြင့် စာပေနှင့် အနုပညာ မူပိုင်ခွင့်ဥပဒေကို ၂၄ - ၅ -၂၀၁၉ ရက်နေ့တွင် ပြဋ္ဌာန်း ခဲ့ပြီးဖြစ်ပါသည်။ ဤဥပဒေသည် နိုင်ငံတော်သမ္မတမှ အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်သည့်နေ့ရက်တွင် စတင်အာဏာတည်မည် ဖြစ်သည်။၁
