ရာသီမရွေးသွားလာနိုင်သော လမ်းများအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူ များ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေမည်
မန္တလေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံအထက်ပိုင်း၏ ကုန်စည်ကူးသန်းရောင်းဝယ်ရေးတွင် အဓိက အားထားရာ တိုင်းဒေသကြီးဖြစ်သည်နှင့်အညီ လမ်းပန်းဆက်သွယ် ရေးကောင်းမွန်ပြီး ခေတ်နှင့်လျော်ညီသည့် အခြေခံ အဆောက်အုံများဖြင့် ဖွံ့ဖြိုးတိုးတက်လျက်ရှိရာ မြို့ပြနှင့်ကျေးလက်နေ ပြည်သူများ၏ လူနေမှု ဘဝကွာဟမှု မရှိစေရေးအတွက် မန္တလေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ နှစ်အလိုက် ရန်ပုံငွေများ လျာထားသတ်မှတ်ကာ ကျေးရွာချင်းဆက်လမ်းများ ဖောက်လုပ် ခြင်း၊ တံတားများ ဆောက်လုပ်ခြင်း များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည်။
