အလေးထားစောင့်ကြည့်ရမည့် တတိယလှိုင်း
ကိုဗစ်-၁၉ နဲ့ လက်ရှိကမ္ဘာ ၂၀၂၁ ခုနှစ် ဇွန်လ ၂ ရက်နေ့အထိ ကိုဗစ်-၁၉ ကာကွယ်ဆေးပေါင်း သန်း ၂၀၂၀ ခန့်၊ တစ်နည်းအားဖြင့် ကမ္ဘာ့လူဦးရေရဲ့ ၂၆ ရာခိုင်နှုန်းဟာ ကာကွယ်ဆေး တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်အပြည့် ထိုးပြီးကြောင်း သိရှိရပါတယ်။ ဒါပေမယ့် တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ပိုးတွေ့လူနာသစ် အရေအတွက်ဟာ မတ်လဆန်းက ပြန်တက်လာခဲ့တာ မေလဆန်းပိုင်းမှာ အမြင့်ဆုံးရောက်ခဲ့ပါတယ်။ အခု ပြန်ကျလာပြီဆိုပေမယ့် မတ်လဆန်း မတိုင်ခင် အခြေအနေကို ပြန်မရောက်သေးပါဘူး။
