ဗုဒ္ဓအကြောင်း သိကောင်းစရာ မှတ်တမ်း
ဒီပင်္ကရာဘုရားထံ၌ ဗျာဒိတ်ရခြင်း “ဤကမ္ဘာမှ နောက်လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း၌ ဂေါတမမည် ဘုရားဖြစ်လိမ့်မည်” ဟူသော အနာဂတံသဉာဏ်ဖြင့် ဆင်ခြင်၍ ဒီပင်္ကရာဘုရားမှ ဗျာဒိတ်ပေးတော်မူခဲ့၏။ ဒီပင်္ကရာဘုရားသည် အရပ်တော် အတောင်ရှစ်ဆယ်ရှိသည်။ ရဟန္တာ ၈၄၀၀၀ ခြံရံလျက် ရှိ၏။ သက်တော်သည် အနှစ်တစ်သိန်းပြည့်သည့်အခါမှ ပရိနိဗ္ဗာန် ပြုသည်။
