Skip to main content

မောင်ဘစီ

ကျွန်ုပ်သည် အမျိုးသားပညာရေးအဖွဲ့ချုပ်၌ အမှုထမ်းနေရာ လွန်ခဲ့သောကိုးနှစ်ခန့်က ပုသိမ်မြို့ အမျိုးသားကျောင်းသို့ ခေတ္တကျောင်းအုပ်အဖြစ်ဖြင့် ဆောင်ရွက်ရန် အဖွဲ့ချုပ်က စေလွှတ်သည့်အတိုင်း သွားရောက်ဆောင်ရွက်ရ၏။ ထိုအခါက မှတ်သား ချီးမွမ်းဖွယ်ကောင်းသော ကျောင်းသားတစ်ယောက် ကို တွေ့ကြုံရ၏။ ထိုသူငယ်ကား မောင်ဘစီ ဆိုသူတည်း။

မြန်မာဥပဒေ သတင်းအချက်အလက်စနစ် သုံးနှစ်တာခရီး

ပြည်ထောင်စုရှေ့နေချုပ်ရုံးသည် ပြည်သူလူထု အတွက် အကောင်းဆုံးဥပဒေဝန်ဆောင်မှုများကို တတ်စွမ်းသမျှ ဆောင်ကြဉ်းပေးရန် အစဉ်ကြိုးပမ်း ဆောင်ရွက်နေသော ဌာနဖြစ်ပါသည်။ တရား ဥပဒေစိုးမိုးရေးအတွက် ဥပဒေဖြင့် ကာကွယ်စောင့်ရှောက်ခြင်း၊ ဥပဒေအသိပညာပေးခြင်းနှင့် ဥပဒေသတင်းအချက်အလက် အခမဲ့ဝန်ဆောင်မှု ပေးခြင်းတို့ဖြင့် ပြည်သူများ၏ ယုံကြည်ကိုးစားသော စံပြအဖွဲ့အစည်းတစ်ခု ဖြစ်လာစေရန် မျှော်မှန်းပါသည်။ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ၂၀၂၀-၂၀၂၄ ခုနှစ် မဟာဗျူဟာစီမံကိန်း၏ ရည်မှန်းချက်မှာလည်း “တရားမျှတရေးအတွက် ဥပဒေဝန်ဆောင်မှု (Providing Legal Service for Justice)” ဖြစ်ပါသည်။ ရည်မှန်းချက်များ ပြည့်မီစေရန် ဆောင်ရွက်ရာတွင် တရားဥပဒေစိုးမိုးမှု တိုးတက်ကောင်းမွန်လာစေရေးကို အထောက် အကူပြုစေမည့် မြန်မာဥပဒေ သတင်းအချက် sa condoso (Myanmar Law Information System - MLIS) ကို ၂၀၁၈ ခုနှစ် မေလ ၂၄ ရက်နေ့ မှစ၍ အောင်မြင်စွာ လွှင့်တင် နိုင်ခဲ့ပြီးဖြစ်ပါသည်။

ကျောင်းသူ ကျောင်းသားအားလုံး စာသင်ခန်းအတွင်းရောက်ရှိစေလို

နိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းအားလုံးသည် မေ ၂၄ ရက်မှစ၍ ပြန်လည်သက်ဝင် လှုပ်ရှားလာပြီဖြစ်သည်။ ကျောင်းသားမိဘများသည် နီးစပ်ရာကျောင်းများသို့ သွားရောက်ကာ ရင်သွေးငယ်များကို ကျောင်းအပ်နှံနေကြပြီဖြစ်သည်။ ဆရာ ဆရာမများမှာလည်း ကျောင်းသားလက်ခံရင်းအလုပ်ရှုပ်နေကြသည်။ ကိုဗစ်-၁၉ ရောဂါ ကြောင့် ကျောင်းများပိတ်ထားရသည်မှာ တစ်နှစ်ကျော်နေပြီဖြစ်သည်။ ယခုဆိုလျှင်ကလေးများသည် ကျောင်းပြန်တက်ရန် ရင်ခုန်နေကြပြီ ဖြစ်သည်။ ဇွန်လ ၁ ရက်တွင် အစိမ်း၊ အဖြူဝတ်စုံလေးများကို ပြန်လည်မြင်ရတော့မည်ဖြစ်သည်။ အခက်အခဲပေါင်းစုံကြားတွင်ကျောင်းများ ပြန်ဖွင့်နိုင်သဖြင့် ကျောင်းသားမိဘများ ဝမ်းမြောက် လျက်ရှိကြသည်။

ပြည်သူလူထု၏ တစ်ခဲနက် ထောက်ခံအားပေးကူညီမှု

နိုင်ငံရေးစရိုက် နိုင်ငံရေး စရိုက် ဆိုသည်မှာ ပြည်သူတို့၏ နိုင်ငံရေးအပြုအမူကို ဖြစ်စေသည့် ပြည်သူများ၏ သဘောထားနှင့် အလေ့အထများပေါင်းစုထားသည့် အရာပင်ဖြစ်ပါသည်။ နိုင်ငံရေးစရိုက်တွင် ကောင်းမွန်သည့် လူမှုအသိုက်အဝန်းတစ်ခုကို ဖြစ်စေသည့် ကိုယ်ကျင့်တရားမျှတမှု၊ နိုင်ငံရေး ယုံတမ်းစကားများ ယုံကြည်မှု၊ တွေးခေါ်များ ပါဝင်ပါသည်။ နိုင်ငံရေးစရိုက်သည် အစိုးရတစ်ရပ် ၏ ပုံရိပ်ဖြစ်သလို ယင်းအစိုးရမတိုင်မီက ဖြစ်ပေါ် ခဲ့သည့် သမိုင်းကြောင်းနှင့် ရိုးရအစဉ်အလာတို့ ၏ အစိတ်အပိုင်းများလည်း ပေါင်စပ်ပါဝင်ပါသည်။

သတင်းအချက်အလက်မှန်တွေနဲ့ ဖွဲ့စည်းထားတဲ့ အကျိုးအကြောင်း အဆိုးအကောင်း စာအုပ်အပေါ် လေ့လာခြင်း

ယနေ့အခြေအနေကို ကမ္ဘာမှာ သတင်းအချက်အလက်နည်းပညာခေတ်လို့ တင်စားကြပါတယ်။ မိမိတို့က နေ့စဉ်နဲ့အမျှသတင်းတွေကို မီဒီယာပလက်ဖောင်း မျိုးစုံကနေ လွယ်လွယ်ကူကူ ရရှိနိုင်ကြတယ်။

ပြည်သူလူထု၏ တစ်ခဲနက် ထောက်ခံအားပေးကူညီမှု

ပြည်သူလူထု၏ တစ်ခဲနက်ထောက်ခံအားပေးကူညီမှုသည် အဖွဲ့အစည်း၊ အုပ်စုတစ်စု၊ အစိုးရတစ်ဖွဲ့၊ နိုင်ငံတစ်နိုင်ငံ၊ ပြည်သူနှင့်သက်ဆိုင်သည့် အဖွဲ့အစည်းများ၊ အသင်းများနှင့် လူပုဂ္ဂိုလ်များ၏ အောင်မြင်မှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ရေရှည်တည်တံ့မှုများကို များစွာအထောက်အပံ့ ဖြစ်စေနိုင်သည့် အနေအထားတစ်ခုဖြစ်ကြောင်းကို ကမ္ဘာ့သမိုင်း၊ မြန်မာ့သမိုင်းနှင့် ကျော်ကြားသည့် လူပုဂ္ဂိုလ်တို့၏ ဘဝအတွေ့အကြုံများကို လေ့လာကြည့်ပါက မြင်တွေ့ရမည်ဖြစ်ပါသည်။
Subscribe to