၂၀၁၄ ခုနှစ် ပြည်ထောင်စုလူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းတွင် ပညာရေးကဏ္ဍ၌ စာတတ်မြောက်မှုနှုန်းမှာ ၈၉ ဒသမ ၅ ရာခိုင်နှုန်းခန့်ရှိသဖြင့် အသက် ၁၅ နှစ်နှင့် အထက် နိုင်ငံလူဦးရေ၏ ၁၀ ရာခိုင်နှုန်းမှာ စာမတတ်သူများဖြစ်နေကြောင်း ထုတ်ပြန်ထားပါသည်။ ထို့အတူ ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၏ ပညာရေးကဏ္ဍတွင် စာတတ်မြောက်မှုနှုန်းမှာ ၈၉ ဒသမ ၁ ရာခိုင်နှုန်းခန့်ရှိကြောင်း ထုတ်ပြန်ခဲ့သဖြင့် ယခင်ကထက်နိုင်ငံအတွင်း စာတတ်မြောက်မှုရာခိုင်နှုန်း အနည်းငယ်လျော့ကျလာကြောင်း တွေ့ရှိရပါသည်။