Mar 14, 2023
မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက်စကားသံများအား သဇင် FM ၏ “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “လူငယ်တွေရဲ့ ပညာရေးလမ်းကြောင်းကို ဖျက်ဆီးနှောင့်ယှက်နေတဲ့ PDF များ” ခေါင်းစဉ်ဖြင့် မတ် ၁၅ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်သည်။
Mar 14, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် “နိုင်ငံ၏အခြေခံကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုခိုင်မာအောင်တည်ဆောက်၍ တစ်မျိုးသားလုံးသက်ရှည်ကျန်းမာသည့် ကျန်းမာရေးစနစ်ဖြစ်ပေါ်လာရေး” လူမှုရေးဦးတည်ချက်ကို ချမှတ် အကောင်အထည်ဖော်လျက်ရှိသည်။ ပြည်သူများ သက်ရှည်ကျန်းမာရေးကို ဆောင်ရွက်ပေးရာ၌ အစားအသောက်များ ဘေးကင်းလုံခြုံစိတ်ချရေးသည် အရေးကြီးသောအချက်ဖြစ်သည်။
Mar 14, 2023
လာမည့်မိုးရာသီ ဇွန်၊ ဇူလိုင် သစ်ပင်စိုက်ပျိုးရေးလများတွင် ဖြန့်ဝေစိုက်ပျိုးနိုင်ရန်အတွက် သစ်ပင်ပျိုးပင်များကို ပြုစုပျိုးထောင်လျက်ရှိပြီဖြစ်သည်။ နိုင်ငံအတွင်းရှိ ဒေသအနှံ့အပြား မြို့ရွာများတွင် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် နှစ်စဉ်သစ်ပင်ပေါင်း သန်းနှင့်ချီ၍ လူထုလှုပ်ရှားမှုအသွင်ဖြင့် စိုက်ပျိုးလျက်ရှိသော်လည်း “ရှင်အောင်စိုက်ပျိုး၊ ကြီးအောင်ပြုစု၊ မြဲအောင်ထိန်းသိမ်း” ဟူသော ဆောင်ပုဒ်ပါ လုပ်ငန်းစဉ်များအတိုင်း လိုက်ပါဆောင်ရွက်နိုင်မှုမှာ အားနည်းလှသည်။
Mar 13, 2023
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက် တည်ထောင်လိုသော ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ [Shan-Ni Solidarity Party (S.S.P)] နှင့် လူထုပါတီ (The Party for People) တို့သည် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ယနေ့တွင် လာရောက်လျှောက်ထားခဲ့ပါသည်။
Mar 13, 2023
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးနှင့် အမှတ်(၁)ရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတို့အား PDF အမည်ခံ အကြမ်းဖက်သမားများက Drone ယာဉ်များအသုံးပြု၍ Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့သဖြင့် ရုံးဝန်ထမ်းအမျိုးသား ၁ ဦးသေဆုံးပြီး အမျိုးသား ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
Mar 13, 2023
ရခိုင်ပြည်နယ်အတွင်းရှိ ကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် တပ်မတော် ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) ဖြင့်ရောက်ရှိနေသော တပ်မတော်နှင့်ကျန်းမာရေးဝန်ကြီးဌာနတို့မှ အထူးကုဆေးအဖွဲ့များမှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများသည် ယနေ့တွင် စနဲမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ခွဲစိတ်ကုသပြီးသော ဒေသခံပြည်သူများအား ဆေးရုံရေယာဉ်ပေါ်၌ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေး၍ မျက်မှန်များတပ်ဆင်ပေးပြီး အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် လက်ဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်ကြသည်။ ထို့နောက် အဆိုပါလူနာများအား စနဲမြို့ ဆိပ်ခံတံတားသို့ တပ်မတော်ရေယာဉ်ဖြင့် ပြန်လည်ပို့ဆောင်ပေးသည်။
Mar 13, 2023
၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၈ ရက်တွင် စတင်ကျင်းပလျက်ရှိရာ ယနေ့တွင် စတုတ္ထနေ့အဖြစ် ဓာတုဗေဒဘာသာရပ်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာ အထက်တန်းကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
Mar 13, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၁၂-၃-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၃-၃-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၃,၄၂၄) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂) ဦး တွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၀၆) ရာခိုင်နှုန်း ရှိပါသည်။
Mar 13, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ ကျောင်းသား ကျောင်းသူများအားလုံး အလယ်တန်းဆင့် (Grade 9) ပြီးမြောက်အောင်မြင်ပါက စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးပညာရပ်များကို သင်ယူလေ့ကျင့်ခွင့်ရရှိနိုင်ရေးအတွက် ခရိုင် ၅၀၏ မြို့နယ်များရှိ အခြေခံပညာအထက်တန်းကျောင်း ၅၁ ကျောင်းတွင် တွဲဖက်ဖွင့်လှစ်နိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
Mar 13, 2023
ရခိုင်ပြည်နယ်အတွင်းရှိ ကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးရန် တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ နယ်လှည့်အထူးကုဆေးအဖွဲ့များလိုက်ပါလာသည့် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)သည် ယနေ့တွင် ကျောက်ဖြူမြို့နယ် စနဲမြို့ ရေတပ်ဆိပ်ခံတံတားသို့ရောက်ရှိရာ နယ်မြေခံရေတပ်စခန်းဌာနချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများက သောင်းသောင်းဖြဖြကြိုဆိုကြသည်။
Mar 13, 2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် ချောင်းမငယ်ရေလှောင်တမံဧရိယာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော သဘာဝဂေဟစနစ်အမှီပြု လယ်ယာကဏ္ဍတိုးတက်ရေးစီမံကိန်း Agroecological Project တွင်ပါဝင်သည့် သီးနှံသစ်တောရောနှောစိုက်ခင်းများ ထူထောင်ခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးသည်။
Mar 13, 2023
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့ရှိ အစိုးရနည်းပညာအထက်တန်းကျောင်းနှင့် ကွန်ပျူတာတက္ကသိုလ်များကို ကြည့်ရှုစစ်ဆေးသည်။
Mar 13, 2023
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ရခိုင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းနှင့်အတူ ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ် ဂွမြို့နယ်၌ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် လေစွမ်းအင်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မည့် ဖြစ်မြောက်နိုင်စွမ်း စူးစမ်းလေ့လာမှုဆောင်ရွက်နိုင်ရန် လေတိုက်နှုန်းတိုင်းကိရိယာ (Anemometers) စိုက်ထူထားသော ဂွလေအားလျှပ်စစ်စီမံကိန်း ဆောင်ရွက်လျက်ရှိသည့်အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Mar 13, 2023
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျအကောက်ခွန်အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မတ် ၇ ရက်တွင် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၌ ခရီးသည်ဝန်စည်အတွင်းမှ တရားဝင်စာရွက် စာတမ်းတင်ပြ နိုင်ခြင်းမရှိသည့် Dji Drone တစ်စင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၈၀၀၀၀ ကိုလည်းကောင်း၊ မတ် ၉ ရက်တွင် အေးရှားဝေါလ်ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ တစ်လုံးအတွင်းမှ သွင်းကုန်လိုင်စင်တင်ပြနိုင်ခြင်းမရှိသော Oil Filter ၉၀၁၄ ခုအပါအဝင် ကုန်ပစ္စည်းနှစ်မျိုး ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၃၃၅၀၄၀ ကိုလည်းကောင်း၊ မတ် ၁၀ ရက်တွင် ထီးတန်းဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသော Kanjove Electric Tea Pot Double Cooker ၈၄ လုံး ခန့်မှန်းတန်ဖိုးငွေကျပ် ၆၁၄၄၀၀၀ ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၂၅၉၀၄၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီအရေးယူဆောင်ရွက်လျက်ရှိသည်။
Mar 13, 2023
ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်၌ ဆေးခြောက်အဆီဖြင့် ချောကလက်မုန့် ပြုလုပ်ရောင်းချသူကို ဖော်ထုတ်ဖမ်းဆီးရမိကြောင်း သိရသည်။
Mar 13, 2023
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Mar 13, 2023
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်၊ ရန်ကုန်နှင့် နားလည်မှုစာချွန်လွှာ (Memo-randum of Understanding) လက်မှတ်ရေးထိုးထားသော ဂျပန်နိုင်ငံ Kitasato University မှ နှစ်စဉ်ကျင်းပသည့် International Student Exchange Program အရ ၂၀၂၃ ပညာသင်နှစ်တွင် မတ် ၁၃ ရက်မှ ၁၈ ရက်အထိ ဂျပန်နိုင်ငံတိုကျိုမြို့တွင် ကျင်းပ မည့် Kitasato University International Exchange Program 2023 including the cross-cultural interdisciplinary case study သို့ တက်ရောက်ရန် ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ် ရန်ကုန်မှ စတုတ္ထနှစ် ဘွဲ့ကြိုကျောင်းသူသုံးဦးသည် ယမန်နေ့ညနေပိုင်းတွင် ရန်ကုန်မြို့မှ ဂျပန်နိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။
