Skip to main content

Aug 11, 2021

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၌ အကြမ်းဖက် ဖောက်ခွဲဖျက်ဆီးရေး လုပ်ရပ်များတွင် အသုံးပြုရန်အတွက် ပစ္စည်းများသိုဝှက်သိမ်းဆည်းထားရှိကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေစဉ် တရားခံ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးတို့အား ဖောက်ခွဲဖျက်ဆီး ရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တိုက်ခန်းပေါ်မှ ခုန်ချခဲ့သူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးသေဆုံးခဲ့ကာ အမျိုးသား ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 11, 2021

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ယခုရက်ပိုင်းအတွင်း မန္တလေးပဲဈေးကွက်အတွင်း၌ အိန္ဒိယ နိုင်ငံ၏ ဝယ်လိုအားကြောင့် မတ်ပဲနှင့် ပဲစင်းငုံများမှာ အရောင်းအဝယ် အထူးကောင်းမွန် လျက်ရှိပြီး ဈေးနှုန်းမှာလည်း ငါးနှစ်အတွင်း အမြင့်ဆုံးဈေးများရရှိကာ စံချိန်တင်မြင့်တက် လျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 11, 2021

ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှုကြောင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူဖြစ်စေရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ အစိုးရ၊ တပ်မတော်နှင့် ပုဂ္ဂလိကပိုင် ဒေသတွင်းစိုက်ပျိုးမွေးမြူရေးနှင့် အခြားလူသုံးကုန် လုပ်ငန်းများ ကုန်ထုတ်လုပ်မှု ရာနှုန်းပြည့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အဆိုပါနေရာများသို့ သွားရောက်ကြည့်ရှုကြပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 11, 2021

လတ်တလောတွင် နိုင်ငံတစ်ဝှမ်းလုံးတွင် Covid-19 ရောဂါတတိယလှိုင်း ကူးစက်ဖြစ်ပွားမှု များ ဖြစ်ပေါ်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အောက်ဆီဂျင်၊ ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများအရေးပေါ် လိုအပ်မှုမှာလည်း မြင့်တက်လျက် ရှိပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် အဆိုပါပစ္စည်းများကို အပြည်ပြည်ဆိုင် ရာလေဆိပ်၊ ပင်လယ်ရေကြောင်းဆိပ်ကမ်းများနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိပဲ လွယ်ကူလျင်မြန်စွာတင်သွင်းနိုင်ရေးအတွက် ဆက်စပ် ဝန်ကြီးဌာနများနှင့် ထိထိရောက်ရောက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိပြီး သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသည့် အသိပေးကြေညာချက်များ၊ တာဝန်ရှိသူများ ညှိနှိုင်းထားသည့် SOP များနှင့်အညီ လွယ်ကူမြန်ဆန် နိုင်ရေးအတွက် ပူးပေါင်း ဆောင်ရွက် ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 11, 2021

မန္တလေးတိုင်းဒေသကြီးအတွင်း လက်နက်/ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများကို ပူးပေါင်းပါဝင် ဖော်ထုတ်ဖမ်းဆီးရာ၌ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသူများအား ဂုဏ်ပြုချီးမြှင့်ခြင်းကို ယနေ့ နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အားကစားခန်းမ၌ ပြုလုပ်ရာ မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 11, 2021

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများနှင့် နေပြည်တော် အိမ်ရာတည်ဆောက်ရေး အဖွဲ့များက နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) သို့ အောက်ဆီဂျင်အိုးကြီး (40 Liter) အလုံး ၆၀ နှင့် အလှူငွေကျပ် ၁၂၅ သိန်း စုစုပေါင်းတန်ဖိုးငွေကျပ် ၂၇၅ သိန်း ပေးအပ် လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် အဆိုပါဆေးရုံကြီး အုပ်ချုပ်မှုဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 11, 2021

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ဩဂုတ် (၂) ရက်မှ (၁၀) ရက်အထိ ပြည်ထောင်စုအဆင့် ဌာနအဖွဲ့အစည်းများက ရေးဆွဲ တင်ပြလာသော ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ (၆) လ အတွက် ဘဏ္ဍာငွေ အရအသုံးခန့်မှန်းခြေငွေစာရင်းများကို စိစစ်ဆောင်ရွက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 11, 2021

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၁) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 11, 2021

ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းစဉ်များတွင် ပြည်သူများ ပိုမိုပူးပေါင်း လာစေရန်အတွက်လည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ပြည်သူများအသိပညာပေး လုပ်ငန်း များကို ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်စေရေးနှင့် စနစ်တကျ မှတ်တမ်းတင်နိုင်ရေးအတွက် လည်းကောင်း “ကိုဗစ်- ၁၉ ကာကွယ်ရေး၊ ပြည်သူအားလုံး ပါဝင်ပေး” ခေါင်းစဉ်နှင့် “ကိုဗစ်-၁၉ ကပ်ရောဂါ၊ လက်တွဲညီညာ တိုက်ဖျက်ပါ” ခေါင်းစဉ်များဖြင့် ရောင်စုံဓာတ်ပုံပြိုင်ပွဲများကို ပြန်ကြားရေးဝန်ကြီးဌာနက ဖိတ်ခေါ်ထားကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 11, 2021

“ကူးစက်ဖြစ်ပွားမှုနှုန်းကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားနိုင်သည်ဆိုသော်လည်း စိတ်ချရသည့်အနေအထားတွင် မရှိသေးကြောင်း၊ ကူးစက်ရောဂါ ဖြစ်ပွားမှုနှုန်းကို ယခု သြဂုတ်လတွင် တစ်ဝက်၊ ခေါက်ချိုးကျသည်အထိဆွဲချနိုင်ရေး ကြိုးစား လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ ယခင်က ၄၀၀၀ ခန့်ဖြစ်ပွားမှုကို ၂၀၀၀ အထိ လျော့ကျနိုင်ရေး လုပ်ဆောင် သွားမည်ဖြစ်ပြီး နောက်လများတွင် ထိုထက်ပိုမို ကျဆင်းအောင် ဆက်လက်ကြိုးပမ်း လုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ သတ္တမအကြိမ် ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 11, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့သည်မှာ (၆) လ ပြည့်လွန်ခဲ့ပြီဖြစ်သည်။ ပါတီစုံဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံ၍ ပြည်ထောင်စု နိုင်ငံတော်ကြီး တည်ထောင်မည့်ခရီးလမ်းတွင် နိုင်ငံ့အာဏာကို မမှန်မကန် ရယူရန်ကြိုးပမ်းမှုက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပေါ်ပေါက်လာရခြင်း၏ အခြေခံအကြောင်းရင်းဖြစ်သည်။ အာဏာရပါတီနှင့် အစိုးရတို့က အာဏာနှင့်လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြု၍ ရွေးကောက်ပွဲတွင် မဲမသမာမှုပြုလုပ်ကာ တစ်ပါတီတည်း ကြီးစိုးရေး လုပ်ဆောင်မှုသည် နိုင်ငံကို ပါတီစုံဒီမိုကရေစီ လမ်းကြောင်းမှ တိမ်းစောင်းသွားစေသည်။ လွတ်လပ်ခြင်း၊ တရားမျှတခြင်းနှင့် သန့်ရှင်းခြင်း တို့နှင့်စပ်လျဉ်း၍ ဖြေရှင်းပေးနိုင်ခြင်းမရှိသော မဲရလဒ်ဖြင့် လွှတ်တော်ကို ဇွတ်ခေါ်ရန် ကြိုးပမ်းခြင်းကြောင့် စစ်မှန်၍ တရားမျှက သန့်ရှင်းသော ဒီမိုကရေစီကို ဖော်ဆောင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပေါ်ပေါက်လာရခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 10, 2021

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၁) ဖြင့် မြန်မာနိုင်ငံဝန်ကြီးဌာန (၁၁) ခုမှ အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ရရှိသော စီမံကိန်းများအတွက် ရန်ပုံငွေလွှဲ ပြောင်းလက်ခံလွှာ လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံခြားရေး ဝန်ကြီးဌာန၌ ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဉီးဝဏ္ဏမောင်လွင်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်တို့က လက်မှတ်ရေးထိုးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 10, 2021

(၉-၈-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၀-၈-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၄,၄၅၇) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ် (၄,၄၃၄) ဦး တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း (၃,၂၈၄,၂၃၇) ခု အား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၃၃၇,၅၆၁) ဦး ရှိပြီဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 10, 2021

ဟိုတယ်နှင့်ခရီးသွားလာရေးကဏ္ဍ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာနနှင့်အတူ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်အပါအဝင် ညီနောင်အသင်းအဖွဲ့များက ယုံကြည်မှုဖြင့် တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ခရီးသွားလုပ်ငန်း များ ပြန်လည်ရှင်သန်ရေးအတွက် ဆောင်ရွက်ရာတွင် အခက်အခဲများစွာရှိနိုင်ပါကြောင်း၊ သို့ရာ တွင် ရရှိလာသည့်အခွင့်အရေးများကို လက်လွတ်မှုမရှိအောင် ရယူဆောင်ရွက်ခြင်းနှင့် အခက် အခဲများကို ဝိုင်းဝန်းလက်တွဲ ဖြေရှင်းခြင်းဖြင့် ဆောင်ရွက်ရန်လိုအပ်ကြောင်း ယနေ့ နံနက်ပိုင်း တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများကို Online စနစ်ဖြင့်တွေ့ဆုံစဉ် ပြောကြား သည်။

ဆက်လက်ဖတ်ရှုရန်

Aug 10, 2021

ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော် နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက် အကူပြုပစ္စည်းများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 10, 2021

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် ရွေးချယ်တင်မြှောက်ပွဲကို စက်တင်ဘာ ၇ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် ရွေးချယ်တင်မြှောက်ရေး အဖွဲ့က ယနေ့တွင် အသိပေးကြေညာထားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 10, 2021

မြန်မာနိုင်ငံ၏လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံချက်အား ၂၀၁၄ ခုနှစ် ဒီဇင်ဘာလက အတည်ပြု ထုတ်ပြန်ခဲ့ပါကြောင်း၊ လူမှုဝန်ထမ်း ဦးစီးဌာန အနေဖြင့် မဟာဗျူဟာ စီမံချက်ပါ ငွေကြေးအထောက်အပံ့ပေးရေး လုပ်ငန်း အစီအစဉ်များ အနက် လူမှုရေးပင်စင်အစီအစဉ်နှင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွား လာသော အသက်(၂)နှစ်အောက် ကလေးသူငယ် များအား ငွေကြေးအထောက်အပံ့ ပေးရေး အစီအစဉ် (MCCT) အစီအစဉ်(၂)ရပ်ကို ပုံမှန်အစီအစဉ်များအနေဖြင့် အကောင်အထည် ဖော်လျက်ရှိပါကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင် က ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 10, 2021

ကိုဗစ်-၁၉ ရောဂါ နေ့စဉ်ကူးစက်မှုနှုန်း လျော့ကျလာသည့် -လက္ခဏာများကိုတွေ့ရသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင် -ရောဂါကူးစက်မှုများပြားသည့် မြို့နယ်များတွင် အသွားအလာ -ကန့်သတ်မှုနှင့် နေအိမ်တွင်သာ နေထိုင်သည့် အစီအစဉ်ကို ချမှတ်ခြင်း၏ အကျိုးဆက်ဟု ဆိုရမည်ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါသည် ခုခံအားလျော့နည်းကျဆင်းသည့် ရောဂါကဲ့သို့ပင် လူ့အသိုင်းအဝိုင်း လူ့အဖွဲ့အစည်းများအကြားကာလရှည်ကြာစွာ ဆက်လက် တည်ရှိနေမည်ဖြစ်ကြောင်း ဆေးသိပ္ပံပညာရှင်များက ယူဆထားကြရာ မိကိုယ်ကို ရောဂါကူး စက်မှုမခံရစေရေးအတွက်သတိထား၍ ကာကွယ်ကြရတော့မည်ဖြစ်သည်။ နေမှုထိုင်မှုသွားမှု လာမှုလှုပ်ရှားမှုအားလုံတွင် မမြင်မတွေ့နိုင်သော်လည်း အန္တရာယ်ကြီးမားလှသည့် ကိုဗင် ရောဂါပိုးကို သတိကြီးကြီးထားကာ ရှောင်ရှားကြရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 10, 2021

လက်ရှိကာလတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အများစု၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုသည် ယခင်ထက်စာလျှင် ၄၅ ရာခိုင်နှုန်းခန့်အထိ ကျဆင်းလာသည်ကို တွေ့ရပြီး အချို့သောတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်မူ ရောဂါဖြစ်ပွားနှုန်း တန်းနေခြင်းမျိုးကို တွေ့ရှိနေရသည်။ ကျန်းမာရေးဝန်ကြီးဌာနက ရောဂါကာကွယ်ထိန်းချုပ် နိုင်ရေးကို မနားမနေ ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပြည်သူများကလည်း ကိုယ့်နည်းကိုယ့်ဟန်တတ်နိုင်သမျှ ကြိုးစားဆောင်ရွက်နေကြသည်ကို တွေ့ရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 09, 2021

ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းသည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး အတွင်း ပြည်သူ့ဆေးရုံများ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေး လုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်