Skip to main content

Aug 08, 2021

ယနေ့သည် အရှေ့တောင်အာရှနိုင်ငံများအသင်း( အာဆီယံ) ကို တည်ထောင်ခဲ့သည့် (၅၄)နှစ်မြောက် နှစ်ပတ် လည်အခါသမယဖြစ်ပါသည်။ တည်ငြိမ်အေးချမ်းမှု၊ လုံခြုံမှုနှင့် စဉ်ဆက်မပြတ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ အတူတကွသာယာဝပြောမှု၊ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုတို့နှင့် ထာဝရပြည့်စုံသော ဒေသတစ်ခုအတွင်း အတူတကွ ပေါင်းစည်းနေထိုင်ကြရန် တူညီသည့်ဆန္ဒဖြင့် အာဆီယံအသင်းကြီးကို တည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။ ယခုကဲ့သို့ မင်္ဂလာရှိသည့် အခါသမယတွင် မြန်မာနိုင်ငံအတွင်းမှီတင်း နေထိုင်ကြသော ပြည်သူအပေါင်းနှင့် အာဆီယံ ဒေသတွင်းရှိ ပြည်သူတစ်ရပ်လုံး ကောင်းကျိုးချမ်းသာ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း နှုတ်ခွန်းဆက်သ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 08, 2021

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသဆေးရရှိရေး၊ ရောဂါကူးစက် ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေး၊ ကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုများ နည်းလမ်းတကျရရှိရေးအတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) သည် သက်ဆိုင်ရာကော်မတီများ၊ ဌာနများ၊ အဖွဲ့ အစည်းများနှင့် ချိတ်ဆက်၍ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များ၊ ကုန်သည်များ၊ အသင်းအဖွဲ့ ကိုယ်စားလှယ်များ နှင့် အရှိန်မြှင့်ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 08, 2021

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် ရွေးချယ်တင်မြှောက်ပွဲကို စက်တင်ဘာ ၇ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် ရွေးချယ်တင်မြှောက်ရေး အဖွဲ့က ယနေ့တွင် အသိပေးကြေညာထားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 07, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၁၃/၂၀၂၁)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 07, 2021

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ၂၀၂၁ ခုနှစ်၊ ယမန်နေ့ ညနေ ၅ နာရီခွဲတွင် စတင်၍ ဗွီဒီယိုကွန့်ဖရင့်ဖြင့် ကျင်းပပြုလုပ်သည့် (၂၈)ကြိမ်မြောက် အာဆီယံဒေသဆိုင်ရာဖိုရမ်သို့ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပါဝင်တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 07, 2021

လက်ရှိတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အများစု၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုသည် ယခင်က ထက်စာလျှင် ၄၅ ရာခိုင်နှုန်းခန့်အထိ ကျဆင်းလာသည်ကို တွေ့ရှိနေရပါကြောင်း၊ အချို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်မူ ရောဂါ ဖြစ်ပွားမှုတန့်နေခြင်းကို တွေ့ရှိနေရပါကြောင်း၊ ရောဂါဖြစ်ပွားမှုများ ဆက်လက် ကျဆင်းလာရေးအတွက်လည်း ပိုမိုအားစိုက်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 07, 2021

ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်းသည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးအောင်မင်း၊ ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာလှ၊ ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာနနှင့် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမင်း၊ ပဲခူး တိုင်းဒေသကြီး ကုသရေးဦးစီးဌာနနှင့် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသီဟ၊ တာဝန် ရှိသူများနှင့်အတူ ဩဂုတ် ၆ ရက်တွင် ပဲခူးတိုင်း ဒေသကြီး ပဲခူးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ကုသရေးလုပ်ငန်းများ ဆောင်ရွက်မှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 07, 2021

နိုင်ငံတော်အတွင်း ဆူပူအကြမ်းဖက်သူလူအုပ်စုများအနေဖြင့် နိုင်ငံတော်ပိုင်အဆောက် အဦများ၊ အေးချမ်းစွာ နေထိုင်လိုသော ပြည်သူလူထုအချို့၏ နေအိမ်များ၊ အများပြည်သူသွားလာ လှုပ်ရှားနေသော လမ်းမကြီးများ ပေါ်တွင် လက်လုပ်ဗုံးများ ပစ်ဖောက်ခြင်း၊ ထောင်ထားခြင်းများအား ပြုလုပ်နေကြသည်ကို တွေ့ရှိရပါသည်။ ၎င်းအပြင် လတ်တလော ကျန်းမာရေးလုပ်ငန်းများ၊ ကူညီကယ်ဆယ်ရေး လုပ်ငန်းများတွင် စိတ်စေတနာ ပြည့်ဝစွာဖြင့် အနစ်နာခံပေးဆပ်လုပ်ကိုင်လျက် ရှိသော စေတနာ့ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ကိုလည်း နည်းမျိုးစုံဖြင့် ဦးတည်တိုက်ခိုက် လာသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 07, 2021

ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု စေရန်အတွက် တပ်မတော်နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက် အကူပြုပစ္စည်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော် ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များသို့ ပေးပို့လှူဒါန်းလျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 07, 2021

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ပြည်သူများအတွက် အရေးတကြီး လိုအပ်လျက် ရှိသော ကိုဗစ် -၁၉ ရောဂါ ကာကွယ်ကုသရေးဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို ပြည်ပမှ ပင်လယ် ရေကြောင်း၊ လေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေစခန်းများမှ တင်သွင်းရာတွင် အဆင်ပြေ ချောမွေ့စေရန် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ လုပ်ထုံးလုပ်နည်းများ ဖြေလျှော့ပေးခြင်း၊ သယ်ယူပို့ဆောင်ရေးနှင့် လုံခြုံရေးကိစ္စရပ်များ ကူညီဆောင်ရွက်ပေးခြင်း၊ သွင်းကုန်လိုင်စင် လျှောက်ထား ခြင်းမှ ယာယီကင်းလွတ်ခွင့်ပြု ပေးခြင်းများကို SOP နှင့်အညီ ပိတ်ရက်မရှိ နေ့စဉ်ကူညီ ဆောင်ရွက်ပေး လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို အပြည်ပြည်ဆိုင်ရာ လေကြောင်း၊ ရေကြောင်းများ၊ တရုတ်နိုင်ငံ ကုန်သွယ်ရေးစခန်းများသာမက ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုန်သွယ်ရေးစခန်းများမှ တင်သွင်းနိုင်ရေး သံတမန် လမ်းကြောင်းမှ ညှိနှိုင်းစီစဉ် ဆောင်ရွက်ပေးထားကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 07, 2021

ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းများ၌ ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိပြီး ပြီးစီးသည့် နေရာများတွင် စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ သည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပရဟိတ အဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင်ဆောင်ရွက်လျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 07, 2021

နေပြည်တော် ပုဗ္ဗသီရိမြို့နယ် တပင်ရွှေထီးရပ်ကွက်ရှိ နေပြည်တော် ပြည်သူ့ ဆေးရုံကြီး ခုတင် (၃၀၀) ဝန်းအတွင်း တည်ဆောက်ထားသည့် ကျန်းမာရေး ဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန အောက်ဆီဂျင် ထုတ်လုပ်သည့်စက်ရုံ (Liquid Oxygen Plant) (နေပြည်တော်) ကို ယနေ့နံနက်ပိုင်းတွင် စတင်ဖွင့်လှစ်ရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်မျိုးတင်၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်နှင့် တာဝန်ရှိသူများသည် စက်ရုံ အတွင်း အောက်ဆီဂျင် ထုတ်လုပ်နေမှု အခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ ဆေးရုံအုပ်ကြီး ဒေါက်တာသီတာစိုးနှင့် တာဝန်ရှိသူများက အောက်ဆီဂျင် ထုတ်လုပ်မှု အဆင့်ဆင့်၊ ထုတ်လုပ်နိုင်မှုနှင့် ဖြန့်ဖြူးသွားမည့် အခြေအနေများကို လိုက်လံရှင်းလင်း ပြသကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 07, 2021

ယခုအခါတွင် မြန်မာနိုင်ငံအတွင်း၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားလျက်ရှိသဖြင့် ပြည်သူများ ကပ်ရောဂါ ကင်းဝေးရေး၊ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို နိုင်ငံတော်က အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိသည့်နည်းတူ ပြည်သူများကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်လျက် ရှိသဖြင့် ကိုဗစ်ရောဂါဖြစ်ပွားမှုကို အတော်အသင့်ထိန်းချုပ်လာနိုင်ပြီဖြစ်သည်။ ကိုဗစ်ရောဂါ ဖြစ်ပွား သေဆုံးမှုများ ဆက်လက်မြင့်မားလာခြင်းမရှိဘဲ အခြေအနေကောင်းများ ရရှိလာပြီဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 07, 2021

ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းသည် ပထမလှိုင်းနှင့် ဒုတိယ လှိုင်းတို့ထက်ပို၍ ပြင်းထန်သည်။ နေ့စဉ်ဓာတ်ခွဲအတည်ပြုလူနာ အရေအတွက်၊ ရောဂါပိုးတွေ့ရှိသူ ရာခိုင်နှုန်းနှင့် သေဆုံးသူဦးရေ တို့မှာ ယခင်လှိုင်းများထက် ပိုမိုမြင့်မားများပြားသည်။ ဤသည်မှာ မိမိတို့တစ်နိုင်ငံတည်းသာ မဟုတ်ဘဲ အခြားနိုင်ငံများတွင်လည်း ထိုနည်းနှင်နှင်သာဖြစ်သည်။ မိမိတို့ နိုင်ငံထက် စီးပွားရေးအင်အားကြီးသည့် နိုင်ငံ၊ ကျန်းမာရေးစောင့်ရှောက်မှု ပိုကောင်းသည့် နိုင်ငံ၊ နည်းပညာ ပိုမိုမြင့်မားသည့် နိုင်ငံများသည် ပင်လျှင် မျိုးဗီဇပြောင်း ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းကို အလူးအလိမ့်ခံကြရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 07, 2021

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် ရွေးချယ်တင်မြှောက်ပွဲကို စက်တင်ဘာ ၇ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် ရွေးချယ်တင်မြှောက်ရေး အဖွဲ့က ယနေ့တွင် အသိပေးကြေညာထားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 06, 2021

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကုသရေးလုပ်ငန်း ဆောင်ရွက်မှု အခြေအနေများ နှင့်စပ်လျဉ်း၍ စာနယ်ဇင်းရှင်းလင်းပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 06, 2021

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ မြန်မာ့စီးပွားရေးဘဏ် (ရုံးချုပ်)၊ ပျဉ်းမနားမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်နှင့် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၊ ပုဗ္ဗသီရိမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ် တို့သို့ သွားရောက်၍ ဘဏ်များ၌ ငွေသွင်း/ငွေထုတ် ဆောင်ရွက်နေမှုများ၊ အစိုးရဌာနအဖွဲ့ အစည်းများသို့ လစာနှင့်အသုံးစရိတ်များ ထုတ်ပေးနေမှုနှင့် ဘဏ်လုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 06, 2021

နိုင်ငံခြားရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦးဝဏ္ဏမောင်လွင်သည် ယနေ့မွန်းလွဲ ၃ နာရီတွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည့် အာဆီယံ-အီးယူ နိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေးသို့ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပါဝင်တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်