Aug 09, 2021
လက်ရှိအခြေအနေများအရ ရောဂါကူးစက်ဖြစ်ပွားမှုနှုန်း လျော့ကျသွားသော်လည်း ပေါ့ဆစွာဖြင့် နေထိုင်သွားလာလုပ်ဆောင်မှုများကို မလုပ်ဆောင်ကြစေလိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါကြောင့် ရရှိလာသည့် သင်ခန်းစာများ၊ အတွေ့အကြုံများကို မေ့လျော့မသွားကြစေလိုဘဲ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးနှင့် ပတ်သက်ပါက လိုအပ်သည်မှန်သမျှကို ကြိုတင်ပြင်ဆင်ထားကြရန်လိုအပ်မည် ဖြစ်ကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ သတ္တမအကြိမ် ညှိနှိုင်းအစည်းအဝေး သို့ တက်ရောက်အမှာစကား ပြောကြားစဉ် ထည့်သွင်းပြောကြားသည်။
Aug 09, 2021
ချင်းပြည်နယ်အတွင်း ဒေသဝမ်းစာစပါးဖူလုံရေးနှင့် စားနပ်ရိက္ခာဖူလုံရေး စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများက သက်ဆိုင်ရာကဏ္ဍအလိုက် အကောင်အ ထည်ဖော်ဆောင်ရွက် သွားနိုင်ရေးအတွက် သြဂုတ် ၉ ရက် မွန်းလွဲပိုင်းက အွန်လိုင်းစနစ်ဖြင့် ဆွေးနွေးခဲ့ကြရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ၊ အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ချင်းပြည်နယ်၏ ပြည်နယ်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူ များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
Aug 09, 2021
ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရေးကာလအတွင်း စားသုံး သူပြည်သူများ အခြေခံစားကုန်များကို သင့်တင့်မျှတသည့်ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေး၊ ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှု မဖြစ်ပေါ်စေရေးနှင့် ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်း ချမှုမရှိစေရေးတို့အတွက် ဈေးကွက်အတွင်းရှိ ကုန်စည်များ၏ ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုအ ခြေအနေများကို စဉ်ဆက်မပြတ် လေ့လာစောင့်ကြည့်လျက်ရှိပြီး ကုန်စည်စီးဆင်းမှု မှန်ကန်မြန် ဆန်စေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြည် ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ပြောကြားသည်။
Aug 09, 2021
အများပြည်သူ အလုပ်ပိတ်ရက်အတွင်း သတ်မှတ်ထားသည့် စည်းကမ်းချက်နှင့်အညီ လိုက်နာနေထိုင်ခြင်းဖြင့် ကိုဗစ်ကပ်ရောဂါကူးစက်မှုကွင်းဆက်ကို ဖြတ်တောက်နိုင်ရန် တစ်စပ်တည်း အများပြည်သူအလုပ်ပိတ်ရက်များကို ဇူလိုင်(၁၇)ရက်မှစ၍ ဩဂုတ် (၁၅)ရက်အထိ တိုးမြှင့် သတ်မှတ်ပေးခဲ့ရာ ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် အဆိုပါရက်ရှည် ရုံးပိတ်ရက်ကာလများအတွင်း ပင်လယ်ပြင် ငါးဖမ်းဆီးခြင်း လုပ်ငန်းနှင့် ပြည်ပသို့ ရေထွက်ကုန် ပစ္စည်းတင်ပို့မှုလုပ်ငန်းများ အရှိန် အဟုန်မပျက် ဆက်လက် လုပ်ငန်း လည်ပတ်ဆောင်ရွက်နိုင်ရေးအတွက် ရုံးလုပ်ငန်းကိစ္စရပ်များကို ကိုဗစ်-၁၉ စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိသည်။
Aug 09, 2021
နိုင်ငံတော်အတွင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အရေး တကြီးလို အပ်လျက်ရှိသည့် အောက်ဆီဂျင်အရည်၊ အောက်ဆီဂျင်ဓာတ်ငွေ့၊ အိမ်သုံးအောက်ဆီဂျင်စက်၊ ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရန် အများပြည်သူ ရုံးပိတ်ရက်များတွင် လေကြောင်း ၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ စဉ်ဆက်မပြတ် တင်သွင်းနိုင်ရေး အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိသည်။
Aug 09, 2021
သမဝါမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးသည် ယနေ့ နံနက် ပိုင်းက တပ်ကုန်းမြို့နယ်၊ အေးချမ်းသာစံပြကျေးရွာရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ IPRCCတို့ ပူးပေါင်းအကောင်အထည် ဖော်ဆောင် ရွက်ခဲ့သည့် “ကျေးရွာအဆင့် ဆင်းရဲမှုလျော့ချရေး စံပြစီမံကိန်း” အကောင် အထည်ဖော် ဆောင်ရွက်ထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
Aug 09, 2021
လတ်တလော ကိုဗစ်-၁၉ ကုသကာကွယ်ဆေးထိုးတဲ့နေရာတွေကို ဗုံးခွဲတိုက်ခိုက်တာ၊ ကိုဗစ်-၁၉ ကာကွယ်ရေး၊ ထိန်းချုပ်ရေးနဲ့ ကုသရေးဆိုင်ရာတွေကို အကြမ်းဖက် တိုက်ခိုက်တာတွေကို ကြားနေရပါတယ်။
Aug 09, 2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၂ ဒသမ ၁၃ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Aug 09, 2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနား စိုက်ပျိုးရေးသိပ္ပံကျောင်းနှင့် နေပြည်တော်အတွင်းရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များ ကွင်းဆင်းစစ်ဆေးသည်။
Aug 09, 2021
မြန်မာနိုင်ငံ တရုတ်ကုန်သည်များအသင်းမှတစ်ဆင့် မန္တလေးယူနန်ဗုဒ္ဓဘာသာဘုရားကျောင်းနှင့် အဖွဲ့ များက သီးခြားမှာယူထားသည့် Sinopharm ကာကွယ်ဆေးများရောက်ရှိလာပါက ထိုးနှံနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး နှစ်ထပ်ဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Aug 09, 2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် တပ်မတော်မှ လိုအပ်သော ကူညီထောက်ပံ့လှူဒါန်းမှုများအား စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ အောက်ဆီဂျင်လိုအပ်ချက်များကို ပိုမိုဖြည့်တင်းပေးနိုင်ရန်အတွက် သန်လျင်တပ်နယ်ရှိ ရေတပ်သင်္ဘောကျင်းဌာနချုပ်တွင် KZO-100 အမျိုးအစား Oxygen Plant အား ဇူလိုင်လ ၂၁ ရက်နေ့မှစတင်၍ တပ်မတော်(ရေ)မှ အင်ဂျင်နီယာများဖြင့် တပ်ဆင်စမ်းသပ်မောင်းနှင်ခဲ့ရာ ယနေ့တွင် အောက်စီဂျင် ဓာတ်ငွေ့များ စတင်ထုတ်လုပ် ဖြည့်တင်းပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
Aug 09, 2021
နေပြည်တော် ဩဂုတ် ၈
Aug 09, 2021
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ဖြစ်ပွားမှုကြောင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူဖြစ်စေရန် အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ အစိုးရ၊ တပ်မတော်နှင့် ပုဂ္ဂလိကပိုင် ဒေသတွင်းစိုက်ပျိုးမွေးမြူရေးနှင့် အခြားလူသုံးကုန်လုပ်ငန်းများ ကုန်ထုတ်လုပ်မှုရာနှုန်းပြည့် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ တိုင်း ဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိ သူများက အဆိုပါနေရာများသို့ သွားရောက်ကြည့်ရှုကြပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိသည်။
Aug 09, 2021
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမျိုးသားယဉ်ကျေးမှု နှင့်အနုပညာတက္ကသိုလ်ရှိ သဇင်ဆောင်၌ ဇီဝကယဉ်ကျေးမှု ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာ ဖွင့်လှစ်ပွဲနှင့် အလှူငွေပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့်အဖွဲ့ဝင်များ၊ အလှူရှင်များ တက်ရောက်ကြသည်။
Aug 09, 2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် အောက်ဆီဂျင်လိုအပ်ချက်များ ကို ပိုမိုဖြည့်တင်းပေးနိုင်ရန်အတွက် သန်လျင် တပ်နယ်ရှိ ရေတပ်သင်္ဘောကျင်းဌာနချုပ်တွင် KZO100 အမျိုးအစား Oxygen Plant အား ဇူလိုင် ၂၁ ရက်မှစတင်၍ တပ်မတော်(ရေ)မှ အင်ဂျင်နီယာ များဖြင့် တပ်ဆင်စမ်းသပ်မောင်းနှင်ခဲ့ရာ ယနေ့တွင် အောက်ဆီဂျင်ဓာတ်ငွေ့များ စတင်ထုတ်လုပ် ဖြည့်တင်းပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
Aug 09, 2021
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် ရွေးချယ်တင်မြှောက်ပွဲကို စက်တင်ဘာ ၇ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် ရွေးချယ်တင်မြှောက်ရေး အဖွဲ့က ယနေ့တွင် အသိပေးကြေညာထားသည်။
Aug 09, 2021
နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အရေးတကြီး လိုအပ် လျက်ရှိသည့် အောက်ဆီဂျင်အရည်၊ အောက်ဆီဂျင် ဓာတ်ငွေ့၊ အိမ်သုံးအောက်ဆီဂျင်စက်၊ ဆေးဝါး နှင့် ဆက်စပ်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရန် အများပြည်သူ ရုံးပိတ်ရက်များတွင် လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ စဉ်ဆက်မပြတ် တင်သွင်းနိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိသည်။
Aug 09, 2021
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပစ္စည်းများအား လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ ရုံးပိတ်ရက်ရှည်ကာလအတွင်း နေ့စဉ်ရုံးပိတ်ရက်မရှိ လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကုမ္ပဏီ ၅၂ ခု
