May 01, 2021
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ ယဉ်ကျေးမှုအသင်းများနှင့် တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။ (အောက်ပုံ)
May 01, 2021
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ယနေ့နံနက် ၉နာရီခွဲတွင် ပုဂံ-ညောင်ဦးလေဆိပ် ဧည့်ခန်းမဆောင်တွင် ဝန်ကြီးဌာနလက်အောက်ရှိဌာန၊ အဖွဲ့အစည်း (၈)ခုမှ တာဝန်ခံ အရာထမ်း၊ အမှုထမ်းများ၊ ပုဂံညောင်ဦးလေဆိပ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားသည်။
May 01, 2021
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ဧပြီ ၂၈ ရက်မှ ၂၉ ရက်အထိ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့ဆေးရုံကြီးများ၊ ဆေးတက္ကသိုလ်-မန္တလေး၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန- မန္တလေးနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနခွဲမန္တလေးသို့ ကွင်းဆင်းစစ်ဆေးသည်။
May 01, 2021
ပညာရေးဝန်ကြီးဌာန၏ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများကို ၂၀၂၁ ခုနှစ်၊ ဇွန် ၁ ရက်မှစတင်၍ ပုံမှန်စာသင်နှစ်အတိုင်း ဖွင့်လှစ် မည်ဖြစ်ကြောင်း၊ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ၂၀၂၁ ခုနှစ်၊ မေ ၂၄ ရက် (တနင်္လာနေ့) မှ ၃၁ ရက် (တနင်္လာနေ့)အထိ သတ်မှတ်ထားသဖြင့် ယင်းကာလအတွင်း အတန်းအားလုံး ကျောင်းအပ်နှံကြရန်နှင့် ကျောင်းအပ်နှံရာတွင် မည်သည့်အခကြေးငွေ လုံးဝ (လုံးဝ) ကောက်ခံမှု မရှိကြောင်း၊ ကျောင်းအပ်နှံ သည့်ကျောင်းသားအားလုံးကို ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်၊ ခဲတံများနှင့် COVID-19 ကြိုတင်ကာကွယ်ရေးအတွက် Mask နှင့် Face Shield များကို အခမဲ့ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှသတင်း ရရှိသည်။
May 01, 2021
တပ်မတော်က နိုင်ငံ့တာဝန်ကို ထိန်းသိမ်းရယူခဲ့ရသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်းမှစတင်၍ နိုင်ငံရေးလှုပ်ရှားမှု၊ တိုင်းပြည်ဖျက်ဆီးမှုများကို အဆင့်လိုက် တစ်ဆင့်ချင်းပြုလုပ်လာသည်ကို မြင်တွေ့ရမည် ဖြစ်သည်။ ထိုသို့ ပြုလုပ်ခြင်းသည် နိုင်ငံရေးအာဏာကို ရယူလိုသော အစွန်းရောက်နိုင်ငံရေးသမား တို့က ပြည်သူလူထုတို့အား သွေးထိုးလှုံ့ဆော်ပေးကာ မိမိတို့အာဏာမရသဖြင့် တိုင်းပြည်ပျက်စီးရာပျက်စီးကြောင်းဖန်တီးသည့် လုပ်နည်းလုပ်ဟန်များဖြစ်သည်။
May 01, 2021
ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည်။ ပညာသင်သည့်အရွယ်တွင် ပညာကို တက်မြောက်အောင် သင်နိုင်ပါမှ နောင်ဆက်လက်ရှင်သန် ရမည့်ဘဝတစ်လျှောက်လုံးမှာ ပညာကိုအသုံးချကာဘဝရပ်တည်ရေး၊ အောင်မြင်ရေးတို့အတွက် အာမခံချက်ရှိမည်။ သို့ခံယူကြသည့်အလျောက် မိဘတိုင်းက မိမိတို့သားသမီးများ ပညာတတ်မြောက်နိုင်ရေး၊ အဆင့်မြင့်ပညာရပ်များသင်ယူနိုင်ရေးအတွက် တတ်နိုင်သမျှ အစွမ်းကုန် ကြိုးပမ်းကြသည်။ အချို့တက်နိုင်သူများက ငွေကုန် ကြေးကျခံကာ ပညာနောက်သို့ အမောတကော ပြေးလွှားလိုက်ကြ သည်။ သားသမီးချင်းပြိုင်ဆိုင်ကြကာ နောက်ကွယ်မှ မိဘတို့လည်း ပြိုင်ဆိုင်ကြသည်။ သို့ရာတွင်ဤမြင်ကွင်းများက မြို့ကြီးပြကြီးပေါ်မှ မြင်ကွင်းမျှသာဖြစ်သည်။
May 01, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများ နှင့်အတူ ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ အမှတ်(၁)ရေနံချက်စက်ရုံ (သန်လျင်)သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။
May 01, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ရန်ကုန် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်၊ ရန်ကုန်မြစ်နှင့် မှော်ဝန်းချောင်းအကြား နေရာရှိ သီလဝါဘက်စုံ စိုက်ပျိုးမွေးမြူရေးဇုန် အကောင်အထည်ဖော် ဆောင်ရွက် နေမှုအခြေအနေများအား သွားရောက်ကြည့်ရှု စစ်ဆေးသည်။
Apr 30, 2021
(၂၉-၄-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၃၀-၄-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁,၅၃၄) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁၇) ဦး တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း (၂,၅၇၆,၃၀၇) ခု အား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၄၂,၈၁၇) ဦး ရှိပြီ ဖြစ်ပါသည်။
Apr 30, 2021
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ယနေ့နံနက်ပိုင်းတွင် အမျိုးသားယဉ်ကျေးမှု အနုပညာတက္ကသိုလ် (မန္တလေး) သို့ရောက်ရှိရာ ပါမောက္ခချုပ် ဦးအောင်ဆန်းဦး က တက္ကသိုလ်ဆိုင်ရာအချက်အလက်များ၊ တက္ကသိုလ်တွင် အနုပညာဆိုင်ရာ မဟာဝိဇ္ဇာဘွဲ့နှင့် ဘွဲ့လွန်အနုပညာဒီပလိုမာသင်တန်းများ ပြန်လည်ဖွင့်လှစ်မည့် အခြေအနေများနှင့် ပတ်သက်၍လည်းကောင်း၊ အနုပညာအထက်တန်းကျောင်း (ပန်တျာကျောင်းနှင့်ပန်းချီ၊ ပန်းပုကျောင်း) (မန္တလေး)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင့်နိုင်စိုး က သင်တန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ပတ်သက်၍လည်းကောင်း စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
