Skip to main content

Jan 15, 2021

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပထမအကြိမ်နှင့် ဒုတိယအကြိမ် နိုင်ငံခြားဘဏ် ရွေးချယ်ရေး အစီအစဉ်တွင် နိုင်ငံခြားဘဏ် ဘဏ်ခွဲများ (Foreign Bank Branches) ကိုသာ ခွင့်ပြုပေးခဲ့သော်လည်း တတိယအကြိမ် နိုင်ငံခြားဘဏ်ရွေးချယ်ရေးအစီအစဉ်တွင် နိုင်ငံခြား ဘဏ် လက်အောက်ခံဘဏ်များ (Foreign Bank Subsidiaries) ကို စတင်ခွင့်ပြု ပေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 15, 2021

ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး အတွက် တည်ဆောက်ထားသည့် အခြေခံအဆောက်အဦများ၏ လက်ရှိအခြေအနေ နှင့် ရေရှည် ကြံ့ခိုင်ရေး ကိစ္စရပ်များ၊ ပြန်လည်နေရာချထားရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Virtual Meeting ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 15, 2021

လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့အောက်တွင် ဖွဲ့စည်းထားသော လုပ်ငန်း အဖွဲ့(၃) ခုအနက် လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ ပေါင်းစည်း ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၁)ကို ယနေ့ မွန်းလွဲ ၁၂နာရီခွဲတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

ဆက်လက်ဖတ်ရှုရန်

Jan 15, 2021

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ စွမ်းအင်ကဏ္ဍ ကြီးကြပ်မှုအောက် ဦးစီးဌာန/ လုပ်ငန်းများမှ ဆောင်ရွက်နေသော လုပ်ငန်းများ၊ ရှေ့လုပ်ငန်းစဉ်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန ရတနာခန်းမ၌ COVID-19 ကာကွယ်ရေးနည်းစနစ်များနှင့်အညီ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 15, 2021

မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီက ကြီးမှူးကျင်းပသည့် International Conference on Engineering Education Association (ICEEA 2021 Myanmar) အခမ်း အနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၌ Online စနစ် ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 15, 2021

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် စင်ကာပူ နိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာသင်္ဘောသား (၁၄၃)ဦးအား စင်ကာပူ မြို့ရှိ မြန်မာသံရုံးမှ စီစဉ်သည့် (၃၅)ကြိမ်မြောက် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ညနေ ၅နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာပြန်လည် ရောက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 15, 2021

နိုင်ငံ့ဝန်ထမ်းများ၏ လေ့လာသင်ယူမှုအခွင့်အလမ်းများ အရှိန်အဟုန်မပြတ်စေရေးအတွက် ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဉီးလွင်မြို့နယ်၊ ဗဟို၀န်ထမ်း တက္ကသိုလ်(အထက်မြန်မာပြည်)တွင် Online Learning System ဖြင့် ဖွင့်လှစ်ပို့ချခဲ့သည့် အရာထမ်း ငယ်အခြေခံသင်တန်းအမှတ်စဉ်(၈၇)၏ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ညနေ ၄ နာရီကကျင်းပခဲ့ရာ ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)၊ ပါမောက္ခချုပ် ဦးကျော်စိုးက Online မှသင်တန်းဆင်း အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 15, 2021

မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု“စံ”သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA)၏ အမျိုးသား အဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ စုဝေးခန်းမ၌ Virtual System ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 15, 2021

မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း နှင့် ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်းများတွင် အကျိုးတူ ပူးပေါင်း ဆောင်ရွက်လျက်ရှိသော Total E&P Myanmar ကုမ္ပဏီသည် ကမ်းလွန် လုပ်ကွက် အမှတ် M-5 နှင့် M-6 တို့တွင် တွင်းတူးဖော်ရေးလုပ်ငန်းများကို Jack-Up Drilling Rig, COSL BOSS (Call Sign: 9V5684) ဖြင့် WP2 Platform တွင် မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၀၉ မိနစ် ၀၉ ဒသမ ၅၆၇ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၄၆ မိနစ် ၅၁ ဒသမ ၇၂၈ စက္ကန့်၊ WP4 Platform တွင် မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၀၉ မိနစ် ၃၇ ဒသမ ၃၃၁ စက္ကန့် ၊ အရှေ့ လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၄၃ မိနစ် ၀၂ ဒသမ ၇၉၂ စက္ကန့်တို့တွင် (၁.၂.၂၀၂၁) ရက်နေ့မှ (၃၀.၆.၂၀၂၁) ရက်နေ့အထိ လုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 15, 2021

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဝယ်ယူရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံသို့ ယနေ့နံနက် (၁၁) နာရီအချိန် က တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ International Kawnghka Area Development Company Limited နှင့် ဦးဘရန်မိုင်ဆဲဗင်းဟွာကျင့် အင်တာနေရှင်နယ် ကုမ္ပဏီလီမိတက်မှ လာရောက်လှူဒါန်း‌ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 15, 2021

ဧရာဝတီတိုင်းဒေသကြီးအတွင်း ငလျင်ဘေးနှင့် မီး​ဘေးအစရှိသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများကို ထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ သဘာဝဘေး ငလျင်ဒဏ် ဇာတ်တိုက်လေ့ကျင့်ခန်း သရုပ်ပြပွဲကို ယနေ့ နံနက်ပိုင်းက တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးအောင်ဆွေ၀င်း ဦးဆောင်၍ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ရုံးဝန်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 15, 2021

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လည်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 15, 2021

ကယားပြည်နယ်အတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရာတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် ပုဂ္ဂိုလ်များအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 15, 2021

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသောင်းထွန်းသည် အာရှ-ပစိဖိတ် လုံခြုံရေး ဆိုင်ရာ လေ့လာမှုစင်တာ (APCSS) က ယနေ့ ကျင်းပသည့် “ကိုဗစ်-၁၉ နှင့် အလွန်ကာလ - ကြံ့ကြံ့ခံနိုင်မှု မြင့်မားရေး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု” အလုပ်ရုံဆွေးနွေးပွဲသို့ virtual conference ဖြင့် တက်ရောက်၍ အဓိကဦးဆောင်ဆွေးနွေးသူအဖြစ် ပါဝင် ဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 15, 2021

ဝါရှင်တန် သဘောတူညီချက် (Washington Accord) အပြည့်အဝအဖွဲ့ဝင် ဖြစ်မြောက်ရေး နိုင်ငံတကာ အင်ဂျင် နီယာပညာရပ် ဆိုင်ရာ ညီလာခံကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ လမ်းမတော်မြို့နယ် ခရေပင်လမ်း အမှတ်(5A) မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီရုံး၌ ကျင်းပရာ မြန်မာ နိုင်ငံ အင်ဂျင်နီယာကောင်စီနာယက ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် နေပြည် တော်မှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 15, 2021

သုတဝေဖြာသီရိဂေဟာ အသိပညာပေးအစီအစဉ် (Family Quiz) မိသားစုပြိုင်ပွဲ၏ ပွဲစဉ်(၆)ကို ဇန်နဝါရီ ၁၅ ရက် ညနေတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဆက်လက်ထုတ်လွှင့်မည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 15, 2021

ဒစ်ဂျစ်တယ်မီဒီယာနှင့် ဒစ်ဂျစ်တယ်ဈေးကွက် လုပ်ငန်းကို လက်တွေ့အကောင်အထည်ဖော်မှုနှင့် ပတ်သက်ပြီး ဗဟုသုတမျှဝေ ပေးမည့် ဒစ်ဂျစ်တယ်စီးပွား ရေးအကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ် ကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဇန်နဝါရီ ၁၄ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့ရာ ပြည်သူများ သိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 15, 2021

နိုင်ငံတကာခရီးသည်တင်လေယာဉ်များ ပျံသန်းမှု ယာယီ ရပ်ဆိုင်းထားခြင်းကြောင့် ပြင်သစ်၊ စပိန်နှင့် အနီးတစ်ဝိုက် ဒေသတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာသင်္ဘော သား ၂၈ ဦးအား ပါရီမြို့ရှိ မြန်မာသံရုံးမှ စီစဉ်သည့် Amelia လေကြောင်းလိုင်း စင်းလုံးငှား အထူးကယ်ဆယ်ရေး လေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိ ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 15, 2021

မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်ကို မြဲမြံခိုင်ကျည် ခိုင်မာအားကောင်းလာအောင် ပြည်သူများအား ကိုယ်စားပြု၍ ငါးနှစ်လျှင် တစ်ကြိမ် တည်ဆောက်နေသည်။ နိုင်ငံတော်၏မဏ္ဍိုင်များမှာ ငါးနှစ်လျှင်တစ်ကြိမ် အသစ်တစ်ဖန် မွမ်းမံ ရှင်သန် နေသည်။ ဒီမိုကရေစီ အသီးအပွင့်များ ငါးနှစ်လျှင်တစ်ကြိမ် အချိန်မှန်သီးပွင့် ဝေဆာနေသည်။ ပြည်သူများ ချောမွေ့လွယ်ကူစွာ ဆွတ်ချူခံစား နိုင်ကြစေရန် ဒီမိုကရေစီလုပ်ငန်းစဉ်များကို သတ်မှတ်ထားသော အချိန် အတိုင်း စနစ်တကျ အကောင်အထည်ဖော်နေသည်။

ဆက်လက်ဖတ်ရှုရန်