Skip to main content

Dec 30, 2020

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးနှင့် စပ်လျဉ်း၍ ပံ့ပိုးကူညီလျက်ရှိသည့် Suu Foundation ၏ CEO and President, Dr. Michael Marett- Crosby ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့တွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Dec 30, 2020

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်အတွင်းရှိ အင်းတော်ကြီးကန်နှင့် ပတ်ဝန်းကျင်ဒေသများကို လူထုအခြေပြု သဘာဝ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးလာစေရန်နှင့် ဒေသခံပြည်သူများ ဝင်ငွေတိုးပွား လာစေရန် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 30, 2020

ကိုဗစ်ဒုတိယအကျော့ကာလတွင် ရက်ပေါင်း ၉၀ ခန့်ကြာ ရပ်နားထားသည့် ရန်ကုန်-မကွေး-စစ်တွေ ကျွန်းပတ်လေယာဉ် ခရီးစဉ်များကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလလယ်ခန့်မှစ၍ ပြန်လည် ပြေးဆွဲရန် လျာထားပြီး မကွေးမြို့သို့ ရောက်ရှိလာသူများနှင့် မကွေးမြို့မှ ထွက်ခွာမည့်ခရီးသည်များ အတွက် ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်းများ သတ်မှတ်ထားကြောင်း မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) မကွေးကိုယ်စားလှယ်ထံမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 30, 2020

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဒီဇင်ဘာ ၂၉ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်ကို ပြည်သူများ သိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 30, 2020

လူငယ်ဟုဆိုလိုက်သည်နှင့် တွဲလျက်ပါနေသည်မှာ မျှော်လင့်ချက် ဖြစ်၏။ လူငယ်ဟူသည် လူ့ဘဝ၏ အတက်ကြွဆုံးကာလဟု ဆိုရမည့်အရွယ်ကို ဖြတ်သန်းနေခြင်းလည်း ဖြစ်၏။ ရုပ်ပိုင်းအားဖြင့်လည်း အတောင့်တင်းဆုံး၊ အသန်မာဆုံး၊ အင်အားအရှိဆုံး အရွယ်ဖြစ်၏။ စိတ်ပိုင်းအားဖြင့်လည်း ဘဝကိုထိုးထွင်းသိမြင်လိုသော အားမာန်များဖြင့် စွန့်စားလိုစိတ်များဖြင့် ပြည့်လျှံနေသည့်ကာလ ဖြစ်၏။ လောကကို ဖြူစင်သောကိုယ်ကျင့်ဖြင့် ဖြောင့်ဖြောင့်မတ်မတ် လျှောက်လှမ်းလိုသည့် အရွယ်လည်း ဖြစ်၏။ သဘာဝကို စူးစမ်းမည်၊ ချစ်မည်၊ ခံစားမည်၊ ပျော်ရွှင်မည်၊ လှုပ်ရှားမည်၊ တက်ကြွမည်။ အမှန်တရားဟု မိမိတို့ယုံကြည်သည့်အတိုင်း ရဲရဲရင့်ရင့် ရင်ဆိုင်မည်။ သူငယ်ချင်းများ၊ အဖော်အပေါင်းများဖြင့် ခင်ခင်မင်မင် နေမည်။ အတူပူးပေါင်း အလုပ်လုပ်မည်၊ အသင်းအဖွဲ့များတွင် ပါဝင်မည်။ ပရဟိတလုပ်ငန်းများကို အားတက်သရော လုပ်ဆောင်မည်။ ကိုယ်ကျိုး ထက် အများအကျိုးကို ဦးစားပေးလိုသည်။ ဘ၀ အတွက် မှတ်သားစရာမှန် သမျှကို လေ့လာသင်ယူရန် အကောင်းဆုံးအချိန်၊ ဉာဏ်အပွင့်လင်းဆုံး အချိန်လည်းဖြစ်၏။

ဆက်လက်ဖတ်ရှုရန်

Dec 30, 2020

သဘာဝအရင်းအမြစ်များသည် လူသားများ အဆက်မပြတ် ထုတ်ယူအသုံးပြုမှုကြောင့် တစ်နေ့သောအခါတွင် ကုန်ခန်းသွားနိုင်သည်။ လူသားအရင်းအမြစ်များသည် စနစ်တကျ ပြုစုပျိုးထောင်နိုင်ပါက ကုန်ခန်းသွားခြင်းမရှိဘဲ သုံး၍မကုန်နိုင်သည့် အစဉ်အမြဲတိုးတက် သစ်လွင်နေသော အရင်းအမြစ်များ ဖြစ်သည်ကို ကမ္ဘာ့နိုင်ငံများ နားလည်သိရှိ လက်ခံလာကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 29, 2020

(၂၈-၁၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၉-၁၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၈,၀၉၈) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၆၁၉) ဦး တွေ့ရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 29, 2020

အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) (National Education Strategic Plan - NESP) (2021-2030) ရေးဆွဲရေးအတွက် အခြေခံပညာကဏ္ဍနှင့် နည်းပညာ နှင့် သက်မွေးပညာကဏ္ဍများမှ ဆရာ ဆရာမများနှင့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ၊ ပညာရေးဝန်ကြီးဌာန၌ အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 29, 2020

ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့အကြား ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကာကွယ်တားဆီးထိန်းချုပ်နိုင်မှု အခြေအနေအရ ကျောင်းများ အဆင်သင့် ဖြစ်နိုင်ရေး ကြိုတင်ပြင်ဆင်ရန် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် ပညာရေး ဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 29, 2020

ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်နှင့် သာကေတမြို့နယ်တို့သို့ ပဲခူးမြစ်အား ဖြတ်သန်းကာ ဆက်သွယ်တည် ဆောက်နေသော ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ်- ၃)စီမံကိန်းသည် ယခုအခါတွင် သာကေတဘက် ခြမ်းရှိ စီမံကိန်းအပိုင်း(၃)တွင် ၈၃ ရာခိုင်နှုန်းခန့် ပြီးစီး နေပြီဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 29, 2020

ရန်ကုန်တိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု တစ်နေ့တခြား ကျဆင်းလာမှုနှင့်အတူ ကုသရေးစင်တာများနှင့် Quarantine စင်တာများတွင်လည်း ပိုးတွေ့လူနာများ၊ ရောဂါရှိသူနှင့် ထိတွေ့သူများ လျော့ပါးလာခဲ့ပြီဖြစ်ရာ ကုသရေးစင်တာတချို့ပင် ပိတ်သိမ်းမှုများ ရှိနေခဲ့ပြီဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 29, 2020

မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အထောက်အကူပြုစေရန် ရည်ရွယ်ချက်ဖြင့် မလေးရှား နိုင်ငံက N95 နှာခေါင်းစည်းအရေ အတွက် ၂၀၀၀၀ ကို ပထမအသုတ် အဖြစ် ပေးအပ်လှူဒါန်းခြင်း အခမ်း အနားကို ရန်ကုန်မြို့ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ ယနေ့မွန်းလွဲ ၃ နာရီ တွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 29, 2020

နေပြည်တော်၌ ၂၀၂၁ ခုနှစ်၊ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် မီးရှူးမီးပန်းများကို နေရာနှစ်နေရာခွဲ၍ ဂုဏ်ပြုပစ်ဖောက်သွားမည်ဖြစ်ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 29, 2020

(၉)ကြိမ်မြောက် မြန်မာ-ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား မူဝါဒရေးရာညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 29, 2020

“နိုင်ငံတစ်နိုင်ငံရဲ့ အသက်မွေးဝမ်းကျောင်းပညာဟာ အမှန်တကယ်တိုးတက်ပါမှ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် လာနိုင်မှာ ဖြစ်တဲ့အတွက် ဒီလိုအသက်မွေး ပညာရပ်တွေကို သင်ကြားလေ့ကျင့်ပေးနေတဲ့ အင်းစိန်ဂျီတီအိုင် သိပ္ပံကျောင်းတွေရဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုဟာ တစ်နေ့တခြား အရေးပါတဲ့အခန်းကဏ္ဍတစ်ခုအနေနဲ့ တည်ရှိလျက်ရှိပါတယ်”ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဂျီတီအိုင်ပညာရေး (၁၂၅) နှစ်ပြည့်အထိမ်း အမှတ်ဖွင့်ပွဲတွင် ဗီဒီယိုဖြင့် ဂုဏ်ပြု ဝမ်းမြောက်စကားပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Dec 29, 2020

ကိုဗစ်ရောဂါနှင့်အတူ တွဲလျက်လိုက်ပါလာသည့် အကျိုးဆက်များက လက်တွေ့ဘဝများတွင် မရေမတွက်နိုင်လောက်အောင်ပင် အများအပြား ရှိနေပေသည်။ အဆိုပါ ကမ္ဘာလှည့် ကပ်ရောဂါကြီးသည် နိုင်ငံတကာ ပြည်သူလူထုထံ ကျန်းမာရေးဆိုင်ရာ ဝေဒနာများသာမက စီးပွားရေးရာ၊ လူမှုရေးရာ အစရှိသည့် အထွေထွေအကျပ်အတည်းများကိုပါ သယ်ဆောင်လာခဲ့ သည်။

ဆက်လက်ဖတ်ရှုရန်

Dec 28, 2020

အားကစားကွင်းနှင့် အားကစားရုံတည်ဆောက် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို ရှေ့လာမည့် (၅)နှစ်အတွင်း ဆောင်ရွက်မည့် အစီအမံများ ကို နှစ်ပိုင်းအခြားအလိုက် စီမံချက်ရေးဆွဲရန် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီတွင် အားကစားနှင့် ကာယပညာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 28, 2020

အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) (National Education Strategic Plan - NESP) (2021-2030) ရေးဆွဲရေးအတွက် ပြည်ထောင်စုမြန်မာနိုင်ငံကုန် သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်နှင့် ညီနောင်အသင်းများ၊ Public-Private Partnership နှင့် သက်ဆိုင်သောပုဂ္ဂိုလ်များနှင့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်၊ ပညာရေးဝန်ကြီးဌာန၌ အွန်လိုင်း စနစ်ဖြင့် ကျင်းပ သည်။

ဆက်လက်ဖတ်ရှုရန်

Dec 28, 2020

အရက်၊ ဘီယာ၊ ဝိုင် (ယမကာ) ထုတ်လုပ်၊ တင်သွင်း၊ ရောင်းချမှု ဆိုင်ရာကြီးကြပ်ညှိနှိုင်းရေး ကော်မတီ၏ နဝမအကြိမ် အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 28, 2020

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၏ နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်