Skip to main content

Dec 28, 2020

ဖြောင့်မတ်တည်ကြည်မှု၊ ကျင့်ဝတ်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ရည်ညွှန်း စာစောင်များ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်သည့် အခမ်းအနား ကို ယနေ့မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 28, 2020

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၃၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ်(၁၅) ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 28, 2020

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ဂျော်ဒန် နိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာအလုပ်သမားများအား တဲလ်အဗီးမြို့ မြန်မာသံရုံးမှ စီစဉ်သည့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့နံနက် ၆ နာရီခွဲတွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။ အဆိုပါ ကယ်ဆယ် ရေးလေယာဉ်တွင် Jerash ကုမ္ပဏီတွင် အလုပ်လုပ်ကိုင် နေကြသည့် မြန်မာနိုင်ငံသား (၂)ဦး၊ Rich Pine ကုမ္ပဏီမှ (၁၇)ဦး၊ Century Miracle ကုမ္ပဏီမှ (၃၁)ဦး နှင့် Camel and Vega ကုမ္ပဏီမှ (၁၂၀)၊ မြန်မာနိုင်ငံသား စုစုပေါင်း (၁၇၂)ဦး လိုက်ပါခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 28, 2020

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၁ ခုနှစ် လာမည့်နွေရာသီ ကာလ ရေပြတ်လပ်မှု မရှိစေရေး ဆောင်ရွက်ပေး နိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ အစီအစဉ်များရေးဆွဲနိုင်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနဦးစီးမှူးများနှင့် အကြိုလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ယနေ့ မွန်းလွဲ ၁ နာရီက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 28, 2020

ကိုဗစ်-၁၉ ကပ်ရောဂါ ခံစားနေကြရသည့် မြန်မာနိုင်ငံမှ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ စစ်ကိုင်း၊ တနင်္သာရီ၊ မကွေး၊ မွန်၊ ရှမ်းနှင့် ဧရာဝတီစသည့် တိုင်းဒေသကြီး/ ပြည်နယ် (၁၀)ခုရှိ ပြည်သူ(၆၀၂၇၂)ဦးအတွက် APTERR Tier-3 အစီအစဉ်အရ ကိုရီးယားနိုင်ငံမှ ဆန်တန်ချိန် (၆၀၀)တန်အား လှူဒါန်းပေးအပ်ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 28, 2020

“စာပေအနုပညာမူပိုင်ခွင့်နှင့် စာချုပ်များ အသိပညာပေး ဆွေးနွေးပွဲ အပိုင်း ၃ – Copyright and Contracts Webinar: Episode 3” ခေါင်းစဉ်ဖြင့် အသိပညာပေး ဆွေးနွေးပွဲကို ယနေ့ ည ၇ နာရီတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 28, 2020

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်တွင် လူ့အခွင့်အရေး အခြေခံသင်တန်းနှင့် အဆင့်မြင့်သင်တန်း တက်ရောက်ခဲ့ကြသည့် သင်တန်းသူ သင်တန်းသားများဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် Rights For Life က ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပ အထွေထွေရောဂါကုနှင့် သင်ကြားရေးဆေးရုံကြီးတွင် အသုံးပြုရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသရေးပစ္စည်းများကို ယနေ့ မွန်းလွဲပိုင်းက မြောက်ဥက္ကလာပ အထွထွေရောဂါ ကုနှင့် သင်ကြားရေးဆေးရုံးကြီးသို့ သွားရောက် လှူဒါန်းသည်။

ဆက်လက်ဖတ်ရှုရန်

Dec 28, 2020

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင် မြို့ရှိ ငါး၊ ပုစွန်ဈေးဧရိယာတွင် လတ်တလော ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားနေမှု အခြေအနေအရ ယင်းဧရိယာနှင့် ဆက်စပ်နေထိုင် အလုပ် လုပ်ကိုင်လျက်ရှိကြသော မြန်မာရွှေ့ပြောင်းအလုပ်သမားများ အသွားအလာ ကန့်သတ်ခံနေရ သည့် ကာလအတွင်း နေထိုင်စားသောက်မှု အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ် ကြီးနှင့်အဖွဲ့သည် ဒီဇင်ဘာ ၂၄ ရက်က ၎င်းတို့အား အသွားအလာ ကန့်သတ်ပိတ်ပင်ထားရှိသော နေရာသို့ ကွင်းဆင်းသွားရောက်ခဲ့ပြီး အားပေး စကားပြောကြား ခြင်း၊ အစား အသောက်များ ထောက်ပံ့ပေးခြင်းနှင့် လိုအပ်သည့် ကူညီစောင့်ရှောက်မှုများ ထိရောက်စွာ ရရှိနိုင်ရေးအတွက် ထိုင်းနိုင်ငံဘက်မှ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခြင်းတို့ကို ပြုလုပ်ပေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Dec 28, 2020

ခရစ်တော်၏မွေးနေ့ကို အကြောင်းပြု၍ ဆင်နွှဲသည့် ခရစ္စမတ်ပွဲတော်ကို တစ်နိုင်ငံလုံးက အေးချမ်းစွာ ကျော်ဖြတ်ခဲ့ပြီ ဖြစ်ပါသည်။ မကြာမီ ရောက်လာတော့မည့် နှစ်သစ်ကူးကာလကိုလည်း ယခုကဲ့သို့ပင် အေးချမ်းတည်ငြိမ်စွာ ဖြတ်သန်းနိုင်ကြမည်ဟု မျှော်လင့်ယုံကြည်ပါသည်။ ငြိမ်းချမ်းပျော်ရွှင်ဖွယ်နှစ်သစ် ဖြစ်စေကြောင်းကိုလည်း ဆုတောင်းရပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 28, 2020

မြန်မာနိုင်ငံတွင် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနှုန်း တဖြည်းဖြည်း လျော့ကျလာသည်ကို တွေ့မြင်လာရသည်။ အထူးသဖြင့် ရန်ကုန်မြို့၌ လူတစ်ထောင်ကျော် နေ့စဉ်ဖြစ်ပွားနေရာမှ လူသုံးရာကျော်အထိကျဆင်းလာသည်။ ရောဂါ ဖြစ်ပွားမှု လျော့ကျလာသည်နှင့်အတူ ရန်ကုန်မြို့ရှိ ကိုဗစ်စင်တာအချို့ကို အသင့်အနေအထားဖြင့် စတင်ရပ်နားခြင်း၊ နိုင်ငံအတွင်းရှိ မြို့နယ်အချို့မှ ရပ်ကွက်/ကျေးရွာအချို့ကို နေအိမ်တွင် နေထိုင်ရန်အစီအစဉ်တွင် အကျုံးဝင်ခြင်းမှ ပယ်ဖျက်ပေးခြင်း စသည့်ဖြေလျှော့မှုများ ပြုလုပ် ပေးလာသည်မှာ ဝမ်းသာစရာဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 27, 2020

၁။ နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၄၀) ဦးအား မြန်မာသံရုံး၊ ဒါကာမြို့မှ စီစဉ်သည့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ (၁၄ ၄၅) နာရီ အချိန်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြ ပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 27, 2020

“စာပေအနုပညာမူပိုင်ခွင့်နှင့်စာချုပ်များ အသိပညာပေးဆွေးနွေးပွဲ အပိုင်း (၃)” ဆွေးနွေးပွဲကို ယနေ့ည (၇) နာရီအချိန်က အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့သည်။ ဆွေးနွေးပွဲတွင် စာပေမူပိုင်ခွင့်ဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်း ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဆရာ ချစ်ဦးညိုက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်က အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 27, 2020

(၂၆-၁၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၇-၁၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၆,၆၀၇) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ် (၆၀၆) ဦး တွေ့ရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 27, 2020

(၂၆-၁၂-၂၀၂၀) ရက်နေ့ ဓာတ်ခွဲစစ်ဆေးမှုများတွင်တွေ့ရှိခဲ့သော ဓာတ်ခွဲ အတည်ပြုလူနာ (၇၃၄) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 27, 2020

ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် ဇမ္ဗူတစ်ခွင်၌ ဂုဏ်ရောင်ထွန်းပြောင် သည့် လွတ်လပ် သော နိုင်ငံအဖြစ် နှစ်ပေါင်းထောင်ချီရပ်တည်ခဲ့သည်။ သက်ဦးဆံပိုင်ပဒေသရာဇ်စနစ်ဖြင့် နှစ် ပေါင်း ရှည်လျား စွာ ဖြတ်သန်းခဲ့သော်လည်း ကိုယ့်အရှင်၊ ကိုယ့်သခင်နှင့်အတူ လွတ်လွတ် လပ်လပ် ကျေကျေ နပ်နပ် နေခဲ့ကြရသည်။ တစ်ရံတစ်ခါကာလ၌သာ တိုင်းတစ်ပါးမှ ကျူးကျော်မှု အချို့ရှိခဲ့ပြီး ကျူးကျော်လာ လျှင်လည်း ရဲရင့်ပြောင်မြောက်သော စုစည်းမှု အားဖြင့် တွန်းလှန်မောင်းထုတ်နိုင်ခဲ့သည်။ ။

ဆက်လက်ဖတ်ရှုရန်

Dec 27, 2020

မကောင်းမှုပြုရမည်ကို ရှက်ခြင်း၊ မကောင်းမှုပြုရမည်ကို ကြောက်ခြင်း ဟူသည် လောကကို စောင့်ရှောက်ခြင်းမည်၏။ ကောင်းမှုပြုခြင်းနှင့် မကောင်းမှုပြုခြင်းဆိုသည်ကို ဓမ္မနှင့် အဓမ္မ အနေဖြင့် ခွဲခြားသတ်မှတ် ကြ၏။

ဆက်လက်ဖတ်ရှုရန်

Dec 26, 2020

၁။ နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ဖိလစ်ပိုင်နိုင်ငံတွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၂၅)ဦးအား မြန်မာသံရုံး၊ မနီလာမြို့မှ စီစဉ်သည့် မြန်မာအမျိုးသား လေကြောင်း လိုင်း (MNA) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ (၁၈ ၀၀) နာရီ အချိန်တွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည် ရောက်ရှိ ခဲ့ကြပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 26, 2020

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ နှစ်ပတ်လည်အစည်းအဝေးနှင့် အထွေထွေညီလာခံ ကို ယနေ့ နံနက် ၁၀ နာရီတွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 26, 2020

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ရှမ်းပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်နှင့် တာဝန်ရှိသူများက ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် Eastern States Agri-business Project (ESAP) စီမံကိန်းဖြင့်ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများ ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 26, 2020

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ဆောင်ရွက် နေမှုများနှင့်စပ်လျဉ်းပြီး ရန်ကုန်တိုင်းဒေသကြီး ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊  ကုသရေး အတွက် ပေါင်းစပ် ညှိနှိုင်းရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) ၊ ဆေးတက္ကသိုလ် - ၁ (ရန်ကုန်) ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာဇော်ဝေစိုးနှင့် မြန်မာ့ရုပ်မြင်သံကြားမှ သတင်းအဖွဲ့က ဒီဇင်ဘာ ၂၄ ရက်တွင် ဆက်သွယ် မေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည် -

ဆက်လက်ဖတ်ရှုရန်