Skip to main content

Feb 14, 2020

နေပြည်တော် ဖေဖော်ဝါရီ ၁၃

ဝန်ထမ်းများအချင်းချင်း စည်းလုံးညီညွတ်မှု၊ ချစ်ကြည်ရင်းနှီးမှုနှင့်အသင်းအဖွဲ့ စိတ်ဓာတ် ပိုမိုရရှိစေရန် ရည်ရွယ်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ဒုတိယအကြိမ် ထမနဲ ထိုးပွဲကို နေပြည်တော်ရှိ ဝန်ကြီးဌာန၌ ယနေ့ မွန်းလွဲပိုင်းတွင် စည်ကား သိုက်မြိုက်စွာကျင်းပရာ ဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းမိသားစုများ ပါဝင်သည့်ပြိုင်ပွဲဝင် အဖွဲ့(၄)ဖွဲ့ ဝင်ရောက် ယှဉ်ပြိုင်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 13, 2020

နေပြည်တော်  ဖေဖော်ဝါရီ ၁၃

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ယနေ့နံနက် ၁ဝနာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ် တာဝန်ပေးခြင်းခံရသော ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် က ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ် ရှေ့မှောက်၌ ကတိသစ္စာပြုသည်။

ဆက်လက်ဖတ်ရှုရန်

Feb 13, 2020

ဘားအံ  ဖေဖော်ဝါရီ  ၁၃

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၆ နာရီခွဲက ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်က အဖွင့်အမှာ စကား ပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်ခင်စောလင်းက ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အထိမ်းအမှတ် ပြိုင်ပွဲများကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် အထိမ်းအမှတ်လှုပ်ရှားဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်း ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 13, 2020

နေပြည်တော်  ဖေဖော်ဝါရီ  ၁၃

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာန၊ အမျိုးသားလွှတ်တော် မူလတန်းကြိုကျောင်း ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အိမ်ရာဝင်းအတွင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 13, 2020

မင်းဘူး     ဖေဖော်ဝါရီ          ၁၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ အိုင်းမကျေးရွာအုပ်စု၊ အိုးပြင်မဲကျေးရွာတွင်  ယမန်နေ့ ညနေ ၅ နာရီခန့်က တောမီးလောင်ကျွမ်းရာမှတစ်ဆင့် မီးလောင်မှု ဖြစ်ပွားခဲ့ရာ အိမ်ခြေ (၇၀) ခန့် မီးလောင်ကျွမ်းခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 13, 2020

လောင်းလုံး ဖေဖော်ဝါရီ ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့တွင် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အထိမ်းအမှတ် အဖြစ် လောင်းလုံးမြို့တွင် မြို့တော်ခန်းမဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ သည်။

ဆက်လက်ဖတ်ရှုရန်

Feb 13, 2020

မုံရွာ၊ ဖေဖော်ဝါရီ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့နှင့် မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်ပွဲတော်ကို ယနေ့ နံနက် (၈)နာရီခွဲ က မုံရွာမြို့ ကန်သာယာ ရွှေလိမ္မော်ကျွန်း၌ ကျင်းပသည်။

ရှေးဦးစွာ ပွဲတော်မုခ်ဦးအား စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသန်းနှင့် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဦးမျိုးမောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြ ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြ သည်။

ဆက်လက်ဖတ်ရှုရန်

Feb 13, 2020

နေပြည်တော်  ဖေဖော်ဝါရီ  ၁၃

၂၀၂၀ ပြည့်နှစ်၊ မတ်လ (၁၁) ရက်မှ (၂၀) ရက်အထိ ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုခွင့်လျှောက်ထားကြသော ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူခြင်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 13, 2020

ရန်ကုန် ဖေဖော်ဝါရီ ၁၃

ဂျပန်-မြန်မာ မွေးရာပါကလေးနှလုံးရောဂါ ပူးပေါင်း ကုသရေးစီမံချက် ငါးနှစ်ပြည့်မြောက်သည့် အခမ်းအနား ကို ဖေဖော်ဝါရီ ၁၂ ရက်က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ ကျင်းပသည်။

ရှေးဦးစွာ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး မစ္စတာ အိချိရော့မာရုယာမက အဖွင့်အမှာ စကားပြောကြားရာတွင် ကလေးငယ်များကို ကူညီကုသပေး ခဲ့သည့် ငါးနှစ်တာကာလကို အထူးဂုဏ်ယူကျေးဇူးတင်ပါ ကြောင်း၊ ယခုလို ကူညီနိုင်စေရန် ကူညီပေးကြသူများကို ကျေးဇူးတင်ပါကြောင်း၊ ထပ်မံပြီး ကူညီဆောင်ရွက်ပေးပါ ရန် မေတ္တာရပ်ခံပါကြောင်း ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်