Jan 19, 2020
ရန်ကုန် ဇန်နဝါရီ ၁၉
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ် (၃/၂၀၁၉) ပါ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း (၉) ခုမှ ပြန်တမ်းဝင်အရာရှိအဆင့် လစ်လပ်ရာထူး (၃၀၁) နေရာအတွက် ဒုတိယအဆင့် ရေးဖြေစာမေးပွဲကို ဇန်နဝါရီ ၁၈ ရက်မှ ၁၉ ရက်အထိ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မကွေးနှင့် မော်လမြိုင် မြို့များရှိ စာစစ်ဌာန(၅)ခု၌ တစ်ပြိုင်တည်း ကျင်းပလျက်ရှိသည်။
Jan 19, 2020
နေပြည်တော် ဇန်နဝါရီ ၁၉
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်သည် ဇန်နဝါရီ ၁၂ ရက်မှ ၁၈ ရက်အထိ အမေရိကန်ပြည်ထောင်စု ဟာဝိုင်ရီပြည်နယ်၌ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် ဆက်စပ်သောလုပ်ငန်းများကို သွားရောက်လေ့လာခဲ့သည်။
Jan 19, 2020
မန္တလေး ဇန်နဝါရီ ၁၈
Jan 19, 2020
ပဲခူး ဇန်နဝါရီ ၁၉
ပဲခူးမြို့၊ အရှေ့ဘက်မြို့ရှောင်လမ်း ဖောက်လုပ်ရာတွင် လယ်ယာမြေပါဝင်သွားသည့် ဒေသခံတောင်သူ လယ်သမားများအား ယမန်နေ့ မွန်းတည့် ၁၂ နာရီ အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ကလိ(တပ်ကလေး) ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၊ စာကြည့်တိုက်၌ တွေ့ဆုံခဲ့ ကြောင်းသိရသည်။
Jan 19, 2020
ပဲခူး ဇန်နဝါရီ ၁၉
ပဲခူးမြို့၊ အရှေ့ဘက်မြို့ရှောင်လမ်း ဖောက်လုပ်ရာတွင် လယ်ယာမြေပါဝင်သွားသည့် ဒေသခံတောင်သူ လယ်သမားများအား ယမန်နေ့ မွန်းတည့် ၁၂ နာရီ အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ကလိ(တပ်ကလေး) ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၊ စာကြည့်တိုက်၌ တွေ့ဆုံခဲ့ ကြောင်းသိရသည်။
Jan 19, 2020
မော်လမြိုင် ဇန်နဝါရီ ၁၉
မွန်ပြည်နယ် မော်လမြိုင်မြို့ ကမ်းနားလမ်းတွင် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (Culture Show) ယဉ်ကျေးမှု ဖျော်ဖြေရေးများပါဝင်သည့် Mawlamyine Strand Walking Street (မော်လမြိုင်ကမ်းနားလျှောက်လမ်း) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက စည်းကားသိုက် မြိုက်စွာ ကျင်းပခဲ့သည်။
Jan 19, 2020
မြင်းခြံ ဇန်နဝါရီ ၁၉
အီတလီနိုင်ငံ၊ Veneto ဒေသ Porto Viro ခရီးသည် (၄) ဦးပါ စက်ဘီးစီးအဖွဲ့သည် မြင်းခြံမြို့မှ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံညောင်ဦးသို့ ယနေ့ နံနက်(၈:၂၀)နာရီ အချိန်က စတင် ထွက်ခွာ ခဲ့ကြကြောင်း သိရှိရသည်။
Jan 19, 2020
ခိုင်ကမ်း ဇန်နဝါရီ ၁၉
တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့ နေ့လယ် (၁)နာရီအချိန်က ချင်းပြည်နယ်အစိုးရအဖွဲ့ ချင်းပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး သစ်တောနှင့် သတ္တုဝန်ကြီး ဦးမာန်ဟင်းဒါလ်းသည် ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့သည်။
Jan 19, 2020
နေပြည်တော် ဇန်နဝါရီ ၁၈
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာနအောက်ရှိ စာပေဗိမာန်ပြည်သူ့စာကြည့် တိုက်ကို အမှတ် ၅၂၉/ ၅၃၁၊ ကုန်သည်လမ်းနှင့် ၃၇ လမ်းထောင့် ကျောက်တံတားမြို့နယ် စာပေဗိမာန် အဆောက်အဦ၌ ၁၉၅၆ ခုနှစ် မတ် ၁၃ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည်။
‘‘အမှောင်ခွင်း၍ အလင်းဆောင်အံ့’’ ဟူသော စာပေဗိမာန်၏ ဆောင်ပုဒ်နှင့်အညီ နိုင်ငံသားများ အသိဉာဏ်ပညာ တိုးပွားစေရန်နှင့် မြန်မာစာပေ ဖွံ့ဖြိုးမှုအတွက် အထောက်အကူဖြစ်စေရန် စာပေဗိမာန်ပြည်သူ့စာကြည့်တိုက်သည် ကဏ္ဍတစ်ရပ်အနေဖြင့် ဝန်ဆောင်မှုပေးလျက်ရှိသည်။
Jan 19, 2020
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ၂၀၁၆ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု၊ ကဗျာပေါင်းချုပ် ဒုတိယဆုရရှိသည့် စာရေးဆရာ ဆန်လုံးညို၏ “သုံးရာသီသခင်နှင့် မြန်မာ့လယ်ယာ ကဗျာများ” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။
ယင်းစာအုပ်တွင် မြန်မာ့လယ်ယာလုပ်သားများနှင့် ကျေးလက် သဘာဝများကို အလေးထား ဖွဲ့ဆိုထားသော ကဗျာပုဒ်ရေ ၁၀၆ ပုဒ်ပါဝင်ပြီး ကျေးတောသူ ကျေးတောသား တို့၏ ရိုးစင်းလှပသော ချစ်ခြင်းမေတ္တာတရားများကို စာနာမြတ်နိုးဖွယ်ဖြစ်အောင် ရှုထောင့်စုံ၊ မြင်ကွင်းစုံမှ ရေးဖွဲ့ထားသော ကဗျာစာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။