Skip to main content

Jan 17, 2020

ရန်ကုန်  ဇန်နဝါရီ  ၁၆

ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ်အဖြစ် ကဗျာဆရာ၊ စာရေးဆရာအံ့မောင်၏ “အောင်ဆန်း တို့အမေ၊ အောင်ကျော် တို့အမေ” ကဗျာစာအုပ်မိတ်ဆက်ပွဲကို ယမန်နေ့ နံနက် ၁၁ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူ လမ်းရှိ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း (ရုံးချုပ်) ရွှေဥဒေါင်းခန်းမ၌ကျင်းပသည်။

အခမ်းအနားတွင် ဆရာအံ့မောင်က နှုတ်ခွန်းဆက်စကား ပြောကြား၍ သံအမတ်ကြီး(ငြိမ်း) စာရေးဆရာ ဦးမောင်မောင်စိုးတင့်နှင့် ဆရာဂုဏ်ထူး ဦးသိန်းနိုင်တို့က မုဒိတာစကား ပြောကြားကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 17, 2020

နေပြည်တော်  ဇန်နဝါရီ  ၁၆

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပအိုဝ်းငြိမ်းချမ်းရေးအဖွဲ့ (PNO) အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ခမ်းထီနှင့် အဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံ၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 17, 2020

နေပြည်တော် ဇန်နဝါရီ ၁၆

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၀)အပါအဝင် ရက်သတ္တပတ်အတွင်း ခွင့်ပြုပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှုများနှင့် စပ်လျဉ်း၍ သတင်းမီဒီယာများနှင့် တွေ့ဆုံရှင်းလင်းပွဲကို ယနေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 16, 2020

ရန်ကုန်   ဇန်နဝါရီ  ၁၆

မြန်မာ-တရုတ်ယဉ်ကျေးမှု အသင်းက စီစဉ်တင်ဆက်မည့် "နှင်းစက်နဲ့လမ်း" “မြန်မာ့အလှပုံရိပ်" ပန်းချီပြပွဲကြီးတွင် ပန်းချီကားပေါင်း ၁၀ဝ ကျော်ကို ရန်ကုန်မြို့ ပြည်လမ်းရှိ အမျိုးသားပြတိုက်၌ ဇန်နဝါရီ ၂၀ ရက်မှ ၂၂ ရက်အထိ ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပန်းချီပြပွဲနှင့် ပတ်သက်၍ စာနယ်ဇင်းရှင်းပွဲကို ယနေ့မွန်းလွဲ ၂ နာရီက တာမွေမြို့နယ် လေးထောင့်ကန်လမ်း အမှတ် ၁၆၆ Royal Holiday Hotel & Resorts ၌ ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 16, 2020

နေပြည်တော်    ဇန်နဝါရီ   ၁၆

လွှတ်တော်အစည်းအဝေးများကျင်းပရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၁/၂၀၂၀)ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 16, 2020

နေပြည်တော်   ဇန်နဝါရီ  ၁၆

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ Xinhua သတင်းဌာနချုပ်မှ ဒုတိယဥက္ကဋ္ဌဖြစ်သူ  Mr.Liu Siyang နှင့်အဖွဲ့အား ယနေ့ နံနက် ၁၀ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jan 16, 2020

မန္တလေး ဇန်နဝါရီ ၁၆

(၁၈)ကြိမ်မြောက် မန္တလေးမြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်ပြပွဲ၊ ပြိုင်ပွဲဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက မန္တလေးမြို့ရှိ ကန်တော်ကြီးလူထု အပန်းဖြေဉယျာဉ်တွင် ကျင်းပပြုလုပ်ရာ လာရောက်လေ့လာသူများအား သစ်ပင်/ပန်းပင်မျိုးစုံ ပျိုးပင်ပေါင်းသုံးသောင်းအား အခမဲ့ဖြန့်ဝေ ပေးလျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 16, 2020

မော်လမြိုင်  ဇန်နဝါရီ   ၁၆

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ပူးပေါင်းဆောင်ရွက်သည့် လူထုဗဟိုပြုစီမံကိန်းကို မွန်ပြည်နယ်အတွင်းရှိ မြို့နယ်(၁)မြို့နယ်တွင် ထပ်မံတိုးချဲ့အကောင်အထည်ဖော်နိုင်ရေးအတွက်  စီမံကိန်းမြို့နယ်ရွေးချယ်ရေး အကြံဉာဏ်ရယူခြင်းအစည်းအဝေးကို ယနေ့နံနက် ၈ နာရီခွဲက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 16, 2020

မြိတ် ဇန်နဝါရီ ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်းရှိ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ၏ ရွေးကောက်ပွဲ စွမ်းရည်မြှင့် ရက်တိုသင်တန်းကို မြိတ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးတွင် ယနေ့ နံနက်(၉)နာရီ က  ဖွင့်လှစ်ခဲ့သည်။

သင်တန်းကို (၂၀၂၀) ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန် ရည်ရွယ်ချက်ဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်ရှင်နှင့် International IDEA တို့မှ ပူးပေါင်းစီစဉ်မှုဖြင့် မြိတ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်